ပြီးခဲ့တဲ့ ဇွန် ၁၀ ရက် နေ့က ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပိုှင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော်က အသက် ၄၀ အရွယ် အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့် ရန်ကြံ စည်ခဲ့မှု နှင့်ပါတ်သက်ပြီး မတူပီအမျိုးသမီးအသင်း (MWO) ဦးဆောင်မှုဖြင့် ဆန္ဒပြမည်ဟု သိရသည်။
မတူပီ အမျိုးသမီးအသင်းသည် ဇွန်လ ၂၄ ရက်နေ့တွင် မတူပီမြို့လယ် ရှစ်လမ်း ဆုံတွင် ဆန္ဒပြရန် အာဏာပိုင် ထံ တင်ပြသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့် မပြုသော် လည်း ပြုလုပ်မည်ဟု ပြင်ဆင်ထားကြောင်း MWO ဥက္ကဌ Pi Hluai Par က ပြောသည်။
” ဒီကိစ္စနှင့် ပါတ်သက်ပြီး အာဏာပိုင်တွေက ခဏခဏခေါ်တယ်၊ ဒါနဲ့ ကျမတို့ ဒီနေ့ အုပ်ချုပ်ရေးရုံးကို ပြန် သွား တယ်၊ သူတို့က ဆန္ဒပြတာ မလုပ်ဖို့ ပြန်ပြောတယ်၊ ဒါပေမဲ့ ကျမတို့က အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးတွေ နစ်နာမှု တားဆီး ကာကွယ်ပေးရေး အတွက် အစိုး ရနဲ့ ပြည် သူကို ဘာ အနှောင့် အယှက်မှ မပေးပဲ ငြိမ်းချမ်းစွာ ကျမတို့ ဆန္ဒကို ဖော်ထုတ်သွားမယ် ” ဟု ပြောသည်။
ဆန္ဒပြ စုဝေးမှုကို နံနက် ၁၀ နာရီမှ ညနေ ၁ နာရီအကြား ရှစ်လမ်းဆုံတွင် ပြုလုပ်ဖို့ ပြင်ဆင် နေပြီး ဆန္ဒပြပွဲတွင် အမျိုးသမီးဥက္ကဌ နှင့် လူငယ်ခေါင်းဆောင်ဖက်မှ Pu Maung Han တို့ အမှာစကား ပြောကြမည်ဟု သိရသည်။
”အုပ်ချုပ်ရေးဖက်က ခွင့်မပြုပေမဲ့ အမျိုးသမီးအဖွဲ့တင်မဟုတ်ပဲ အမျိုသမီးထုအားလုံး ပါ၀င်ဖွယ်ရှိတယ်၊ အဓိက က ဇွန်လ ၁၀ ရက်နေ့က ရေဇွာမြို့ပေါ်မှာ အမျိုးသမီးတဦး အဓမ္မပြု ကျင့်ဖို့ ကြံစည်မှုအတွက်ပေါ့၊ ဘယ်လို ဆက်ဖြစ်မ လဲတော့ မသိဘူး ” ဟု ဆန္ဒပြမှုတွင်ပါ၀င်မည့် James Roland က ပြောသည်။
အခြေစိုက် ခလရ (၂၆၉) မှ ကိုယ်ပိုှင် အမှတ် တသ – ၃၇၁၈၅၀၊ တပ်သား မျိုးသူရကျော် သည် တောင်ယာ သို့သွားသည့် အဆိုပါ အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သော် လည်း ရွာသားတွေက အမျိုးသမီးကို အချိန်မှီ ကယ်တင်ခဲ့ကြောင်း သို့သော် တရားခံသည် အမျိုးသမီးကို အနာတရဖြစ်အောင် နှိပ်စက်ခဲ့ကြောင်း သိရသည်။
တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား မတူပီသို့ ပို့ထားပြီး ယနေ့ထိ မတူပီမြို့တွင် ချုပ်ထားဆဲဖြစ်ကြောင်း သိရ သည်။
လေ့လာချက်များအရ အစိုးရတပ်မတော်သားများ နှင့် အရပ်သားအကြား ပြသနာဖြစ်ပါက တပ်မတော်သားများကို အရပ်ဖက် တရားခုံရုံးတွင် မစစ်ဆေးပဲ စစ်ခုံရုံးက ကိုင်တွယ်ပြီး အရေးယူမှုမရှိပဲ တခြားနေရာသို့ တပ်ပြောင်း လေ့ရှိ ကြောင်းသိရသည်။
ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ယခုလို အဖြစ်မျိုး အများအပြား ရှိခဲ့ဖူးသော်လည်း ပြည်သူများက စစ်သားများကို ကြောက်လန့်နေခြင်း၊ အမှုလုပ်ရန်ငွေကြေး မတတ်နိုင်ခြင်း၊ နစ်နာသူများဖက်က ရှက်ကြောက် စိုးရိမ်နေခြင်း တို့ကြောင့် တရားစွဲဆို အမှုရင်ဆိုင်ခြင်းများမရှခဲ့ကြောင်း သိရသည်။
လက်ရှိ အစိုးရလက်ထက် ၂၀၀၁၄-၁၅ ခုနှစ်အတွင်း ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ အဓမ္မပြု ကျင့်ရန်ကြိုးစားမှု၊ ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုများရှိခဲ့သော်လည်း အရေးယူဆောင် ရွက်မှုမရှိကြောင်း သိရသည်။