မီဇိုရမ်တွင် ရူပီးသိန်း ၆၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် ဆေးပြား ဖမ်းဆီး

မီဇိုရမ်တွင် ရူပီးသိန်း ၆၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် ဆေးပြား ဖမ်းဆီး
by -
ခိုနုမ်းထုန်

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရူပီးသိန်း ၆၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားကို ဒေသခံအာဏာပိုင်များက  ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ တင်ပို့မည့် Pseudoephedrine စိတ်ကြွဆေးပြား အလုံးရေ(၁၅) သိန်း၊ တန်ဖိုး အားဖြင့် ရူပီးငွေသိန်း (၆၀) ခန့်ရှိ မူးယစ်ဆေးဝါးကို ပိုင်ရှင်ဟု ယူဆရသူ အသက် (၃၅) နှစ်အရွယ် Lalrintluanga နှင့်အတူ မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Superintendant Police (SP) လက် အောက် District Special Branch မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မြို့တော်နယူဒေလီမြို့မှ သယ်ဆောင်လာသော အဆိုပါဆေးပြားကို မီဇိုရမ်ပြည်နယ် မှတဆင့် မြန်မာ နိုင်ငံ သို့တင်ပို့မည့် ဆေးပြားများဖြစ် သည်ဟု ဒေသခံအာဏာပိုင်များ ကပြော သည်။

အလားတူ မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာသော ဘိန်းဖြူ ၁၄ ဂရမ်ကိုလည်း ပိုင်ရှင်ဟု ယူဆရ သူ ချင်းပြည်နယ် ဟိုင်မွဲလ်ရွာသား Chawhte ကျေးရွာတွင်လက်ရှိနေထိုင်သူ Lalremruata (25) နှင့်အတူ  Excise & Narcotics Department အဖွဲ့က အိုင်ဇောလ်မြို့ Zemabawk ရပ် ကွက်တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၉ ဇန္နဝါရီ ၂၀၁၄ ရက်နေ့ကလည်း  မြန်မာနိုင်ငံမှ တင်သွင်းလာသော ရူပီး ၂၂၄ သိန်းခန့်ရှိ လူကို မူးယစ်စေ တတ်သော စိတ်ကြွဆေးပြားတမျိုးဖြစ်သည့် Methamphetamine ဆေးပြား အလုံးရေ ၁သိန်းကျော် ကို Mizoram Police CID (Crime) လက်အောက်ရှိ Special Narcotic PS Staff တို့က ဖမ်းဆီးရမိခဲ့သည်။

ယင်းဆေးပြားသည် မြန်မာနိုင်ငံမှ တဆင့် မီဇိုရမ်ပြည်နယ်၊ မဏိပူရ် ပြည်နယ်များကို ဖြတ်ကျော် ကာ ၊ အိန္ဒိယမြို့ ကြီးများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အခြားသောနိုင်ငံကြီးများတွင် မှောင်ခိုတင် သွင်းနေကြသည်ဟု မီဇိုရမ်နေ့စဉ်သတင်း စာတွင်ဖော်ပြထားသည်။

အဆိုပါမူးယစ်ဆေးဝါးများသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှတဆင့် အဓိကမှောင် ခိုင်တင်သွင်း သော ဆေးဝါး များဖြစ်တဲ့အတွက်ကြောင့်နယ်စပ်ဒေသများဖြစ်ကြသော ကလေး၊ တမူး၊ ဖလမ်း၊ မော်လိုက် စသည့် လေးခရိုင်၏၂၀၁၃ ခုနှစ်ရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုအများဆုံး ခရိုင်မှာ ကလေးခရိုင်ဖြစ်သည်။

Most read this week