ချင်းပြည်သူအတွက် Sim 300 သာဖြန် ့ဖြူးမည်ဖြစ်

ချင်းပြည်သူအတွက် Sim 300 သာဖြန် ့ဖြူးမည်ဖြစ်
by -
ခိုနုမ်းထုန်

အစိုးရကမနက်ဖြန်တွင် စတင်ဖြန် ့ဖြူးရောင်းချရန် စီစဉ်ထားသည့် တန်ဖိုးနည်းမိုဘိုင်း Sim card များကို ချင်းပြည်နယ် အများပြည်သူအသုံးပြုနိုင်ရန် ၃၀၀ နှင့် သက်ပြည့်ပင်စင်စား အငြိမ်းစား ၀န်ထမ်းဟောင်းများ အတွက် ရ၀၀ စုစုပေါင်း ၁၀၀၀ ဖြန်  ့ဖြူးရောင်းချမည်ဖြစ်သည်ဟု သိရသည်။

တနိုင်ငံလုံး၌ CDMA 800 MHz, GSM နှင့် WCDMA စုစုပေါင်း ၃၅၀၀၀၀ ဖြန် ့ဖြူးရောင်းချမည့် အစီအစဉ် တွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်နှစ်ခုတွင် WCDMA ကိုသာ ရောင်းချမည်ဖြစ်ပြီး တန်ဖိုးနည်း မိုဘိုင်းဖုန်း Sim card တခုကို ကျပ်ငွေ ၁၅၀၀ ဖြင့်ရောင်းမည်ဖြစ်ကြောင်း ယမန်နေ ့ အစိုးရပိုင် သတင်းစာ တွင် ဖေါ်ပြထား သည်။

၄င်း Sim card ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် ဖြန် ့ဖြူးရောင်းချ မည်ဖြစ် ကာ ပြည်နယ် များအနက် ရခိုင်ပြည် နယ်အတွက် ၂၆၇၀၀နှင့် မွန်ပြည်နယ်တွင် ၁၂၀၀၀ ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး တိုင်းဒေသကြီး ဖြစ်သည့် ရန်ကုန်တိုင်းတွင် ၈၈၀၀၀ နှင့် မန္တလေး တိုင်းဒေသကြီးတွင် ၅၁၃၀၀ ခုအသီးသီးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Sim card သုံးသိန်းခွဲရောင်းချမည့်အစီအစဉ်တွင် ငါးသောင်းကို အစိုးရဝန်ထမ်း ပင်စင်ရသည့် သူများ အတွက် သီးသန် ့ ရောင်း ချပေးမည်ဖြစ်သည်။

အစိုးရက တရုတ်ကုမ္ပဏီများ ဖြစ်ကြသော ZTE နှင့် Huawei တို ့၏ ဖုန်းလိုင်းများကို ၂၀၁၃ခုနှစ်မှ စ၍ စတင် တပ်ဆင် အသုံးပြုနေပြီဖြစ်သော်လည်း ယခုထိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ နှေးကွေးနေသေးကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းဖုန်း Sim card များသည် လစဉ်ကြိုတင်ငွေကတ်ဖြင့် ပြောခ ကျပ်ငွေ ၂၅၀၀ အနည်းဆုံး အသုံးပြုရ မည်ဖြစ်ပြီး နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ ငွေကျပ် ၅၀၀၀ အပြည့်မသုံးစွဲပါက ကျပ်ငွေ ၅၀၀၀ ပြည့်သည်အထိ အလိုအလျောက် ဖြတ်တောက်သည်။

ထို့နောက် ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မသွင်းနိုင်ပါက ယင်းဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများ အများပြည်သူအား အသိပေးထားသည်။

မြန်မာနိုင်ငံတွင်အစိုးရက မိုဘိုင်းဖုန်းလိုင်းများ ဖြန် ့ဖြူးရောင်းချပေးနေသော်လည်း ဖုန်းတိုင် မရှိသေးသည့် ချင်းပြည် နယ် နယ်စပ်ဒေသ တွင် ဖုန်းလိုင်းမရသေးပေ။ အဓိက ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ မြို ့ နယ်၊ မင်းတပ်မြို ့နယ် အနောက် ဘက်ခြမ်း၊ မတူပီမြို ့နယ်နှင့် ပလက်ဝမြို ့နယ် နယ်စပ်ဒေ သများတွင် ဖုန်းလိုင်းမရနိုင်သေးပေ။

Most read this week