ချင်းပြည်နယ်အစိုးရက ထန်တလန်မြို ့ရှိ တာဝန်ရှိသူများကို အသိပေးခြင်းမရှိဘဲ ဟားခါးမြို ့ရှိ ကုမ္ပဏီများ ကိုသာ ၂၀၁၃ခုနှစ် နိုဝင်ဘာလ မှတင်ဒါခေါ်ယူခြင်းအပေါ် မကျေမနပ်သောကြောင့် တင်ဒါအသစ်ပြန်လည် ခေါ်ယူပေးရန် တောင်းဆိုထားခြင်းကို မလိုက်လျောပါက ဆန္ဒဖေါ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃- ၂၀၁၄ ခုနှစ် လမ်းဖောက်လုပ်ရေးအတွက် ကျေးလက်ဒေသဖွံ ့ဖြိုးရေးက တာဝန်ယူ သည့် လုပ်ငန်းများ အနက် ထန်တလန်မြို ့နယ်များတွင် ဖောက်လုပ်မည့် ကားလမ်းများ ကို ဒေသခံပြည်သူ၊ ကုမ္ပဏီများနှင့် တာဝန်ရှိသူများကို အသိပေးခြင်းမရှိဘဲ ဟားခါးမြို ့ကုမ္ပဏီများအား တင်ဒါခေါ် ယူခြင်းအပေါ် မကျေမနပ်ဖြစ် နေကြကြောင်း ထန်တလန်မြို ့ရှိ ချင်းအမျိုးသားပါတီ ဥက္ကဌ Pu Siang Cung Bik က ဆိုသည်။
တင်ဒါအသစ်ခေါ်ယူပေးရန် ထန်တလန်မြို ့နယ်ရှိ မြို ့နယ် အထောက်အကူပြုကော်မီတီ၊ မြို ့နယ် စည်ပင်သာ ယာရေးကော်မီတီ၊ ကုမ္ပဏီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ ့စွဲ ဖြင့် ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင်းထံ တင်ပြခဲ့သည်။
ယင်းသို ့တင်ပြခြင်းအပေါ် ပြည်နယ်အစိုးရဘက်မှ ယနေ အထိ မည်သည့်တုန် ့ပြန်ချက်မှမရှိသည့် အတွက် ယင်းကဲ့သို ့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျတော်တို ့ အတိုင်းအတာ တခုအထိတော့ စောင့်အုံးမယ်၊ တကယ်လို ့ ဘာတုန် ့ပြန်ချက်မှ မရဘူးဆိုရင်၊ သမ္မတရုံး (သို ့မဟုတ်) လွှတ်တော်အထိသွားမည်၊ လိုအပ်လို ့ရှိရင် ဆန္ဒဖေါ်ထုတ်ပွဲအထိ လုပ်ဆောင်သွားမှာ ဘဲ” ဟု Pu Siang ကဆိုသည်။
ထန်တလန်မြို ့နယ်အတွင်း လမ်းဖောက်လုပ်ရေးနှင့် ရေသန် ့သွယ်ယူရေးလုပ်ငန်း တွင် ဟားခါးမြို ့ အခြေစိုက် Pu Thawng Kian, Pu Thla Bik, Pu Chum Ling နှင့် Pu Maung Maung တို ့ပိုင် သည့် ကုမ္ပဏီများကိုသာ
အစိုးရက တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ထန်တလန်မြို ့နယ် ကျေးရွာချင်းဆက် လမ်းများဖြစ်ကြ သည့် ထလန်(က)- ဟရီဖီကျေးရွာလမ်း၊ ဆလင်း- သီကီရ်- ၀မ်ကွာကျေးရွာလမ်းနှင့် ဆိုင်က- ရွာဘုတ်ကျေး ရွာလမ်းများ လုပ်ဆောင်ရန်ဖြစ် သည်။
ယင်းကဲ့သို ့ ဒေသခံ တာဝန်ရှိသူများ အသိပေးအကြောင်းကြားခြင်းမရှိဘဲ တခြားမြို ့နယ် ကုမ္ပဏီများတင်ဒါခေါ် ခြင်း မှာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ဒေသခံမြို ့နယ် ပြည်သူလူထု၊ လွှတ်တော်ကိုယ်စား လှယ်နှင့် ကုမ္ပဏီများကို ဂရုမစိုက်ရာရောက်သောကြောင့် အပြင်းအထန် ကန် ့ကွက်ကြောင်း ပြည်နယ်အစိုးရသို ့ပေးပို ့သည့်စာတွင်ဖေါ်ပြထားသည်။
ထို ့အပြင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လမ်းညွှန်ချက်ဖြစ်သည့် “ပြည်သူဗဟိုပြု အုပ်ချုပ်ရေး” ဆိုသည့် အတိုင်း ဒေသခံ ပြည်သူများ၏ ဆန္ဒကို အလေးထားသောအားဖြင့် ပြဿနာ မဖြစ်ပွါးမီ ၀န်ကြီးချုပ်နှင့် ပြည်နယ်
အစိုးရအဖွဲ ့မှ ပြန်လည်သုံးသပ်ပြီး တင်ဒါများ အသစ်ပြန် လည်ခေါ်ယူပေးပါရန်တောင်းဆိုထား သည်။
အဆိုပါစာတွင် မြို ့နယ် စည်ပင်သာယာရေးကော်မီတီ၊ မြို ့နယ် အထောက်အကူပြု ကော်မီတီ၏ တာဝန်ရှိသူများ အပြင် ဒေါ်ဇာတလဲမ်း၊ ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်၊ ပူး လာလ်မောင်ကျူံး၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်၊ထန်တလန်မြို ့ရှိ I Love Chinland Company, ချင်းလဲန်ညီညွတ်ရေး ကုမ္ပဏီ၊ Chin Green Hill Company နှင့် တောင်ပေါ်ပန်း ကုမ္ပဏီ၏ တာဝန်ရှိသူ စုစုပေါင်း (၁၅) ဦးက လက်မှတ်ရေးထိုးခဲ့ကြသည်။
မိတ္တူကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို၄င်း၊ ပြည်ထောင်စု လွှတ်တော် နာယကကို၄င်း၊ ထန်တလန်မြို ့နယ် လွှတ်တော် ကိုယ်စားလှယ်များကို၄င်း အသီးသီးပေး ပို ့ခဲ့ကြသည်။