မွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီး ကျော်အိန်းကွယ်လွန်

မွန်ပြည်သစ်ပါတီ အငြိမ်းစားဗိုလ်မှူးကြီး ကျော်အိန်းကွယ်လွန်
by -
မွန်အေဂျင်စီ

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း အငြိမ်းစားဗိုလ်မှူးကြီးကျော်အိန်း အသက် ၈၄ နှစ်သည် ၂၈ ရက်ည ၈း၂၀ ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးရားကျေးရွာနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

အသုဘအခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့တွင်ပြုလုပ်ကျင်းပခဲ့သည်။

ဗိုလ်မှူးကြီးကျော်အိန်း(ခေါ်) နိုင်ကျော်အိန်းသည် မွန်တော်လှန်ရေးတွင်  ဘဝသက်တမ်း တလျှောက်လုံးမြှုုပ်နှံခဲ့ သူတစ်ဦးဖြစ်ပြီး မွန်အမျိုးသားတပ်မတော်၏ စစ်ရေးအကြံပေးအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်း ဆောင်ခဲ့သူလည်း ဖြစ်သည်။

သူနှင့်အလွန်ရင်းနှီးသူ နိုင်ဒင်က “ဝင်းကရွာဟောင်းမှာ မွန်ပြည်တော်ပြန်တပ်ဖွဲ့ကတည်းက ကျနော်တို့အတူလက်တွဲခဲ့တယ်၊ တိုက်ခိုက်ရေးမှာ သိပ်ကိုအားထားရတဲ့တပ်မှူးတစ်ဦးပဲ” ဟု ပြောသည်။

၁၉၆၀ ခုနှစ်လွန်ကာလ၌ မွန်လက်နက်ကိုင်အဖွဲ့အစည်းတွင် ပြည်တော်ပြန်တပ်ဖွဲ့ လှုပ်ရှားခဲ့ရာတွင် နိုင်ကျော်အိန်း ဦးဆောင်ခဲ့သည်ဟု သိရသည်။

နောက်ပိုင်း၌ ပြည်တော်ပြန်တပ်ဖွဲ့ကိုဖျက်သိမ်းပြီး နိုင်ရွှေကျင်ဦးဆောင်သော မွန်ပြည်သစ်ပါတီသို့ နိုင်ကျော်အိန်း ဝင်ရောက်ခဲ့သည်။

၁၉၈၀ ခုနှစ်နောက်ပိုင်း မွန်ပြည်သစ်ပါတီနှစ်ခြမ်းကွဲသောအခါ နိုင်ရွှေကျင်အဖွဲ့တွင် တပ်မှူးတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဥက္ကဌများဖြစ်ကြသည့် နိုင်ရွှေကျင်နှင့် နိုင်နလ္လာအဖွဲ့ ပြန်လည်ပေါင်း စည်းသောအခါ ၃၃၃ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနောက် ၁၉၈၈ ခုနှစ်ကုန်ပိုင်းတွင် မွန်ပြည်သစ်ပါတီ ပထမအကြိမ် ညီလာခံကျင်းပပြီးနောက် ဗဟိုကော်မတီ ဝင် ရွေးချယ်ခံရပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့ပြီးစစ်ဦးစီး တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀ဝ၆ ခုနှစ်နောက်ပိုင်းတွင် ပါတီမှ အငြိမ်းစားယူပြီး ဗဟိုစစ်ကော်မတီအကြံပေးအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးမိဖြူယဉ်နှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။