မကြာသေးခင်က ချင်းအမျိုးသမီးတစ်ဦးအား အစိုးရ စစ်သားတစ်ဦးမှ အတင်းအဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ သည်ကို ပြစ် တင် ရှုတ်ချသည့်အနေဖြင့်၄င်း၊ အမျိုးသမီး နှင့် ကလေးငယ်များ ဘဝ လုံခြုံမှုရှိရေးအတွက် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် မတူပီအမျိုးသမီးအဖွဲ့ကဦးဆောင်ကာ ယနေ့ နံနက်ပိုင်း ကငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒ ဖော် ထုတ်ခဲ့ကြသည်။
မတူပီအမျိုးသမီးအဖွဲ့ နှင့် မတူပီလူငယ်အဖွဲ့တို့မှ ဦးဆောင်သော အဆိုပါ ဆန္ဒပြပွဲကို ယနေ့ နံနက်ပိုင်း ၁၀ နာရီ မှ ၁၁း ၃၀ နာရီ အကြား စံဘောင်လမ်းဆုံ မှ ရှစ်လမ်းဆုံ အထိ ငြိမ်းချမ်းစွာ ချီတက်ပြီးဆန္ဒဖော် ထုတ်ခဲ့ကြသည်ဟု သိရ သည်။
မတူပီမြို့ခံလူထု ၂၀၀ ကျော်ခန့် ပူးပေါင်းပါ၀င်ခဲ့ကြသော ယင်းဆန္ဒပြပွဲတွင် မုဒိမ်းကျင့်မှု ရပ်တန် ့ပေးရေး၊ မုဒိမ်းကျင့်မှု အလိုမရှိ၊ အမျိုးသမီးများကို ရက်စက်စွာ အဓမ္မပြုကျင့်ခြင်း ရပ်တန် ့ပေးရန်၊ ဆိုသော စာတမ်းများကို ကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
မတူပီ အမျိုးသမီးအဖွဲ ့ ဥက္ကဌ Daw Khin Thluai Par က “ ကျမတို ့သိသလောက်ကတော့ ဇွန်လ (၁၀) ရက်နေ ့ ရေဇွာမှာ မုဒိမ်းကျင့်မှုတခုဖြစ်ခဲ့တယ်၊ အခုဆိုယင် ရေဇွာမှာ အမျိုးသမီး (၆) ဦးမုဒိန်းကျင့်ခြင်း ခံခဲ့တယ် လို ့သိရတယ်၊ ပြီးတော့ စစ်တပ်က ရေဇွာမြို့နယ်ခွဲ၊ ဟရိန်းထန်ရွာမှာ အမျိုးသမီး (၂) ဦး၊ ဆော်တီးရွာမှာ တစ်ဦးတို့ကို ယခုလို ပြုကျင့်ခဲ့တယ်လို့ သိရတယ်၊ ယခိုလို အမျိုးသမီးတွေအပေါ် ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ကျမတို့အပြင်းအ ထန်ကန့်ကွက်ရှုတ်ချတယ်၊ ဘယ်သူဖြစ်ဖြစ် အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်တာမျိုး လက်မခံပါဘူး၊ အမျိုး သမီး တွေကလည်းဒီလိုအကြမ်းဖက် မှုများကို ဖေါ်ထုတ်ရပါမယ်၊ အမျိုးသမီးတွေ ကို ကာကွယ်ရမယ်” ဟု ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၁၀ ရက် နေ့က ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပိုှင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတဦးကို အဓမ္မ ပြုကျင့်ရန်ကြံစည် ခဲ့သည့်အပြင် ရိုက်နှက်ခဲ့သည်။
ဆန္ဒပြပြည်သူများသည် ယခင်က မတူပီမြို့ပေါ်တွင် ဆရာဝန်မှ ကလေး မွေးဖွား ခ အမြတ်ထုတ်ငွေ ပြန်အမ်းပေးရေး၊ အမှိုက်ပုံးထဲ စွန် ့ပစ်ခံ မွေးကင်းစ ကလေးကိစ္စ ဖေါ်ထုတ်ပေးရေး၊ အကြောက်တရား လွှမ်းမိုးသည့် ဆေးရုံ အလိုမရှိ၊ လူနာမှန်သမျှ သနားကြင်နာ ဂရုနာ စိတ်ပွါးပါ၊ လူ့စိတ်ပျောက် ဘီလူးစိတ်မွေး ဆရာဝန် ဒို ့လက်မခံ စသည့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်ဟုလည်း သိရသည်။
မတူပီမြို ့ ပြည်သူ ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် ဦးဇော်သိန်းကျော်သည် ၂၀၁၄ခုနှစ်၊ မေလ (၁၇) ရက်နေ ့က မတူပီမြို ့နယ်၊ Am Sol ကျေးရွာသူ တစ်ဦး မွေးဖွားသည့်ကလေးကို အသေဖြင့် မွေးဖွားသည် ဟုဆိုကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကြောင်း၊ နောက်မှ အမှိုက်ပုံးထဲမှ ကလေးငိုသံ ပြန်ကြားသည်နှင့် ပြန်လည် ကောက်ယူပြီး ပြန်လည်ပြုစုသော်လည်း ကလေးအသက်မကယ်နိုင် ဆုံးပါးးသွားခဲ့သည်ဟု မတူပီလူ ငယ်ခေါင်း ဆောင် ဦးမောင်းဟန်က ပြောသည်။
“ ဒီကနေ့ဟာ အဲဒီ တမလွန် ဘဝရောက် ကလေးငိုသံနဲ့ အတူ ကျနော်တို့ဆန္ဒပြနေကြတာဖြစ်ပါတယ်’’ ဟု လူငယ် ခေါင်းဆောင်က ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။
မတူပီပြည်သူ့ဆေးရုံးကြီးတွင် တာဝန်ကျဆရာဝန်များသည် အကျင့်ပျက်ချစားမှုများရှိနေကြသည်ဟု သိရပြီး၊ မွေးစာ ရင်း ထုတ်ပေးရာတွင်လည်း အဆမတန်ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆန္ဒပြပွဲကို မတူပီမြို့ နှင့် ရေဇွာမြို့ပေါ် အာဏာပိုင်များ၏ ခွင့်ပြုချက်မရသည့်ကြားက မတူပီ မြို့ပေါ်တွင် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲကို ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။