ကျဆုံး ချင်း ဗိုလ်လောင်း ၂ဦးအတွက် မလေးတွင် ဆုတောင်းပွဲ ပြုလုပ်

ကျဆုံး ချင်း ဗိုလ်လောင်း ၂ဦးအတွက် မလေးတွင် ဆုတောင်းပွဲ ပြုလုပ်
by -
ခိုနူမ်းထုန်

အစိုးရတပ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် KIA ဗိုလ်လောင်း သင်တန်းကျောင်းသား ဗိုလ်လောင်း ၂၃ဦးထဲတွင် ပါဝင်ခဲ့သည့် ချင်းအမျိုးသားတပ်မတော်မှ ဗိုလ်လောင်း နှစ်ဦးတို ့အတွက် ဆုတောင်းပွဲတစ်ခုကို နိုဝင်ဘာလ ၂၀ရက်နေ့က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်မတော်မှ ရဲဘော် Biak Tin Lian နှင့် Ram Hngak တို ့ကျဆုံးခဲ့သည့် အောက်မေ့ ဖွယ် ဆုတောင်းပွဲအခန်းအနားကို မလေးရှားနိုင်ငံ သို ့ ရောက် ရှိနေကြသည့် ချင်းအမျိုးသားများက ချင်းအမျိုး သားတပ်ဦး (CNF) မလေးရှား ဌာနရုံးခန်းတွင် ပြုလုပ်ခြင်း ဖြစ်ကြောင်း (CNF) မလေးရှား ဌာန၏ အတွင်းရေးမှူး ဆလိုင်းက ဆိုသည်။

P1012459

“ကျတော်တို ့ ဆုတောင်းပွဲ အခန်းအနားမှာ အယောက် ၅၀ လောက်တက်ရောက်ပါတယ်။ ဒီအဖြစ် အပျက် အပေါ် စိတ်မကောင်းဖြစ်မိတယ်။ လူငယ်တွေ လည်း တော်တော် စိတ်ထိခိုက်ကြတယ်။ ကျဆုံးသွားတဲ့ ဗိုလ်သင်တန်းသား အတွက် ရည်စူးပြီး ဆုတောင်းပွဲ လုပ်တာဖြစ်တယ်” ဟု (CNF) မလေးရှား ဌာန၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ချင်းလူမျိုးများအား နေရာဒေသအလိုက် ဟားခါးချင်း၊ တီးတိန်းချင်း၊ မတူချင်း၊ ကန် ပက်လက်ချင်း အစရှိသည်ဖြင့် သုံးစွဲခေါ်ဝေါ်ခြင်းကို ကန် ့ကွတ်ပြီး မည်သည့်နေရာ ဒေသတွင် နေထိုင်သော ချင်းလူမျိုးတိုင်း “ချင်း” ဟူ၍သာ ခေါ်ဝေါ် သုံးစွဲရန် ယင်းဆုတောင်းပွဲက ဘုံသဘောတူ ချက် ရယူခဲ့ကြောင်း ဆလိုင်းက ခိုနုမ်းသုန်သတင်းဌာန ကိုပြောကြားခဲ့သည်။

အလားတူ ကျဆုံးခဲ့ရသည့် ဗိုလ်လောင်းများ ကျန်ရစ်သူမိသားစုများအတွက် ရည်စူးပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို ့တွင် နိုဝင်ဘာလ ၂၁ရက်နေ့က ဆုတောင်းပွဲ အစီအစဉ် တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်သင်တန်းတက်ရောက်သည့် မဟာမိတ် တပ်ဖွဲ ့များထဲတွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ (၁၁) ဦး၊ ရက္ခိုင့်တပ်မတော် (AA)မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ၂ ဦး နှင့် ချင်းအမျိုးသားတပ်ဦးမှ (၂)ဦး စုစုပေါင်း (၂၃)ဦး ကျဆုံးခဲ့သည်။

ယင်းသို ့ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု UNFC က ပြင်းပြင်းထန်ထန် ကန် ့ကွတ်ကြောင်း ကြာသပတေးနေ ့ တွင် ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့သည်။