၁၈ နှစ်အောက်ကလေးများ စစ်သားအသစ်အဖြစ် စုဆောင်းခြင်းခံရ

၁၈ နှစ်အောက်ကလေးများ စစ်သားအသစ်အဖြစ် စုဆောင်းခြင်းခံရ
အရွယ်မရောက်သော ၁၈ နှစ်အောက်ကလေးငယ်များ မွန်ပြည်နယ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်သားအသစ်အဖြစ် စုဆောင်းခြင်းခံရသည်ဟု စစ်ဌာနချုပ်နှင့် နီးစပ်သူတို့ထံမှ သိရ ...

အရွယ်မရောက်သော ၁၈ နှစ်အောက်ကလေးငယ်များ မွန်ပြည်နယ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်သားအသစ်အဖြစ် စုဆောင်းခြင်းခံရသည်ဟု စစ်ဌာနချုပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်သားအသစ်အဖြင့် စုဆောင်းခြင်ခံရသော ကလေးများသည် အသက် ၁၄ နှစ်ခန့်ရှိပြီး ၄င်းတို့မှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု ကလေးနှင့် နီးစပ်သူမှ သိရသည်။

“တိုင်းဌာနချုပ်မှာ ကလေးတွေကို ပွဲစားလွှတ်ပြီး ပေးရှာခိုင်းတယ်။ ကလေးတစ်ယောက်ကို ၂ သိန်းပေးပြီး ပွဲစားတွေက ခေါ်လာတယ်၊ ကလေးရဲ့ မိဘတွေက ဆင်းရဲပြီး ပိုက်ဆံမရှိလို့ အခုလိုရောင်းလိုက်တာ၊ ကလေးမိဘတွက ပိုက်ဆံရပြီး မိမိသားလည်း စစ်သားဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ရောင်းလိုက်တာ” ဟု စစ်ဌာနချုပ်မှ တပ်သားတစ်ဦး၏ ပြောပြချက်အရသိရသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ပွဲစားနှင့် ကလေးစစ်သား စုဆောင်းခဲ့ပြီး တစ်လလျင် ကလေး ၂ ယောက် ရရှိရန်ညွန်းကြားထားခဲ့သည်ဟု ၄င်းတပ်သားက ပြောသည်။

မော်လမြိုင်မြို့ရှိ မြေနီကုန်း၊ မြိုင်သာယာ ရပ်ကွက်တွင်လည်း အရှေ့တောင်တိုင်း စစ်တပ်မှ လမ်းပေါ်မှ လျေက်သွားနေသည် ကလေး ၁၀ ယောက်ခန့်ကို ခေါ်ယူပြီး စစ်သားအသစ်ဖြင့် စုဆောင်းခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရသိရသည်။

ကလေးများအတွက် ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမှတ် ၁၈၈၂ ကို သြဂုတ်လ ၄ ရက်နေ့က ချမှတ်လိုက်သည်။ ၄င် ဆုံးဖြတ်ချက်သည် လက်နက်ကိုင် ပဋိပက္ခမှာရောက်နေသည့် ကလေးတွေကို သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်ခြင်း၊လူသားချင်း စာနာထေက်ထားမှု နှင့်ပေးသည့် အကူအညီတွေကို တာမြစ်ခြင်းနှင့် ကလေးစစ်သား အသုံးပြုတာက နိုင်ငံတာကဥပဒေတွေကို ချိုးဖောက်တာ ဖြစ်သည့် ဖော်ပြထားသည်။

၄င်းဆုံးဖြတ်ချက်သည် ယခုရှိပြီးသား ကုလသမဂ္ဂ၏  ယခင်ရှိပြီးသား ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ ထက် ပိုပြည်စုံပြီး ထိုဆုံးဖြတ်ချက်ကိုလူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းတွေက ကြိုဆိုကြောင်း ပြင်ပ သတင်းမီဒီယာဌာနတွေမှာ ရေးသားဖော်ပြထားသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် ရိုးမ သတင်စာဌာနမှ “မြန်မာသားကောင်းများ ဝမ်းနည်းဖွယ်ရာ ကလေးစစ်သာများ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။မြန်မာစစ်အစိုးရ၏ စစ်အင်အားပြည့်မီရေး စီမံချက်ကြောင်း ကလေးငယ်များက ယခုလို စစ်သားအသစ် စုဆောင်းခြင်းခံရသည်ဟု သိရသည်။ မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် စစ်အင်အား (၅) သိန်း ပြည့်မီရန် စီမံချက်တစ်ခုချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းစစ်ဌာနချုပ် ၁၃ ခု၊ တပ်မဌာနချုပ် ၁၁ ခု၊ စကခ ၂၁ ခုရှိသည်။  ခြေလျင်၊ ခြေမြန် တပ်ရင်းပေါင်း ၅၀၀ ကျော်မှ တပ်ရင်းတရင်းလျင် တစ်လ ပျမ်းမျ ကလေး အယောက် ၂၀ မှ ၃၀ ဦးအထိ တပ်တွင်းမှ စစ်သားများ ထွက်ပြေးလျက်ရှိကြောင်း ရိုးမ သတင်းဌာန အစီရင်ခံစာတွင်ဖော်ပြထားသည်။