ပြည်ပရောက် ချင်းကျောင်းသားလူငယ်များက ဖွဲ့စည်းထားသည့် Chin Youth Organization မှ တနှစ်တကြိမ် ရွေးချယ် ပြီး ဂုဏ်ပြုလေ့ရှိသည့် Chin Person of the Year 2013 ဂုဏ်ထူးဆောင် ဘွဲ့ကို Pu ThangShing က ရရှိလိုက်သည်ဟု Central Executive Committee ၊ Chin Youth Organization of North America ၏ ဇူလိုင်လ (၁) ရက်နေ့ ကြေညာ ချက်အရ သိရသည်။
၂၀၁၃ ခုနှစ်အတွက် Chin Person of the year ဂုဏ်ထူးဆောင်ဘွဲ့အတွက် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထုက Rev. Dr. C. Duhkawm, Executive Minister, Chin Baptist Churches USA (CBC-USA)၊ Pu Ngunlianchunga Cinzah, Chief Executive Member, Lawngtlai Autonomous Council, Mizoram State, India၊ Dr. Sa Sa, Founder, Health and Hope Society၊ Dr. Stephen Hre Kio, Senior Pastor, Indiana Chin Baptist Church၊ Pu Thang Shing၊ Pi Za Tlem, Member of Parliament (MP), Thantlang ၊ Pu Zing Cung, Secretary General, Chin National Front တို့စုစုပေါင်း ရ ဦး အား လွတ်လပ်စွာ အဆိုပြုခဲ့သည့် အနက် မဲ အများဆုံးရရှိသည့် Pu Thangshing အား ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
“ ကျနော် သိရသလောက် ဘဝတလျှောက်မှာ အခု ပူး ထန်းရှိန်းလောက် စေတနာအလှူရှင် တဦးတလေတောင် ချင်း လူမျိုး ထဲမှာ မပေါ်ပေါက်ခဲ့ဘူးပါ ” ဟု ဟားခါးမြို့မှ မြို့မိမြို့ဖ တဦးက ပြောသည်။
Pu ThangShing သည် မင်းတပ်မြို့နယ် နယ်ခံသားဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်းဖြင့် ကြီးပွားလာ ခဲ့သူ လက်ရှိ ထွဋ္ဋ် ခေါင်ကျော် ကုမ္ပဏီပိုင်ရှင်ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် မီဇိုရမ်ပြည်နယ်၌ ကျပန်း အလုပ်သမားဘဝဖြင့် ဘဝကို ရုန်းကန်လာခဲ့ဘူးသည်။
လောပန်း Pu Thang Shing သည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုးသား တပ်ဦးအား Pajero ကား သုံးစီးအပြင် ချင်းပြည်သူလူထု၏ နာရေးကို ရှေ့ရှုပြီး ချင်းပြည်နယ် ကိုးမြို့နယ်စလုံးအတွက် တမြို့နယ်လျင် Ambulance (အရေးပေါ် လူနာတင်ကား) တစီးစီ လှူဒါန်းခဲ့သူဖြစ်သည်။
ထို့အပြင် မကြာသေးခင်က ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၊ သက်ကြီးအသင်းမှ တာဝန်ယူ တည်ထားသည့် သချုင်္ိင်း ကုန်း အဆောင်အတွက် ကျပ်သိန်းပေါင်း ခုနှစ်ရာ ( ရ၀,၀၀၀,၀၀၀) လှူဒါန်း ခဲ့သေးသည်။ ထို့အပြင် မင်းတပ်မြို့နှင့် ကချင် ပြည်ရောက် ချင်းလူမျိုးများအတွက် ဘုရားကျောင်း များတည်ဆောက်ပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် Chin Youth Organization သည် အဆိုပါ ဂုဏ်ဆောင် ဘွဲ့ ချီးမြှင့်ရာတွင် ချင်းအရေးအတွက် အစွမ်းဆောင်နိုင်ဆုံး ဟု ယူဆရသည့် ပုဂ္ဂိုလ်၊ ကိုယ်ကျင့် တရားကောင်းမွန်သူ ဘာသာတရားကိုင်းရှိုင်းသူ၊ အမျိုးသားရေးတွင် စိတ်အား ထက်သန်သူများကို အဆိုပြုစေပြီး မဲပေး ရွေးချယ်လေ့ရှိသည်။
အမေရိကန်ပြည်ထောင်စု အင်ဒီယာနားပိုလစ်မြို့တွင် ယနေ့ ဇူလိုင် ၄ ရက် မှ ၆ ရက်နေ့အထိ စတင်ကျင်းပလျက်ရှိ သော Chin Youth Organaization (CYO) ညီလာခံတွင် ၂၀၁၃ ခုနှစ် အတွက် Chin Person of the Year ဂုဏ်ထူး ဆောင်ဘွဲ့ကို ပေးအပ်သွားမည်ဟုသိရပြီး၊ ယင်း ညီလာခံတွင် မြန်မာနိုင်ငံမှ နိုင်ငံကျော် ချင်းအဆိုတော်များ နှင့် မီဇိုရမ် ပြည်နယ်မှ မီဇိုးအဆိုတော် များလည်း ဖျော်ဖြေကြမည်ဖြစ်သည်။