လယ်သမားများထံ ငွေကြေးကောက်ခံနေသော အဖွဲ့သည် သူတို့တပ်ဖွဲ့မှ မဟုတ်ကြောင်း နိုင်အောင်နိုင် ငြင်းဆို

လယ်သမားများထံ ငွေကြေးကောက်ခံနေသော အဖွဲ့သည် သူတို့တပ်ဖွဲ့မှ မဟုတ်ကြောင်း နိုင်အောင်နိုင် ငြင်းဆို
by -
ရိုင်မရော့
မုဒုံမြို့နယ်အတွင်းမှ ဖြတ်ပိုင်းနှင့်တကွ ငွေကြေးကောက်ခံနေသည့်အဖွဲ့ သည် ဒေသခံလယ်သမားတို့၏ ထင်မြင်ချက်အရ နိုင်အောင်နိုင်ဦးဆောင် သည့်တပ်ဖွဲ့မှဖြစ်ကြောင်း သတင်းထွက်ပေါ်နေ ...

မုဒုံမြို့နယ်အတွင်းမှ ဖြတ်ပိုင်းနှင့်တကွ ငွေကြေးကောက်ခံနေသည့်အဖွဲ့ သည် ဒေသခံလယ်သမားတို့၏ ထင်မြင်ချက်အရ နိုင်အောင်နိုင်ဦးဆောင် သည့်တပ်ဖွဲ့မှဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်ကို ၄င်းတို့အဖွဲ့မဟုတ် ကြောင်း နိုင်အောင်နိုင် ငြင်းဆိုခဲ့သည်။

လယ်သမားများအကြား ငွေကောက်ခံနေသည်ဟု ဒေသရှိကျောင်းထိုင်ဆ ရာတစ်ပါးထံ သတင်းရောက်ရှိသွားပြီးနောက် ၄င်းဆရာတော်က နိုင် အောင်နိုင်ကိုခေါ်ပြီး  အကျိုးအကြောင်းမေးမြန်းရာမှာ မိမိတို့အဖွဲ့မှမဟုတ် ကြောင်း နိုင်အောင်နိုင်က ပြတ်ပြတ်သားသား ငြင်းဆိုသည်။

“အဓိက ဖြတ်ပိုင်းလိုက်ပေးတဲ့လူတွေက သေနတ်ကိုင်ထားပြီး လူသုံး ယောက်ပဲရှိတယ်၊ တချို့လယ်တွေမှာ သူတို့ကိုယ်တိုင်ဆင်းပြီး ဖြတ်ပိုင်း ပေးတယ်၊ တချို့နေရာဆိုရင် လူလွှတ်ပြီးတော့ သူတို့ဖြတ်ပိုင်းပေးခိုင်း တယ်။ ဖြတ်ပိုင်းစာရပြီးတာနဲ့ ပိုက်ဆံအပြီးပြင်ထားတဲ့၊ သူတို့လာယူတဲ့အ ချိန်မှာ ပိုက်ဆံအဆင်သင့်ဖြစ်နေရမယ်” ဟု ဖြတ်ပိုင်းရထားသည့် လယ် သမားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ကာကွယ်ရေးတပ် တံဆိပ်ပါသည့် ဖြတ်ပိုင်းများ ဖြန့်ဝေထားသည့်ကျေးရွာမှာ လယ်ယာအများဆုံးလုပ်ကိုင်နေကြသည့် မု ဒုံမြို့နယ်အတွင်းရှိ ကမာဝက်ကျေးရွာ၊ နိုင်လှုံကျေးရွာ၊ လက်တက်ကျေး ရွာအနီးနားတဝိုက်ရှိရွာတို့ဖြစ်သည်။

လယ်မြေတစ်ဧကလျှင် ၁၅၀၀ ကျပ်ဖြင့် လယ်သမားများထံ အကူအညီ တောင်းခံခြင်းဖြစ်ပြီး ဖြတ်ပိုင်းရရှိသည့်နောက်ပိုင်း ပေးဆောင်ရမည့်ငွေကို အဆင့်သင်ပြင်ဆင်ထားရန်နှင့် အမှားအယွင်းမရှိရန် ၄င်းစာတွင် ပါရှိ သည်။

ဖြတ်ပိုင်းပါတံဆိပ်အရ ၄င်းအဖွဲ့သည် နိုင်အောင်နိုင်အဖွဲ့မှမဟုတ်ကြောင်း၊ လက်ရှိ ၄င်းအဖွဲ့သည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ကြားမှာ လှုပ်ရှားနေသည့်အဖွဲ့တစ် ဖွဲ့ဖြစ်ပြီး၊ အဖွဲ့ထဲတွင် အဓိကအဖွဲ့ဝင် သုံးဦးသာရှိသည်ဟု ခရိုင်အဆင့် မွန်ပြည်သစ်ပါတီ ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့အဖွဲ့မဟုတ်ဘူးလို့ နိုင်အောင်နိုင်ငြင်းဆိုလိုက်ပြီးတော့ ဆရာတော် က အရှေ့တောင်တိုင်းမှာ သွားတိုင်ခဲ့တယ်။ တိုင်ထားပြီးတော့ လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်က စစ်သား အယောက် ၄၀ လောက် လယ်ထဲဆင်း ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်။ မုဒုံက မွန်ပြည်သစ်ပါတီဝင်တွေ လည်း လယ်ထဲဆင်းပြီးတော့ စစ်ဆေးနေတယ်” ဟု သံဃာတော်တစ်ပါး က မိန့်ကြားခဲ့သည်။

မွန်ကာကွယ်ရေးတပ်ဟု အမည်ခံထားသည့် အဖွဲ့ဝင် ၃ ဦးသည် လယ် ကွင်းထဲသို့ဆင်းသည့်အခါ ခါပိုင်သေနတ်တစ်လက်၊ (M-16) တစ်လက်နှင့် (AK) သေနတ်တို့ ကိုင်ဆောင်ထားသည်။

“တချို့လယ်သမားတွေက ဒီပိုက်ဆံတွေ မပေးနိုင်ဘူး၊ ပေးဖို့လည်းမရှိဘူး ပြောနေကြတာကို အဲဒီသေနတ်ကိုင်ထားတဲ့သူတွေက ပေးနိုင်တာ မနိုင် တာမသိဘူး ဖြတ်ပိုင်းရတာနဲ့ ပိုက်ဆံအသင့်ပြင်ထားဆိုပြီးတော့ သေနတ် ထုတ်ပြပြီး ခြိမ်းခြောက်တာမျိုးလည်း ရှိတယ်” ဟု လယ်သ မားများက ပြောသည်။

၄င်းအဖွဲ့မှ ဖြတ်ပိုင်းများဖြန့်ဝေထားပြီး ငွေကြေးလိုက်လံမကောက်ခံရ သေးဘဲ၊ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးနေခြင်းကြောင့် ယခုရက် ပိုင်းအတွင်း ငြိမ်သက်နေသည်။