ချင်းကုန်သည်များက CNA တပ်မတော်သားများအား ဆန်လှူ

ချင်းကုန်သည်များက CNA တပ်မတော်သားများအား ဆန်လှူ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မြို့တော် ဟားခါး အခြေစိုက် ချင်းကုန်သည်ကြီးများက ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ဝင်များအား ဆန်အိတ် ၄၀ ကျော် ထောက်ပ့ံခဲ့သည်။

ဟားခါးမြို့ပေါ် Rual u ဥက္ကဌ Pu Thawngkian နှင့် ဟားခါး၊ ထန်တလန်၊ ရန်ကုန် Rual U ဥက္ထဌ Pu Thla Bik ဦးဆောင် သည့် အဖွဲ့သည် ဆန်အိတ် ၄၀ ကျော်နှင့် ဆီ၊ ဆား၊ အဝတ်အစား၊ စောင်များ ကို ဇန္နဝါရီလ ၃ ရက်နေ့ က ချင်းအမျိုး သား တပ်ဦး အခြေစိုက်ရာ စခန်းသို့ လာရောက် လှူဒါန်းကြခြင်းဖြစ်သည်။

“ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်ဆိုတာ ပြည်သူက မွေးဖွားပေးခဲ့တာပါ၊ မိဘ က သားသမီးလိုအပ်ချက်ကို ဖြည့်ဆည်း လိုက်တဲ့ သဘောပါ၊ သူတို့ကို အင်မတန်ကျေးဇူးတင်တယ်” ဟု စစ်ဖက်ရေးရာ ကော်မီတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် က ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ထန်တလန်မြို့ပေါ် ဘာသာရေးအသင်းကချင်းအမျိုးသား တပ်မတော် သားများ အတွက် စောင်များ လှူဒါန်း ခဲ့ကြသည်။

ထို့အပြင် နိုင်ငံရပ်ခြားရောက်ချင်းပြည်သူတွေကလည်း ချင်းအမျိုးသားတပ်ဦးသို့ ငွေကြေး၊ အဝတ်အထည်များ လှူဒါန်းနေ ကြကြောင်း သိရသည်။

“ယခုလို CNF ကို လှူဒါန်းနေတာက ငြိမ်းချမ်းရေးရယူခြင်းရဲ့ အသီးအပွင့် တခုပါ၊ ချင်းပြည်နယ်မှာ ထာဝရ ငြိမ်းချမ်းရေး ရှင်သန်စေချင်တယ်၊ အားလုံးမှာ တာဝန်ရှိတယ် ”ဟု နော်ဝေနိုင်ငံရောက် ချင်းပြည်သူတဦးက ပြောသည်။

Most read this week