လစာထက်ဝက်သာပေးပြီး အပြည့်ရကြောင်း လက်မှတ်ထိုးရန် ၀န်ထမ်းများငြင်းဆို

လစာထက်ဝက်သာပေးပြီး အပြည့်ရကြောင်း လက်မှတ်ထိုးရန် ၀န်ထမ်းများငြင်းဆို
by -
ခိုနူမ်းသုန်

ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက လစာ ထက်ဝက်သာ ရသည့် ဝန်ထမ်းများအား လစာအပြည့်ရကြောင်း လက်မှတ်ထိုးခိုင်းသည်ကို ဝန်ထမ်းများက ငြင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ငြင်းဆိုလိုက်သော ဝန်ထမ်းများမှာ ဒေါ်ဂေမံ (အကြီးတန်း စာရေး)၊ ဒေါ်ဥမ္မာစိန် (အရောင်း -၄)၊ ဒေါ် တမ်ကီးမံ (အ ငယ်တန်း လက်နှိပ်စက် စာရေး)တို့ဖြစ်ကြသည်။

DSC3950

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၉) နေ့တွင် အဆိုပါ၀န်ထမ်းများက လစာငွေ တစ်ဝက်ကို အုပ်ချုပ်ရေးမှူးမှ ဖြတ် စားခြင်းမဟုတ်ကြောင်း၊ အပြည့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ရာ ကာယ ကံရှင် အမျိုးသမီး ၀န်ထမ်း (၃)ဦးက လက်မှတ်ရေး ထိုးရန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကျမကတော့ သတ်မယ် ဆိုရင်တောင် မထိုးနိုင်ဘူူး၊ အခုကျမှ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊ မပေး တာ မပေးတာပဲ၊ ဘာဆိုင်သလဲ” ဟု အဆိုပါ အမျိုးသမီး ၀န်ထမ်းတစ်ဦးက  ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ပြည်နယ်သစ်တောဦးစီးဌါနမှူး ဦးကျော်ဝင်းသည် နတ်မတောင် အမျိုးသား ဥယျာဉ်သို့ စက်တင်ဘာလ (၂၉)ရက် ကတည်းက ရောက်ရှိနေပြီး အဆိုပါ ဖြစ်စဉ် များအပေါ် စစ်ဆေးနေ ကြောင်း သိရသည်။

“ဦးကျော်ဝင်းနဲ့အုပ်ချုပ်ရေးမှူးအကြားမှာ နားးလည်မှုတွေရှိလိမ့်မယ်၊ သစ်ဆွဲသူတွေရဲ့ သစ်တွေ ကို ခြံုထဲထိုး ထည့် ခိုင်းတယ်၊ သူတို့ရဲ့ သစ်လုပ်ငန်းတွေကိုလည်း ယာယီရပ်ခိုင်းထားတယ်” ဟု အမည်မဖော်လိုသည့် တောအုပ် တစ်ဦးက ပြောပြသည်။

ဦးတင်မြစိုးသည် ရုံးချုပ်မှ ပြောင်းရွှေ့မိန့် ရုတ်တရက်ကျလာသောကြောင့် ရုံးလုပ်ငန်းအလွွှဲအပြောင်း ကိစ္စ၊ မြို့နယ် စာရင်းစစ်ရုံးမှ မကြာမီစာရင်းစစ်ဝင်တော့ မည်ဖြစ်သဖြင့် နတ်မတောင် အမျိုးသား ဥယျာဉ်၏ Project နှင့်အခြား လုပ်ငန်းများ အသေးစိတ်ကို သိရှိသည့် ဒေါ်လိန်းရှိန်းမံ (တောအုပ်) ၊ ဒေါ် ဥမ္မာစိန် (အရောင်း-၄)၊ ဒေါ်တမ်ကီးမံ (အငယ်တန်း လက်နှိပ်စက်စာရေး)တို့အား ကန်ပက်လက်မြို့ ဟောင်း စစ်ဆေးရေး ဂိတ်သို့ အမြန် ဆုံး အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် အမိန့် ထုတ်ထားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှှူးဦးတင်မြစိုးသည် ချင်းပြည်နယ် ကန်ပက်လက်မြို့ အနီးရှိ နတ်မတောင် အမျိုးသား ဥယျာဉ်တွင် တာဝန် ကျစဉ် ဒေသခံ ချင်းပြည်သူလူထု၏ မကြာခဏတိုင်တန်းခြင်း  ခံရသော်လည်း ယနေ့တိုင်အရေး ယူခံရခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး မှ ဒေသခံဝန်ထမ်း (၇)ဦးကို အပြစ်မရှိဘဲ လစာတစ်ဝက်သာ ခံစားစေရန် သတင်းများထွက်ပေါ်ခဲ့ ရာ အမျိုးသား ၀န်ထမ်း  (၄) ဦးမှ  အရေးဆိုမည်ဟု ကြားသိရပြီး ၎င်းတို့ကို  လစာအပြည့် ခံစား ခွင့်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ် အကျယ်အဝန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက မင်းတပ်မြို့နယ် အတွင်း ၁၃၃၉၇ဝ ဧက၊ ကန်ပက်လက်မြို့နယ် အတွင်း ၂၉၅၃ဝ ဧကနှင့် မတူပီမြို့ နယ် အတွင်း ၁၂၈ဝဝ ဧက သတ်မှတ်ပြီး စုစုပေါင်း အကျယ် အဝန်း ၂၇၅ ဒသမ ၅ စတုရန်း မိုင်ကျယ် ဝန်းကြောင်း၊ ဥယျာဉ်အတွင်း သတ္တဝါများနှင့် သစ်တော၊ သစ်ပင် များကို ထိန်းသိမ်း ထားရှိ ကြောင်း သိရ သည်။

Most read this week