ဒေသခံတို့၏ရာဘာခြံများကို တပ်မြေအဖြစ် သိမ်းယူမည်ဟု စီစဉ်နေ

ဒေသခံတို့၏ရာဘာခြံများကို တပ်မြေအဖြစ် သိမ်းယူမည်ဟု စီစဉ်နေ
by -
မင်းသုတ

မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ-ရေးကားလမ်း ပေါ် ဘုရားသုံးဆူလမ်းခွဲတဝိုက်ရှိ ဒေသခံတို့၏ ရာဘာခြံများကို တပ်မြေအဖြစ်သိမ်းယူရန်စီစဉ် နေသည်ဟု ခြံပိုင်ရှင်များထံမှသိရသည်။

သက်ဆိုင်ရာမြေစာရင်းဌာနမှ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌ ပဏာမတိုင်းတာမှုများပြုလုပ်ခဲ့သည်ဟု ခြံပိုင်ရှင်များပြောသည်။

“သက်ဆိုင်ရာက ဘာလုပ်မယ်လို့မပြောဘူး၊ သတင်းပြန့်နေတာက ဒီနေရာကိုစစ်တပ်လာထိုင်မယ်လို့ ပြောနေကြတယ်၊ ဒီခြံတွေကိုရောင်းတဲ့လူရှိတယ် ဒါပေမယ့်ဝယ်သူမရှိတော့ဘူး” ဟု ခြံပိုင်ရှင် နိုင်မြင့် (အမည်ရင်းမဟုတ်) က ပြောသည်။

အဆိုပါမြေတိုင်းတိုင်းထွာမှုများနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ်မြေစာရင်းရုံးမှတစုံတရာရှင်းလင်းပြော ဆိုခြင်း မပြုနိုင်ကြောင်း တယ်လီဖုန်းမှငြင်းပယ်ခဲ့သည်။

လက်ရှိတွင် နယ်မြေခံမြန်မာစစ်တပ်မှ ရှေ့တန်းလုံခြုံရေးကင်းတဲအချို့ ပြုလုပ်ထားလျှက်ရှိကို သံဖြူဇရပ်-ရေးကားလမ်းမပေါ်မှ မြင်တွေ့နေရသည်။ (ဓါတ်ပုံသတင်းပါအတိုင်း)

အဆိုပါတပ်မြေအဖြစ်သိမ်းပိုက်မည့်မြေဧရိယာမှာ ခြံ ၆၀၀ ဧကကျော်ရှိလိမ့်မည်ဟု သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

“ကားလမ်းမကြီးတလျှောက် ရာဘာပင်တစ်ပင် လက်ရှိပေါက်စျေးက ကျပ်ငါးသောင်း နီးပါးရှိနေတယ်၊ အတွင်းပိုင်းခေါင်နေတဲ့ခြံတွေကျတော့ ရာဘာပင်တစ်ပင်ကို အနည်းဆုံး ကျပ်တစ်သောင်းနှုန်း ရှိတယ်” ဟု ရာဘာခြံပိုင်ရှင် နိုင်အေးမောင် (အမည်ရင်းမဟုတ်) က ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာခြံစျေးအမြင့်ဆုံးမှာ သံဖြူဇရပ်မြို့နယ်ဟုသိရပြီး ရာဘာခြံစျေးကိုအပင်အရေ အတွက်ဖြင့် သတ်မှတ်ရောင်းချနေကြသည်။

ပုံမှန်အားဖြင့် တစ်ဧကတွင် ရာဘာ ၂၂၀ ပင်အကွက်ချ၍ စိုက်ပျိုးလေ့ရှိသည်ဟုအငြိမ်းစားမြို့နယ်ခြံစိုက် မန်နေဂျာတစ်ဦးက ပြောသည်။

ယခုခြံမြေသိမ်းပိုက်မှုများကိစ္စအား မွန်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ အနီးကပ်စောင့်ကြည့်နေသည်ဟုသိရ သည်။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအပစ်ရပ်စဲသည့်ကာလများ၌ ရေးမြို့နယ်တဝိုက်တွင်ဥယျာဉ်ခြံမြေဧကထောင် ကျော် မြန်မာစစ်တပ်မှတပ်ပိုင်မြေအဖြစ်သိမ်းပိုက်ယူပြီး တပ်ရင်း ၁၀ ရင်းထက်မနည်းထပ်မံတိုးချလာခဲ့ရာ တွင် မည်သူမှလျှော်ကြေးမရကြပေ။