ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ခဲမိုင်း အလုပ်သမားများ ဖျားနာကူးစက်ရောဂါကြောင့် အလုပ်စခန်းမှထွက်သွားသူများပြားနေကြောင်းကို ခဲမိုင်းမှပြန်လာသည့် အလုပ်သ မားများထံမှသိရသည်။
လက်ရှိတွင်မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရောဂါဖြစ်ပွား မှု များပြားသဖြင့် ခဲမိုင်းလုပ်သား သုံးပုံ တပုံမှာ အလုပ် ထွက်ကြသည်ဖြစ်ရာ လောလော ဆယ် အလုပ်သမားများလျှော့နည်း လာ သည်ဟု ခဲမိုင်း အလုပ်သမားများက ပြောသည်။
“အလုပ်ခွင်မှာ နေထိုင်စားသောက်မှုတွေကအစ ကျန်းမာရေး အတွက်လုံလောက်တဲ့အကာအကွယ်တွေမရှိလို့ ငှက်ဖျားနဲ့ အခြားကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်လွယ်တယ်”ဟု ခဲမိုင်းလုပ်ငန်းမှပြန်လာသူ မယ် ကသာ ရွာသားတဦးကပြောသည်။
ဘုရားသုံးဆူမြိုးနယ်အတွင်းရှိ ခဲမိုင်းလုပ်ငန်းကုမ္ပဏီများသည် မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများ ကို ပုတ်ပြတ်၊ နေ့စား ငှါးရမ်း ခဲ့ကြသည်ဟု သိရသည်။
ခဲမိုင်းကုမ္ပဏီများမှာ တရုတ်ကုမ္ပဏီများ ထိုင်းကုမ္ပဏီများ၊ တရုတ်မြန်မာဖက်စပ်၊ ထိုင်းမြန်မာဖက်စပ်ကုမ္ပဏီ များဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားရှိ အလုပ်ကွက်များတွင် အခြေချ လုပ်ကိုင် နေကြသည်။
ခဲမိုင်းလုပ်ငန်းခွင်မှာတောတောင်ထဲ ငှက်ဖျားဧရိယာဖြစ်ပွါးမှုနှုန်းများပြားသည့်ဒေသဖြစ်နေ သဖြင့် အလုပ်သမားမိသားစု များအတွင်း ကလေးသူငယ်များ ငှက်ဖျားကူးစက်ကြသည်ဖြစ်ရာ ကျန်းမာရေးပြုစုမှု ရရှိနိုင်သည့် ရွာနှင့် မြို့သို့ ဆေးကုသမှသွားရောက်ခံယူနေရသည်ဟု ပြောသည်။
“ခဲမိုင်းမှာ ဖျားနာတဲ့အခါမှာ ကုမ္ပဏီက ဆေးတချို့ကိုပေးပေမယ့် ရောဂါမသက်သာဘူး၊ ဆရာဝန် နဲ့ပြဖို့ ကိုယ့်စားရိတ်နဲ့ကိုယ်မြို့လာခဲ့တာ ” ဟုဘုရားသုံး ဆူမြို့ နယ် အမှတ် ၄ ခဲမိုင်းတွင်းမှ အလုပ်သမား တဦးက ပြောသည်။
ခဲမိုင်းကုမ္ပဏီအလုပ်ခွင်များမှာပုတ်ပြတ်လုပ်ငန်းများ လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် တနေ့ ထိုင်းဘတ် ၃၀ဝ မှ ရ၀ဝ အထိရရှိသူများ ရှိသလို နေ့စားဖြင့် လုပ်ကိုင်သူများမှာ တစ်နေ့ကိုနေ့တွက် ထိုင်းဘတ် ၁၂၀ သာရရှိ ကြသည်။
“ ထိုင်းကုမ္ပဏီ နဝလပ် ခဲမိုင်းကုမ္ပဏီကတော့ ခဲထုတ်လုပ်ရာမှာ အလုပ်သမားတွေကို ပုတ်ပြတ်မပေးဘူး၊ ကုမ္ပဏီကနေ ဒိုင်နမိုက်ဖေါက်ပြီးတဲ့အခါ ခဲတွေကိုလိုက်ကောက်ခိုင်းတယ် ရသမျှအားလုံးကို ကုမ္ပဏီကို ပေး သွင်းရတယ်၊ အလုပ်သမားတွေကို နေ့တွက် ၁၂၀ ဘတ်ပေးတယ်”ဟု နဝလပ်ကုမ္ပဏီကသယ်ယူပို့ဆောင် ရေး ဝန်ထမ်း နိုင်တာ ကပြောသည်။
“ မိုးတွင်းဖြစ်ပြီး သွားရေးလာရေးခက်ခဲတာ၊ ဖျားနာတာများနေတယ်၊ အထူးသဖြင့်ငှက်ဖျားဖြစ်ကြတာ ကြောင့်အလုပ် သမား တော်တော်လျော့သွားတယ်”ဟု သူကဆက်ပြောသည်။
ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား ခဲမိုင်းလုပ်ကွက် (၅)ကွက်ရှိပြီး ၄င်းလုပ် ကွက်အသီးသီးတွင်ပြည်ပကုမ္ပဏီများ၊ ပြည်ပနှင့်မြန်မာဖက်စပ်ကုမ္ပဏီများဖြစ်ပြီး ၄င်းကုမ္ပဏီများ သည် ခဲမဖြူ၊ အဖြိုက်နက်နှင့် ခနောက်စိမ်းအမျိုးအစား ခဲအမျိုးမျိုးကို ထုတ်လုပ်နေကြသည်။ခဲမိုင်းလုပ်ငန်းတွင် မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမား ရာချီအလုပ်လုပ်နေကြသည်ဟု နယ်စပ်ဘုရားသုံးဆူမြို့မှစီးပွားရေး လုပ် ငန်းရှင်များထံမှ သိရသည်။