အိန္ဒိယ-မြန်မာအစိုးရ တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မှန်ကန်သောအချက် အလက်များကို ဒေသခံလူထုထံ ရှင်းရှင်း လင်းလင်း ချပြရန် အိန္ဒိယ၊ မြန်မာအစိုးရ နှင့် ESSAR ကုမ္ပဏီကို ကုလားတန် လှုပ်ရှားမှုအဖွဲ့က ယနေ့တောင်း ဆိုလိုက်သည်။
ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု (၄) နှစ်ခန့်ရှိလာပြီဖြစ်သော်လည်း သက်ဆိုင်ရာအစိုးရ နှင့် ယင်းစီမံကိန်းကို တာဝန်ယူထားသော အိန္ဒိယ ESSAR ကုမ္ပဏီမှ တာဝန်ရှိသူများသည် လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်မှု၊ စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ဒေသခံပြည်သူများထံ ယနေ့ ချိန်ထိ အသိပေးရှင်းလင်း ခြင်းမျိုးမပြုလုပ်သေးကြောင်း ကုလားတန်လှုပ်ရှားမှုအဖွဲ့၏ ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“ ဒီစီမံကိန်းကို အကောင်အထည်ဖော်တာ ၄နှစ်လောက်ရှိပြီးဖြစ်ပေမယ့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက် ရောက်မှု လေ့လာစမ်းစစ်ချက်မပြုလုပ်သေးပါဘူး၊ ဖြစ်နိုင်ခြေရှိတဲ့ တာဝေးလမ်းမကြီး ဆောက်လုပ်မယ့် လမ်း ကြောင်းအသေး စိပ်ကို လည်း ဖော်ပြခြင်းမတွေ ့ရသေးပါဘူး၊ စီမံကိန်းတည်ရာရှိ ဒေသခံတွေကို သတင်း အချက်အ လက်တွေ အသိပေးဖို ့ အိန္ဒိယ နှင့် မြန်မာအစိုးရကို တောင်းဆိုပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ ပြည်တွင်း တာဝန်ခံ ဆလိုင်းဘွေပီးကပြောသည်။
၂၀၁၆ ခုနှစ်အစောပိုင်းတွင်အပြီးသတ်နိုင်မည့်ဟု ခန့်မှန်းထားကြသည့် အမေရိကန် ဒေါ်လာ ၂၁၄ မီလျံကုန်ကျမည့် ကု လားတန်စီမံကိန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဖြတ်ကာ အိန္ဒိယ အရှေ့မြောက် မီဇို ရမ်ပြည် နယ်သို့ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ဆက်သွယ်သွားလာနိုင်ရန် တည်ဆောက်ထား သောစီမံကိန်းဖြစ်သည်။
လက်ရှိတွင် အိန္ဒိယကုမ္ပဏီ ESSAR မှ စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်းငယ်ကို တည်ဆောက်နေဆဲ ဖြစ်သည်။
စီမံကိန်း ၏ အဓိက အချက်အချာဖြစ်သော အဝေးပြေးတာရှည်လမ်းမကြီးကို အမည်မသိမြန်မာကုမ္ပဏီ တစ်ခုမှ ဆောက်လုပ်မည်ဖြစ်ပြီး ဖောက်လုပ်မည့်လမ်းကြောင်း နှင့် ဆောက်လုပ်ကာလ သတ်မှတ်မှုကို အများသိရန် ထုတ်ပြန် ကြေညာခြင်းမရှိဘူး ဟု ကု လားတန် လှုပ်ရှားမှုအဖွဲ့ကဆိုသည်။
ကုလားတန်လှုပ်ရှားမှုအဖွဲ့၏ မကြာသေးခင်က ကွင်းဆင်းလေ့လာချက်အရ ဒေသခံများက ယင်းစီမံကိန်း သည် လူနေ မှု နှင့် စီးပွားရေးဖွံဖြိုးမှုကို အကျိုးပြုနိုင်မည်ဟု ယူဆကြသော်လည်း ဒေသခံလူများစုအနေဖြင့် စီမံကိန်းအကြောင်း အသေးစိတ် နှင့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု အပါ အဝင် တခြားဖြစ်နိုင်ဖွယ်ဆိုးကျိုးများအား မသိရှိကြကြောင်း တွေ့မြင်ရသည်ဟု ကုလားတန်လှုပ် ရှားမှုအဖွဲ့က ဆိုသည်။
ထို့ကြောင့် ESSAR ကုမ္ပဏီအနေဖြင့် ကုလားတန်စီမံကိန်းအကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေး၊ ဌာနေ တိုင်းရင်း သားများအခွင့်အရေး၊ ဒေသခံများ နှင့် ဆွေးနွေးတိုင်ပင်မှု၊ သဘာဝ ပတ်ဝန်းကျင် အကျိူးဆက် တိုင်းတာမှု၊ ဒေသခံ အလုပ် သမား များဌားရမ်းခြင်းနှင့် အလုပ်သမားများအပေါ်ထားရှိသော ၎င်းတို့ပေါ် လစီဖော် ဆောင်မှုများကို အများပြည် သူအားအသိပေးရန် လိုအပ်သည်ဟု ကုလားတန် လှုပ်ရှားမှုအဖွဲ့က တောင်း ဆိုထား သည်။
“ ဒေသခံတွေကို ပုံမှန်တိုင်ပင်တာ၊ သတင်းမျှဝေတာတွေဟာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ESSAR ကုမ္ပဏီအတွက် အကျိူးပိုရှိပါလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ ဒေသခံတွေက ဒီဒေသနဲ့ပက်သက်ပြီးကျွမ်းကျင်တဲ့ သူတွေဖြစ်ကြ တယ်၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင်လည် နားလည်ကြသူတွေဖြစ်လို ့ပါပဲ” ဟု ဆလိုင်းဘွေပီးကထပ်ပြောသည်။
ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်ထည်ဖော်ရာတွင် အရေးပါသည့် ဌာနေတိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ (FPIC) ခေါ် ဒေသခံများအပေါ် လွတ်လပ်စွာ ကြိုတင်အသိပေးအကြောင်းကြား သဘောထား ရယူခြင်းကိုလည်း ကျင့်သုံးမှုမရှိသည်ဟု တွေ့မြင်ရသည်ဟု ယင်းလှုပ်ရှားမှုအဖွဲ့က ထောက်ပြထားသည်။
ESSAR ကုမ္ပဏီမှ မြစ်ရေတူးရာတွင် သဲ၊ ကျောက်များ ပုံချရန် ပလက်ဝမြို့နယ် လောင်ကဒူး ကျေးရွာဒေသခံ ၁၁ ဦးပိုင် သော လယ်မြေ ၁၆ ဧကကို အသုံးပြုရန် နှင့် ယင်းအတွက် နစ်နာကြေးအဖြစ် ၁ ဧကလျင် ကျပ်ငွေ ၅ သိန်းပေး မည်ဟု ကတိပြု ခဲ့ကြသော် လည်း ယနေ့ချိန်ထိ နစ်နာကြေးတစုံတရာပေးဆောင်ခြင်း မရှိသေးပေ။
ယင်းကိစ္စနှင့်ပတ်သက်၍ ကလားတန်လှုပ်ရှားမှုအဖွဲ့က “ လောင်ကဒူးလယ်သမားအပေါ် ဘယ်သူက လျှော်ကြေး ပေးဖို့ တာဝန်ရှိသလဲ၊ လျှော်ကြေးဘယ်လိုပေးဆောင်မှာလဲ၊ ဘယ်အချိန်မှာပေးဆောင်မှာလဲ ဆိုတာကို ပြည်ထောင်စု အစိုး ရမှ စီစဉ်ပေးဖို့ တိုက်တွန်းသည်’’ ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထား သည်။
ထို့အပြင် ESSAR ကုမွဏီမှ ၂၀၁၁ ခုနစ် အစောပိုင်းက စတင်သဲတူးမှု၊ မြေတူးမှုကြောင့်ကမ်းပါးပြိုကျ လာခဲ့ပြီး ရခိုင်ပြည်နယ် မရေကွန် ကျွန်းရှိ သဲထုံးကျေးရွာမှ အိမ်ခြေ ၅၀ ကျော်ရွှေ့ပြောင်းခံခဲ့ရကြောင်း ရခိုင်မြစ်ချောင်းများ ကွန်ယက်မှ ကို ထွန်းလှိုင် က ပြောသည်။
“သဲတူးခြင်းကြောင့် အုန်းသီးပင်တွေ ဆုံးရှုံးမလား၊ ဒေသခံတွေကိုထပ်ပြီး လုံခြံုတဲ့နေရာရွှေ ့ပြောင်းခိုင်းမ လားမ သိရဘူး၊ အခြေခံမူလတန်းကျောင်းဟာလည်း အန္တရာယ်အခြေအနေမှာရှိနေပြီး ဒေသခံတွေက ESSAR ကုမ္ပဏိီက ဆက် လက်ပြီး မြေ တူးခြင်း လုပ်မလုပ်ကို သိချင်ကြပါတယ်”ဟု ကိုထွန်းလှိုင်က ဆိုပါသည်။
ကုလားတန်လှုပ်ရှားမှုအဖွဲ ့သည် (Kaladan Movement) ကုလားတန်ဘက်စုံသုံး ပို့ဆောင်ရေးကြား စခန်းစီမံကိန်း ကြောင့် ဒေသခံ ပြည်သူများအပေါ် လူ ့အခွင့်အရေး၊ လူမှူရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မူများ နှင့်ပတ်သက်၍ စိုး ရိမ်ပူ ပန်ကြသည့် လူမှုအဖွဲ ့အစည်းများ၏ မဟာမိတ်အဖွဲ့ တခုဖြစ်သည်။
ကုလားတန်လှုပ်ရှားမှုအဖွဲ့တွင် ရခိုင်မြစ်ချောင်းများကွန်ယက် (ARN)၊ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) နှင့် ဇိုဌာနေလူမျိုးနွယ်စုများဖိုရမ်(ZIF) တို့ပါ၀င်သည်။