မရာ(ချင်း) ကျောင်းသားများ နေပြည်တော် သို့ လေ့လာရေးခရီး ထွက်

မရာ(ချင်း) ကျောင်းသားများ နေပြည်တော် သို့ လေ့လာရေးခရီး ထွက်
by -
ခိုနူမ်းထုန်

ဇူလိုင် ၁၉ – ၂၀ ရက်နေ့က ပခုက္ကူတက္ကသိုလ်ရှိ မရာ(ချင်း) ကျောင်းသားကျောင်းသူ ၄၀ ဦးနေပြည်တော် သို့ လေ့ လာရေး ခရီးထွက်ကြကြောင်း သတင်းရရှိသည်။

” ပထမဦးဆုံး အကြိမ် နေပြည်တော်ရောက်တာ၊ နိုင်ငံမြို့တော် ဆိုတော့ ရောက်ဖူးချင်တာလည်းပါတာပေါ့၊ အတွေ့ အကြုံတခုအနေနဲ့ပါ၊  နာမည်ကြီး ဆင်ဖြူတော်၊ နောက် ဆာဖာရီဥယျာဉ် နဲ့ နာမည်ကြီးရေပန်း ဥယျာဉ်၊ အမျိုးသား ဥယျာဉ် တွေ သွားရောက်လေ့လာကြတယ်” ဟု လေ့လာရေး ခရီး ဦးဆောင်သူ ဆလိုင်း ဘီးကျိုးထန်က ခိုနုမ်းထုန်ကို ပြောသည်။

လေ့လာရေးခရီးစဉ်ကို Mara Students Association ( Pakokku University) အနေနဲ့ စီစဉ်သွား ရောက်ကြခြင်း ဖြစ်ကြောင်း ကျောင်းပိတ်ရက် အတွင်း အတွေ့အကြုံသစ်တခု ရယူဖို့အတွက် သွားရောက်ကြခြင်း ဖြစ်ကြောင်း ဆက်ဆို သည်။

” အခုလို လေ့လာရေး ခရီး စီစဉ်ရတာက ဘာအကျိုးအမြတ် အတွက်မှ မဟုတ်ဘူး။ ဒီက မရာ ကျောင်းသား ကျောင်းသူမတွေ အတွေ့အကြုံသစ်၊ သင်စရာ မြင်စရာ ဗဟုသုတတွေ ရစေချင်တာရေကျောင်းပိတ် ရက်အတွင်းကျောင်းစာသင်ရတဲ့ စိတ်ဖိစီးမှုတွေ ပေါ့ပါး လန်းဆန်းစေချင်တာရေအတွက် စီစဉ်ရတာပါ၊ ဖြစ်နိုင်ယင် နှစ်နှစ် တကြိမ်လိုမျိုး လေ့လာရေးခရီးတွေ သွားနိုင်ဖို့ ဆန္ဒရှိပါတယ် ” ဟု ပြောသည်။

ဆက်လက်ပြီး တက္ကသိုလ် ကျောင်းသူ Mai Shelly ကလည်း   ” အခုလို လေ့လာရေးခရီးလာရတာကို တော်တော် ပျော် တယ်။ သင်စရာ မြင်စရာတွေက အများကြီးပါ၊ အထူးသဖြင့် ရေပန်းဥယာဉ်နဲ အမျိုးသားဥယာဉ်မှာ လည်ရတာကို အရမ်းပျော် တယ်” ဟု မိုင်ပြောပြ သည်။

 အယောက် ၄၀ ပါ၀င်သော မရာ(ချင်း) လေ့လာရေး ခရီးအဖွဲသည် နေပြည် တော်ရှိ ၂၀၁၄ ဆီးဂိမ်း အတွက် ပြင်ဆင် နေသည့် အားကစားရုံ၊ တိရိစ္ဆာန် ဥယာဉ်တို့ကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။

Mara Students Association ( MSA) ကို ၁၉၆၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်၊ မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်အတွင် မရာဒေသ ကျေးရွာအုပ်စု အားလုံးအပြင် ရန်ကုန်၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ ကလေး တက္ကသိုလ်များတွင် Branch တွေထားရှိကြောင်း ချင်းကျောင်းသား လူငယ်အ သင်းအဖွဲ့များအနက် အကျစ်လစ်ဆုံး၊ သက်တမ်းရင့်အသင်းအဖွဲ့တခုဖြစ် ကြောင်း ပြောကြသည်။

Most read this week