အသစ်ပြန်လည်ရွေးချယ်သော မွန်အမျိူးသားပါတီ ဗဟိုကော်မတီတွင် အမျိူးသမီးပါဝင်မှုပိုများလာ

အသစ်ပြန်လည်ရွေးချယ်သော မွန်အမျိူးသားပါတီ ဗဟိုကော်မတီတွင် အမျိူးသမီးပါဝင်မှုပိုများလာ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချူပ်တွင် ကျင်းပပြုလုပ်ခဲ့သော မွန်အမျိူးသားပါတီ ညီလာခံ တတိယနေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရွေးချယ်သော မွန်အမျိူးသားပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် အသစ် ၉၃ ဦးအနက် ၁၉ ဦးသည် မွန်အမျိူးသမီးများဖြစ်ကြပြီး အမျိူးသမီးပါဝင်မှုသည် ယခင်ပါတီသက်တမ်းထက် ပို၍ များလာကြောင်း မွန်အမျိူးသားပါတီ အလုပ်အမှှုဆောင် ပြန်ကြားရေးတာဝန်ခံ နိုင်လယီတမားက ပြောသည်။

“အမျိူးသမီးတွေ အရင်ထက်စာရင် ပါလာတယ်၊ အရင်က ၁၀ ဦးလောက်ပဲပါတယ်၊ ဒါဟာ အောက်ခြေအဆင့် ကနေ ရွေးချယ်မှုပဲ ဖြစ်တယ်”ဟု နိုင်လယီတမား က ပြောသည်။

မွန်အမျိုးသားပါတီရှေ့ရုံးမြင်ကွင်း(IMNA)

မွန်အမျိူးသားပါတီညီလာခံ တတိယနေ့တွင် အောက်ခြေအဆင့် ပါတီဝင်များမှ ဒီမိုကရေစီနည်းအရ ဗဟိုကော်မတီဝင်များအား ရွေးချယ်ခဲ့ကြပြီး ပါတီညီလာခံ ၃ရက်သာ ပြုလုပ်မည်ဖြစ်သော်လည်း အချိန် မလုံလောက်သဖြင့် ၄ရက်မြောက်ဖြစ်သော ဇန်နဝါရီလ၃၁ ရက်နေ့တွင် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်များအား ထို ၉၃ ဦးထဲမှ ၃၁ ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပါတီရဲ့ရွေးကောက်ပွဲပာ ဒီမိုကရေစီနည်းကျကျ ပွင့်လင်းမြင်သာစွာနဲ့ ရွေးချယ်ခဲ့တာပါ၊ အခြားပါတီတွေလဲ ကျွန်တော်တို့ ပါတီလို ဒီမိုကရေစီ နည်းအရ လုပ်စေချင်ပါတယ်၊” မွန်အမျိူးသားပါတီ၏ ယခင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

ယခု ရွေးချယ်တင်မြောက်ခံရသော ဗပာိုကော်မတီအဖွဲ့ဝင်များသည် နောင်လာမည့် ၅နှစ်အထိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး နောင်လာမည့် ၅နှစ်မှသာ ပြန်လည်ရွေးချယ်တင်မြောက်သည့် ဒုတိယအကြိမ် ညီလာခံတစ်ရပ်ပြုလုပ်မည် ဖြစ်သည်။

ဇန်နဝါရီလ ၂၈၊ ၂၉၊ ၃၀ ရက်တို့ တွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ် မွန်အမျိူးသားပါတီညီလာခံသို့ ပါတီဝင် ၃၃၀ ကျော် တက်ရောက် မဲပေးခဲ့ကြပြီး ဇန်နဝါရီလ ၃၁ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပွဲပြုလုပ် ကာ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူး နေရာများအား ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်