ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းတလျှောက် ကား စတင်ပြေးဆွဲ ခွင့်ရ

ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းတလျှောက် ကား စတင်ပြေးဆွဲ ခွင့်ရ
by -
ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ သံဖြူဇရပ် ကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တို့မှ ယနေ့ ကားများစတင်ပြေးဆွဲ ခွင့်ပြုလိုက်ပြီးဖြစ်သည်။

ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တို့မှ ယနေ့ ကားများစတင်ပြေးဆွဲခွင့်ပြုလိုက်ပြီးဖြစ်သည်။

“ဒီနှစ်ကားပြေးဆွဲခွင့်ရဖို့အတွက် နှစ်စဉ်ကြေးကို ကျွန်းချောင်းမှာရှိတဲ့ ကေအဲန်ယူတွေကို ကျနော်တို့ ဒီနေ့ သွားပေးတယ်” ဟု ဘုရားသုံးဆူမြို့ရှိ ကားသမားတဦးက ပြောသည်။
ttp_bur_border_track-300x168
၂၀၁၂ ခုနှစ်၊ နှစ်စဉ်ကြေးအတွက် ကားတစီးလျှင် ထိုင်းဘတ်ငွေ ၁၁၃၀၀ ဖြင့် နယ်မြေခံကေအဲန်ယူ တပ်မဟာ (၆) ထံ ပေးဆောင်ပြီးမှသာ ကားပြေးဆွဲခွင့်ရကြောင်း အဆိုပါ ကားသမားက ပြောသည်။

ယမန်နှစ်တွင် နှစ်စဉ်ကြေးကို ကားတစီးလျှင် ထိုင်းဘတ်ငွေ ၁၀၃၀၀ နှင့် ဆန်တအိတ်နှုန်းဖြင့် ကေအဲယူတို့က ကောက်ခံခဲ့သည်။

မိုးရာသီကာလအတွင်း အသုံးပြုခဲ့သည့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးကို ဒီဇင်ဘာ ၆ ရက်နေ့မှစ၍ ကေအဲန်ယူတို့မှ ပိတ်သွားမည်ဖြစ်ကြောင်း ကေအန်ယူနှင့်နီးစပ်သည့် ကားသမားတဦးက ပြောသည်။

ကားများစတင်ပြေးဆွဲနေပြီးဖြစ်သည့်အတွက် ဘုရားသုံးဆူ-သံဖြူဇရပ်သို့ရောက်ရှိရန် ကားခခရီးသည် တဦးလျှင် ကျပ်ငွေ ၅ သောင်းကောက်ခံနေပြီး ဆိုင်ကယ်ဖြင့် တဦးလျှင် ငွေကျပ် ၆ သောင်းကောက်ခံနေ သည်ဟုလည်း သူကပြောသည်။

ယခုနှစ်အတွက် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းတလျှောက်တွင် ဖြတ်ကျော်ဝါးတားဂိတ်ပေါင်း ၃၃ ဂိတ်ရှိကြောင်း ကားသမားအသိုင်းအဝိုင်းက ပြောသည်။

ထိုဂိတ်များတွင် နယ်မြေခံအစိုးရတပ်ရင်း၊ ရဲ၊ ပြည်သူ့စစ်၊ လဝက စသည့်လက်နက်ကိုင်ဝန်ထမ်းများ၊ အပစ်ရပ်စဲထားသည့် ဒီကေဘီအေ၊ အပစ်ရပ်ပျက်ပြယ်ခဲ့သည့် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူတပ်ဖွဲ့ များနှင့် သံဖြူဇရပ်မြို့အဝင်တွင်လည်း စစ်တပ်၊ ရဲ နှင့် ဝန်ထမ်းပေါင်းစုံ-စုပေါင်းဂိတ်အသီးသီးတို့က ၄င်းတို့စိတ်ကြိုက်ဂိတ်ကြေးသတ်မှတ်ကာ တရားဝင်ကဲ့သို့ ကောက်ခံနေခြင်းဖြစ်သည်။

ထိုင်းနယ်မြေနှင့်ထိစပ်နေသည့် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်ကားလမ်းအထိ မိုင် ၆၀ နီးပါး ကွာဝေးပြီး လမ်းမပေါ်တလျှောက် သုံးပုံနှစ်ပုံခန့်မှာ ကေအဲန်ယူတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်။