အလုပ်လက်မဲ့ ဖြစ်နေသော မိန်းကလေးများ ကိုယ့်ဘဝကို ပြန်ရောင်းစားနေရ

အလုပ်လက်မဲ့ ဖြစ်နေသော မိန်းကလေးများ ကိုယ့်ဘဝကို ပြန်ရောင်းစားနေရ
by -
နိုင်မာန်၊ မင်းအာသံ
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရပ်ကွက်တွေမှာ နေထိုင်သည့် မိန်းကလေးအချို့ အလုပ်လက်မဲ့မှုကြောင့် ညပိုင်း ရ နာရီမှ ၁၀ နာရီအကြာ ၄င်းတို့က  လမ်းမကြီးပေါ် ထွက်လျှောက်ပြီး၊ ကိုယ့်ကိုယ်ကို အဓိပ္ပာယ်မဲ့ ...

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရပ်ကွက်တွေမှာ နေထိုင်သည့် မိန်းကလေးအချို့ အလုပ်လက်မဲ့မှုကြောင့် ညပိုင်း ရ နာရီမှ ၁၀ နာရီအကြာ ၄င်းတို့က  လမ်းမကြီးပေါ် ထွက်လျှောက်ပြီး၊ ကိုယ့်ကိုယ်ကို အဓိပ္ပာယ်မဲ့နေသကဲ့သို့ အခြားသူတွေထံ တဖန်ပြန်ပြီး၊ ရောင်းစားနေရသည်ဟု တာမွေရပ်ကွက်သား တစ်ဦးထံမှ သိရသည်။

၄င်း၏ပြောဆိုချက်အရ “ညပိုင်းဆို ဘယ်က မိန်းကလေးမှန် းမသိဘူး၊ လမ်းပေါ်မှာဆို အများကြီးပဲ၊ အကယ်၍ ယောကျာ်းလေးတွေ လာခေါ်ရင် လိုက်သွားကြတယ်၊ ဒါပေမယ့် ည ၁၀ နာရီကျော်သွားရင် တစ်ယောက်မှ မတွေ့တော့ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စားသောက်ဆိုင်၊  Night club နှင့် massage စသည့်ဆိုင်တွေမှာ လုပ်ကိုင်နေကြသည့် မိန်းကလေးသည် နယ်ဒေသအသီးသီးမှလာသူများသာမက ရန်ကုန်သူများလည်းပါရှိနေကြောင်း ကျောက်မြောင်းရပ်ကွက်အတွင်းရှိ massage ဆိုင်မှာ အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

“ကျမ ဒီဆိုင်မှာ လုပ်တာ နှစ်နှစ်ရှိနေပြီး၊ section ကြေး တစ်နာရီကို ၃၀၀၀ ကျတယ်၊ ကိုယ့်ဆီလာရင် ကိုယ်က ၅၀၀ ရတယ်၊ ကျန်တဲ့ ၂၅၀၀ တော့ ဆိုင်ရှင်ရတယ်၊ လခတော့ တစ်လကို ၃၀၀၀၀ လောက် ရတယ်၊ ဒါပေမယ့် ကိုယ်နဲ့ဝင်တဲ့သူက ကိုယ့်ကိုယ် မုန့်ဖိုးပေးရင် သရေစာရတယ်ပေါ့” ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ မိန်းကလေးများ အလုပ်လက်မဲ့မှုကြောင့် ကိုယ့်ကိုကိုယ်ရောင်းစားနေရသည့်ဘဝမှာ ရန်ကုန်မြို့ကြီးမှာသာမက မော်လမြိုင်မြို့ပေါ်ရှိ တချို့ရပ်ကွက်တွေမှာလည်း မိန်းကလေးအချို့ အလုပ်လက်မဲ့ဖြစ်နေသောကြောင့် ကိုယ့်ကိုကိုယ် ရောင်းစားရသည့်အလုပ်ဖြင့် ဝင်ငွေရှာနေရကြောင်း သီရိမြိုင်မှ ဆရာဝန်တစ်ဦးက ပြောသည်။

“အလို ကိုယ့်ကိုကိုယ် လိုက်လံရောင်းစားနေတဲ့ မိန်းကလေးတော်တော်များများဟာ မော်လမြိုင်မှာဆိုရင် သီရိမြိုင်၊ စာရေးကြီးကုန်းလို ရပ်ကွက်တွေမှာများတယ်၊ သူတို့တွေက အသက် (၂၅) နှစ်လောက်ပဲရှိသေးတယ်၊ ၅ ယောက်လောက်စုပြီးတော့ အိမ်ငှားပြီး နေနေကြတယ်” ဟု ၄င်းက ပြောသည်။

၄င်းက “ကျနော် အခုလိုသိတယ်ဆိုတာက သူတို့တွေ ကျနော့်ဆိုင်မှာ ချောင်းဆိုးပျောက်ဆေးတို့၊ ကိုယ်လက်အကိုက်အခဲဆေးတွေ လာဝယ်နေကြတယ်၊ တစ်ခါတစ်ခါ လာဝယ်ရင် (၃၀-၄၀) ခွက် လောက် ဝယ်သွားကြတယ်၊ ဒီလိုမျိုးလာဝယ်တာ ခဏခဏပဲ” ဟု ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်၌ ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ massage ဆိုင်အစရှိသည့် ဆိုင်ခန်းများမှာ လုပ်ကိုင်နေကြသည့် မိန်းကလေးအများစုမှာ အထက်မြန်မာပြည်မှ လာသောသူများဖြစ်ကြောင်းလည်း သိရသည်။ ယခုကဲ့သို့ ရရာအလုပ်ဖြင့် လုပ်ကိုင်နေရခြင်းသည် ၄င်းတို့ ဘဝရှေ့ရေးအတွက် တင့်တော်သည့်အလုပ် ဝင်ရောက်လုပ်ကိုင်ရရှိရန် ခက်လှပေသောကြောင့် ဖြစ်သည်။

မြန်မာပြည်မှာရှိသော မိန်းကလေးများသည် အခြေနေမျိုးစုံနှင့် ရင်ဆိုင်နေရပြီး၊ အချို့သော မိန်းကလေးများ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ဖြစ်သွားခြင်း၊ မိသားစုဝင်အတွက် ရုန်းကန်လုပ်ကိုင်နေရခြင်းစသည့် လုပ်ရပ်ကြောင့် အချို့သော မိန်းကလေးတို့က ပြည့်တန်ဆာဘဝထဲသို့ ဝင်ရောက်ဘဝနစ်မြုပ်ခဲ့ရကြောင်း အဆိုပါဆရာဝန်က ဆက်ပြောသည်။

အလုပ်လက်မဲ့ဖြစ်ပြီး ကိုယ့်ဘဝကို သူများထံ တဖန်ပြန်ရောင်းစားနေရသော မိန်းကလေးများသည် ရန်ကုန်၊ မော်လမြိုင်လို မြို့ကြီးမှာသာမက အခြားသောမြို့နယ်များဖြစ်သည့် ရေး၊ သံဖြူဇရပ်နှင့် မုဒုံ စသည့်မြို့နယ်များရှိ အအက်ကာရာအိုကေဆိုင်မှာလည်း  ရှိနေကြောင်း မော်လမြိုင်မြို့မှ လူငယ်တစ်ဦးက ပြောသည်။

စားသောက်ဆိုင်မှာ ဝင်ရောက်အလုပ်လုပ်နေကြသည့် မိန်းကလေးတို့သည် ဧည့်ရိပ်ကြိုအလုပ်သာ လုပ်ရမည်ဟု ဆိုင်ရှင်မှ ပြောကြားထားသော်လည်း အကယ်၍ စားသောက်သည့်အချိန်မှာ ယောကျာ်းလေးတွေနှင့် သဘောတူလာခဲ့တည်ရှိသော် သူတို့ခေါ်ရာကို လိုက်ပါသွားရသည်ဟု သိရသည်။

Most read this week