ဟားခါးမြို့တွင်ကျင်းပမည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲ ပြည်နယ်ဝန်ကြီးချုပ် ပယ်ချ

ဟားခါးမြို့တွင်ကျင်းပမည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲ ပြည်နယ်ဝန်ကြီးချုပ် ပယ်ချ
by -
ခိုနူမ်းထုန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတရပ်ကို ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ Carson ခန်းမ၌ ဇွန်လ ၂ ရက်နေ့က ကျင်းပပြု လုပ်ရန် စီစဉ်ခဲ့ကြသော်လည်း ချင်းပြည်နယ် ၀န်ကြီး ချုပ်ဦး ဟုန်းငိုင်က ပွဲမိန့် မပေးခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိရာ ဇွန်လ ၂ ရက်နေ့က လူပေါင်း ထောင်ကျော်ဆံ့သော ဟားခါးမြို့ Carson ခန်းမကြီးတွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းကို ၀န်ကြီးချုပ်က ခွင့်မပြု သောကြောင့် ဟားခါးမြို့ NLD ရုံးခန်းတွင် ကျင်းပခဲ့ရသည်ဟု ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။

20090524-153933-01

“ကျနော်တို့က Carson ခန်းမမှာ ဟောပြောပွဲလုပ်ဖို့ကို စာတင်ထားတော့ မြို့နယ်ရဲမှူး နဲ့ အုပ်ချူပ်ရေးမှူးအဖွဲ့ တို့ က တော့ ခွင့်ပြုမိန့်ပေးပါတယ်၊ ဒါပေမယ့် နောက် ဆုံးပြည် နယ် ၀န်ကြီးချုပ်က ခွင့်ပြုမိန့်ကို ပယ်ချခဲ့ပါတယ်၊ ဒီတော့့ ဒီနေ့ ကျနော်တို့ NLD ရုံးမှာဘဲ အဲဒီဟောပြောပွဲကို ကျင်းပခဲ့ပါတယ် ’’ ဟု ဦးဇိုဘွဲ့က ခိုနူမ်းသုန် ကိုပြောသည်။

Carson ခန်းမသည် ဟားခါးမြို့ပေါ် ခရစ်ယာန်နှစ်ခြင်း အသင်းတော်မှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထား သည့် ခန်း မဖြစ်ပြီး လူမှုရေးဆိုင်ရာ ပွဲတော်များ၊ ဟောပြောပွဲ များ ကျင်းပရာတွင် အသုံးပြုဆုံး ခန်းမဖြစ် သည်။

ပွဲမိန့်မရသောကြောင့် ဟောပြောပွဲကို ဟားခါးမြို့ NLD ရုံးတွင် နံနက်ပိုင်း ၈ နာရီခွဲမှ ၁၀ နာရီအထိကျင်းပ ခဲ့ကြပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်းဆောင်  များ၊ ကလေး မြို့NLD ဥက္ကဌ နဲ့ ဦးဇိုဘွဲ့တို့မှ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများဟောပြောခဲ့ကြသည်ဟုသိရသည်။

ယင်းဟောပြောပွဲတွင် တက်ရောက်လာကြသော ဟားခါးမြို့ဒေသခံပြည်သူ ၃၀၀ ကျော်တို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ် လက်မှတ်ရေးခဲ့ကြသည်ဟု ချင်းပြည် နယ် NLD ဥက္ကဌကပြောသည်။

ပုဒ်မ ၄၃၆ (က) တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ရ၄၊ ၁ဝ၉၊ ၁၄၁၊၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်း ချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင် ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေး ပိုင် ခွင့်ရှိသူအားလုံး၏ ဆန္ဒ မဲဖြင့်သာ ပြင်ဆင်ရမည်၊

( ခ ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။