လပြည့်နေ့ ဆွမ်းလောင်းပွဲ သုံးဆူဥက္ကဋ္ဌမှ ပိတ်ပင်

လပြည့်နေ့ ဆွမ်းလောင်းပွဲ သုံးဆူဥက္ကဋ္ဌမှ ပိတ်ပင်
by -
သူရိန်

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ လူစုလူဝေး မလုပ်ရ ဟူသော မယက အမိန့်ကြောင့် ယခုလ ၂၂ ရက်နေ့တွင် ကျင်းပမည့် မြို့လုံးကျွတ်ဆွမ်းကြီးလောင်လှူပွဲ မလုပ်ရန် မယကမှ ...

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ လူစုလူဝေး မလုပ်ရ ဟူသော မယက အမိန့်ကြောင့် ယခုလ ၂၂ ရက်နေ့တွင် ကျင်းပမည့် မြို့လုံးကျွတ်ဆွမ်းကြီးလောင်လှူပွဲ မလုပ်ရန် မယကမှ ပိတ်ပင်လိုက်သည်။

“ရွေးကောက်ပွဲ မတိုင်ခင် လူစုလူဝေး ပြုလုပ်ရတဲ့ ပွဲလမ်းသဘင်တွေကို လုံးဝ ခွင့်မပြုဘူး။ ဒီနှစ် ဆွမ်းလောင်ပွဲလည်း မရှိတော့ဘူး” ဟု သုံးဆူမြို့နယ် ဥက္ကဋ္ဌ အဖွဲ့ဝင်တို့က ပြောသည်။

သုံးဆူမြို့ လုံးကျွတ်ဆွမ်းကြီးလောင်လှူပွဲတွင် ဘုန်းကြီးကျောင်းပေါင်း ၈၀ ကျော်မှ သံဃာတော်များအား ပြည်သူတို့အား ၎င်းတို့ ချွေနည်းစာဖြင့် တစ်နှစ် တစ်ကြိမ် ဆွမ်းဆန်စိမ်လောင်း လှူကြမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ၎င်းတို့ အလှူကို ပိတ်ပင်လိုက်သောကြောင့် စိတ်မချမ်းမသာ ဖြစ်နေကြသည်။

မြို့လုံးကျွတ်ဆွမ်းလောင်ပွဲတော်ကို မယက ဥက္ကဋ္ဌနှင့် ဂေါပက အဖွဲ့တို့မှ ဦးဆောင်ကျင်းပပေးပြီး ၎င်းတို့မှ ဘာကြောင့် မလုပ်ပေးသည့်အတွက် ဆွမ်းလောင်ရန် လျာထားသည့် အလှူရှင်များ စိတ်ဆိုးနေကြသည်။ ၎င်းတို့သည် ဆွမ်းလောင်ဝတ်စုံများ ပြင်ဆင်ချုပ်ထားပြီး ဖြစ်သည့်အတွက် ရွေးကောက်ပွဲ မတိုင်မီ မလုပ်ပေးသောကြောင့် စိတ်မချမ်းမသာ ဖြစ်ကြသည်။

သုံးဆူဒေသခံ တစ်ဦးက “သံဃာတော် အရေးနဲ့ ပြည်သူ့အရေးကို ပိတ်ပင်ထားတယ်။ ကြံ့ဖွံ့တွေလည်း ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေတော့ ဒီအရေးတွေကြောင့် သူတို့အတွက် အခက်အခဲ ဖြစ်သွားမှာ စိုးရိမ်းတယ်လေ” ဟု ပြောသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပရန် မြို့နယ်ဥက္ကဋ္ဌမှ ပိတ်ပင်သော်လည်း မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့လုံးကျွတ်ဆွမ်းကြီးလောင်းလှူပွဲအတွက် စေတနာအလျောက် ထည့်သွင်းကြရန် အိမ်တိုင်းအိမ်တိုင်း၌ အလှူခံလျက်ရှိသည်ဟု မုဒုံမြို့သူ တစ်ဦးက ပြောသည်။