သံဖြူဇရပ်မြို့ လူမှုပရဟိတအသင်းမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သံဖြူဇရပ်မြို့ လူမှုပရဟိတအသင်းမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ် သံဖြူဇရပ်မြို့ လူမှုပရဟိတ အသင်း၏ အလုပ်ရုံဆွေးနွေးပွဲကို ဇီဝိတဒါနဆေးရုံ၌ မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များက ကျင်းပခဲ့ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ၄ နာရီ အထိ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လူမှုပရဟိတအသင်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးခဲ့စဉ် (သံဖြူဇရပ်မြို့"ပုညသဟာယ လူငယ်အဖွဲ့") Facebook

ဆွေးနွေးပွဲသို့ ဇီဝိတဒါနဆေးရုံဝန်ထမ်းများ World Vision၊ IOM ၊ Light House(IT group)၊ ဟိတကာရီ ကျန်းမာရေးဖောင်ဒေးရှင်း၊ ပုညသဟာယအဖွဲ့၊ ဟံသာဝတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ဥတ္တရအလင်း စာကြည့်တိုက်၊ ဂရုဏာရက္ခိတအဖွဲ့ (ဝဲကလိရွာ)၊ ဒါနပါရမီအဖွဲ့(နှစ်ကိုင်းရွာ)၊ မြတ်ပါရမီအဖွဲ့၊ လူငယ်တံခွန်(စက်စဲ) လူမှုပရဟိတအသင်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် စိတ်ပါဝင်စားသူ ၃၄ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်သူ လူငယ်များမှ လူမှုပရဟိတ လုပ်ငန်းများပူးပေါင်း လက်တွဲဆောင်ရွက်နိုင်ရန် သဘောတူခဲ့ကြသလို လိပ်စာများ အပြန်အလှန် ဖလှယ်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရန် ရှိပါက  ဖိတ်ခေါ်အကြောင်းကြားမည်ဟု ဟိတကာရီ ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့မှ ကိုယ်စားပြုပြောကြားခဲ့သည်။

ဆွေးနွေးပွဲအတွက် နံနက်စာကို သံဖြူဇရပ်မြို့မှ အလှူရှင် ကိုရဲမာန်ငယ် (ကိုမစ်လဘက်ရည်ဆိုင်)မှ ဧည့်ခံကျွေမွေးခဲ့သည်။

ထို့အပြင် နေ့လည်စာအတွက် (ငွေမိုးဆေးဆိုင် ၊ ပွင့်သစ်ထွန်း ပရိဘောဂဆိုင် ၊ ဦးအောင်ဝင်း (ပါရှုပ်) ၊ ဦးအောင်သူဟိန်း ၊ ဦးရဲမွန် ၊ ဗိုလ်ကြီး (ငြိမ်း) တစ်ဦးမှ စုပေါင်းကျွေးမွေးခဲ့ပြီး ဟိတကာရီဖောင်ဒေးရှင်း (ဇီဝိတဒါန) မှ ညနေပိုင်းတွင် အချိုရည်နှင့်မုန့်ဖြင့် သင်တန်းပြီးဆုံးချိန်အထိ ကျွေးမွေးခဲ့သည်ဟု မင်းဗညားထောလေးက ဟြေသည်။

ယခုလို ဆွေးနွေးပွဲပြုလုပ်ခြင်းသည် အသင်းအဖွဲ့တစ်ခုက ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ ပြင်ပ အလွတ် သဘောခင်မင်ရာကနေ network ချိတ်မိအောင် အသင်းဖွဲ့စည်းပုံ စီမံခန့်ခွဲမှုကို ဆွေးနွးပွဲပြုလုပ်ရခြင်းဖြစ် သည်။

Most read this week