လစာတိုးရန် ဘုရားသုံးဆူဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆို

လစာတိုးရန် ဘုရားသုံးဆူဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆို
by -
ဂျူရီချိုင်း

ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့ နယ်၊ ဘုရားသုံးဆူရွာ (ထိုင်းနိုင်ငံ) တွင်ဖိနပ် စက်ရုံအလုပ်သမား ၂၀၀၀ ကျော်ခန့်လုပ်အား ခတိုးမြှင့်ပေးရန် ယနေ့မွန်းလွဲပိုင်း ထိုင်းစံတော်ချိန် ၂ နာရီခန့်၌ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ ကြောင်း သိရသည်။

“အလုပ်သမားတွေက အခုကုန်စျေးနှုန်းတွေတက်နေတဲ့အတွက် တစ်နေ့ဘတ် ၂၀ တိုးပေးဖို့အလုပ်ရှင် ကိုပြောတာ ဘတ် ၁၀ ပဲတိုးပေးမယ်၊ မပြေလည်ဘူး၊ စက်ရုံကို ၂ ရက်ပိတ်မယ်လို့ အလုပ်ရှင်ဖက်က ပြောတယ်” ဟု ကြားဝင်ဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။
thr_p_d_migr_worker
အဆိုပါဆန္ဒပြဖိနပ်စက်ရုံအလုပ်သမားများ ၂၀၀၀ ကျော်ခန့်မှာ Basani ဖိနပ်စက်ရုံကြီး၏အလုပ်ရှင်ထံ အဓိကတောင်းဆိုခြင်းဖြစ်ပြီး အခြားဖိနပ်စက်ရုံ ၃ ရုံမှအလုပ်သမားများလည်းသက်ဆိုင်ရာအလုပ်ရှင်များ ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်မှုအလိုက် အလုပ်သမားတစ်ဦး တနေ့လျှင် အလုပ်ချိန်ပုံမှန် ၁၀ နာရီအတွက် အလုပ်လုပ်ခ ဘတ် ရ၀ မှ ၁၁၅ အထိသာ ရရှိကြပြီး အချိန်ပိုအလုပ်လုပ်ခမှာ နာရီအလိုက် ၂ ဆခန့်ရရှိသည်။

“အခုကုန်စျေးနှုန်းနဲ့ဆို စားမလောက်တော့ဘူး၊ တန်းလျားငှားခ၊ နေ့စဉ်နယ်ခြားဂိတ်ဖြတ်ရင်မြန်မာနယ် စပ်ဖွံ့ဖြိုးရေးအဖွဲ့ကို တယောက် ၅ ဘတ်ပေးနေရ၊ ကြိုပို့ကားချိန်နဲ့မတိုက်ဆိုင်ရင် တက္ကစီဆိုင်ကယ်ငှားစီ ၁၀ ဘတ်၊ ဟိုစရိတ်ဒီစရိတ်နဲ့ မလောက်ငှကြတော့လို့ ကျမတို့ လုပ်အားခတိုးပေးဖို့တောင်းဆိုတာဖြစ ်တယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မစိုးစိုးက ပြောသည်။

ဖိနပ်ရုံမှ အလုပ်သမားများ ဆန္ဒပြတောင်းဆိုခဲ့သည့်အတွက် အလုပ်ရှင်များက ယနေ့မှစတင်ပြီး၎င်းအလုပ်ရုံ ကို ၂ ရက်အတွင်း ပိတ်သွားမည်ဖြစ်ကြောင်း ကျန်ရှိနေသည့် အလုပ်ရုံများလည်း ပိတ်သွားခဲ့သည်ဟု သူမက ပြောသည်။

ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာတွင် ဖိနပ်စက်ရုံနှင့် အထည်ချုပ်စက်ရုံအပါအဝင် အလုပ်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံ၊ ဘုရားသုံးဆူရွာ အလုပ်ရုံများသို့နေ့စဉ်သွားရောက်လုပ် ကိုင်နေသူ မြန်မာနေ့စားအလုပ်သမား ၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။