မတူပီ ဆိုင်ကယ်ခိုးမှု ရဲများမဖော်ဆောင်ပေးနိုင်- ဒဏ်ငွေသာတောင်းယူ

မတူပီ ဆိုင်ကယ်ခိုးမှု ရဲများမဖော်ဆောင်ပေးနိုင်- ဒဏ်ငွေသာတောင်းယူ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် မတူပီမြို့ပေါ် ဆိုင်ကယ်ခိုးမှုကို စခန်းရုံးတာဝန်ကျရဲများက ကိုယ်တိုင် ကိုင်တွယ် အရေးမယူနိုင်သည့်အပြင်  သူခိုးထံမှ ကျပ်ငွေ တသိန်း ကိုပါ ဒဏ်ငွေတောင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈းဝဝ နာရီခန့်က မတူပီမြို့နယ် တောင်ဘူရွာသား တဦးက ဦးရိန်သိန်း  မော် တော်ဆိုင်ကယ် အရောင်းဆိုင်မှ ဆိုင်ကယ်တစီးခိုးယူခဲ့ရာ  ရဲများက တာဝန်ယူဖမ်းဆီးပေးနိုင်ခြင်းမရှိဘဲ ဆိုင်ရှင် ကိုယ်တိုင်က ပြန်လည်ဖမ်းဆီး နိုင်ခဲ့သည့်အမှုအတွက် သက် ဆိုင်ရာရဲက ဆိုင်ကယ်သူခိုးအား ကျပ်ငွေ တသိန်းဆောင်ခိုင်းခဲ့ခြင်းဖြစ်သည်။

တရားခံသည် ဆိုင်ရှင်ထံမှ ဆိုင်ကယ်ဝယ်ယူမည်ပြောပြီး ဆိုင်ရှင်ထံမှ ဆိုင်ကယ်သော့တောင်းယူကာ တခါ တည်း ခိုးယူမောင်းပြေးသွားခြင်းဖြစ်သည်ဟု သိရသည်။

” ကားလမ်းမြေပြိုလို့ ဆိုင်ကယ်ဆက်မမောင်းနိုင်တော့ပဲ အပြန်လမ်းမှာ ပိုင်ရှင်ကိုယ်တိုင် ပြန်လည်မိသွား တာပါ၊  ရဲက အရေးယူဖော်ထုတ်တာမဟုတ်ဘူး” ဟု ဆက်ပြော သည်။

တရားခံနဲ့ တရားလို ပြေလည်တာမပြေလည်တာက ရဲနဲ့ တိုက်ရိုက် မသက်ဆိုင်ကြောင်း ၊ သက်ဆိုင်ရာရဲက လုပ် သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်ကြောင်း၊ ရဲက အမှု မဖော် ထုတ်နိုင်မီ ဆိုင်ရှင်ကိုယ်တိုင် အမှု ဖော် ထုတ်ပေး တာဟာ ရဲကို ကူညီရာရောက် ကြောင်း ရဲများက ပြောကြသည်။

Most read this week