မထားထားခင်ဟာ မကြာသေးခင်က အတိ အကျပြောရမယ်ဆိုရင် ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ သချင်္ာအဓိကနဲ့ ကျောင်းပြီးထားသူ ဖြစ်ပါတယ်။ ကျောင်းပြီးထားပေမယ့်လည်း မဆုံးနိုင်သေးတဲ့ သင်တန်းတွေ ဆက်တက်လို့ နေရပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရတစ်ယောက်ဖြစ်သွားပေမယ့် အလုပ်အကိုင်ရဖို့က ယောင်ပေယောင်ပေ ဖြစ်နေပါတယ်။
ဒီလိုနဲ့ အလုပ်တခုရယ်လို့ မယ်မယ်ရရ မရသေးခင် စကောလားရှစ်ဆိုတဲ့ လှိုင်းလုံးက သူ့ကိုရိုက်ခတ်လို့ လာပါတော့တယ်။ စကောလားရှစ် ရအောင်ယူပြီး နိုင်ငံခြားပညာသင် သွားမပေါ့။ ဒီလိုလျှောက်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ စုဆောင်းရပါတော့တယ်။ တက္ကသိုလ်ဝင်တန်း ပညာအရည်အချင်း ရမှတ်တွေ၊ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်နဲ့ တတိယနှစ်တွေမှာ ရခဲ့တဲ့ အမှတ်စာရင်း အဆင့်တွေကို တောင်းခံလာတာပါ။
တက္ကသိုလ်ဝင်တန်း အမှတ်တွေက ထုတ်ပြီးသားမို့ burmamoneyပထမနှစ်ကနေ တတိယနှစ်အထိအမှတ်ကို ထုတ်ဖို့ အောက်မြန်မာပြည် တက္ကသိုလ်ရေးရာဌာန အမှတ်စာရင်း ထိန်းသိမ်းသူများထံ သွားရပါတယ်။
သူ့မှာ စကောလားရှစ်လျှောက်ဖို့ အခြားစာရွက်စာတမ်းတွေက အကုန်စုံနေပါပြီ။ ဒီတခုပဲကျန်ပါတော့တယ်။ ဒီတော့ ဌာနရှိရာကိုသွား၊ တာဝန်ရှိသူနဲ့ တွေ့တဲ့အခါ ဖြစ်ပုံက-
ထားထား။ ။ကျွန်မ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ အမှတ်စာရင်းထုတ်ချင်လို့ပါ။
ဝန်ထမ်း။ ။ဘာမေဂျာလဲ။
ထားထား။ ။သချင်္ာပါ။
ဝန်ထမ်း။ ။နှစ်အလိုက်ခုံနံပါတ်တွေပြော၊ ပြီးတော့ ကျောင်းသား ကတ်တွေပေး။(ဆောင့်ကြီးအောင့်ကြီးလေသံနှင့် တဖက်ကလည်း လက်ဖက်ဇွန်းကိုမချ)
ထားထား။ ။အကုန်ပါပါတယ်။ဒီမှာ…၊ဒါနဲ့ အခုရနိုင်မလားအန်တီ။
ဝန်ထမ်း။ ။ဘယ်လိုလုပ်ရမလဲ။ရှာရအုံးမှာ အနည်းဆုံးနှစ်ပတ်လောက်ကြာမယ်။
ထားထား။ ။ဟာ…အဲလောက်တော့မရဘူး။ကျွန်မကစကော်လာတခုလျှောက်ဖို့ ဖောင်ပိတ်ရက်ရောက်ဖို့က သုံးရက်ပဲ လိုတော့တာ။ အဲဒါ အမြန်မရနိုင်ဘူးလား။ (သူက ရိုးသားစွာဖြင့်အရေးကြီးကြောင်း အမှန်အတိုင်း ပြောမိသည်။)
ဝန်ထမ်း။ ။ ဘယ်လိုလုပ်ဖြစ်နို်င်မလဲ။သုံးနှစ်စာတောင် ရှာရမယ့်ဟာ။
ထားထား။ ။ဒါက အန်တီ့ ဆောင်ရွက်ခလေးပါ။(ထားထားတယောက် ငွေတသောင်းကို စက္ကူနဲ့အမြန်ပတ်ပြီး စားပွဲပေါ်ချပေးလိုက်သည်။)
ဝန်ထမ်း။ ။အင်း…. အရေးကြီးရင်လဲ ဒီညဖုန်းဆက်လိုက်။ ရော့ ဖုန်းနံပါတ်ယူသွား။ဝ၉+++++++( ဝန်ထမ်း၏အသံမှာ ခပ်တိုးတိုးမျှသာ)
ထားထား။ ။ဒါဆို မနက်ဖြန်လောက်တော့ရမလား အန်တီ။
ဝန်ထမ်း။ ။ ညည်း ဖောင်ပိတ်ရက်အမီရရမယ် ။ဟုတ်ပြီလား၊ တခြားဖြည့်စရာတွေလည်း အန်တီဖြည့်ပေးထားလိုက်မယ်။
အဲလိုနဲ့ တီးတိုးငွေနဲ့မှ ဝန်ထမ်းရဲ့ အသံတွေ အမူအရာတွေ ပြောင်းသွားပြီး ထားထား ညနေခင်းဖုန်းဆက်လိုက်တဲ့အခါ မနက်ဖြန် ရုံးချိန် ၁ဝ နာရီလောက် အမှတ်စာရင်း လာယူလှည့်လို့ ဆိုပါတယ်။
မှတ်ချက်။ ။အဆိုပါ အမှတ်စာရင်းများ ထုတ်သူရာတွင် မည်သည့် အခကြေးငွေမှ ပေးရန်မလိုလို့ သတ်မှတ်ထားတယ်။ (စာရွက်စာတမ်းကြေး ၂ဝဝမှ ၃ဝဝကျပ်အထိသာ ပေးရန်ရှိပြီး စေတနာရှိက အလှူငွေ ထည့်နိုင်ပါတယ်။)
မထားထားသာ အခုလို ငွေတသောင်းကို ပိုးကနဲ ပက်ကနဲပေးနိုင်တဲ့ အခြေအနေမရှိရင် သူမှန်းတဲ့ စကောလားရှစ်နဲ့ ဝေးရမှာ အမှန်ပါ။
မြန်မာနိုင်ငံမှာ မထားထားလို မဟုတ်တဲ့ လူတန်းစား မိသားစုများစွာ ရှိနေသေးကြောင်း မကြာမီကပင် သမ္မတသစ် ဦးသိန်းစိန်က ယခုလို မိန့်ခွန်းပြောကြား ဝန်ခံသွားခဲ့သေးတယ်။
“မြန်မာနိုင်ငံမှာ ပြည်သူလူထု (အောက်ခြေလူတန်းစားတွေ အများကြီး ဆင်းရဲနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအသစ်အနေနဲ့က အောက်ခြေလူတန်းစားအတွက် အလုပ်တွေ လုပ်ကြရအုံးမှာပါ။ ဒါကြောင့် အစိုးရသစ်တို့ရဲ့ ခံစားခွင့်၊ ရပိုင်ခွင့်တွေကို အရင်အတိုင်းပဲ ထပ်မတိုးသေးပဲ ခံစားကြမယ်လို့” ဆိုတဲ့ စကားလုံးတွေနဲ့ ဝန်ခံသွားခဲ့ပါတယ်။
ဒီလိုလူတန်းစားမိသားစုထဲက တယောက်ကို ပညာသင်ဆု လာပေးခဲ့မယ် ဆိုရင်တောင် တီးတိုးငွေမရှိလို့ လွဲရမှာ အသေအချာပါပဲ။