နို၀င်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဂျဝါဟာလာနေရူး မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နယူးဒေလီရှိ မြန်မာဒုက္ခသည် ၁၃၀ ခန် ့တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။
နယူးဒေလီရှိ Plenary ခန်းမ၌ အိန္ဒိယ စံတော်ချိန် ညနေ ၆းဝဝ နာရီတွင် စတင်ပြုလုပ်မည့် ယင်းဟောပြောပွဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဟောပြော မည်ဖြစ်ကြောင်း အခမ်းအနား စီစဉ်ပေးသူ တဦးဖြစ်သည့် ဒေလီမြိ့မှ ကိုကိမ်ကဆိုသည်။
ကိုကိမ်က “ဒေါ်စုက ဒီနေ ့ ၁၀းဝဝ နာရီမှ ဒေလီကိုရောက်လာမှာပါ။ မနက်ဖြန် ကျတော်တို ့ Vikaspuri ကနေ ဘတ်စ် ကား စီစဉ်ထားပါတယ်။ ၁၄ ရက်ပေါ့။ Plenary ခန်းမကို ကျတော်တို ့ ဒီကနေ ညနေ ၃း၃၀ ကွက်တိသွားဖို ့လိုတယ်။ နောက်ကျရင်မဖြစ်ဘူးပေါ့။ ဒေါ်စု အဲဒီနေရာ ရောက်ပြီဆိုရင် ဘယ်သူမှ ၀င်ခွင့်ပေးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကြိုတင်သွားဖို ့လိုတယ်” ဟုပြောသည်။
ထို့အပြင် နို၀င်ဘာလ ၁၆ ရက်နေ့တွင် Vikaspuri အရပ်ရှိ Oxford University တွင် ဒေါ်စုအား မြန်မာဒုက္ခသည် ၈၀၀ ခန် ့ နှင့်တွေ ့ ဆုံနိုင်ရန် စီထားသည်ဟု သိရသည်။
ဤတွေ ့ဆုံပွဲတွင် ချင်းမျိုးနွယ်စုများဖြစ်ကြသည့် ဟားခါးကွန်မြူနီတီမှ ၁၃၀၊ ဖလမ်း- ၁၃၀၊ တီးတိန်- ၁၃၀၊ မတူ- ၁၀၀၊ မရာ- ၁၅၊ ချိုး- ၁၀ ခန် ့၊ ခူမီး- ၂၀ နှင့် မြန်မာပြည်မှ မီဇိုမျိုးနွယ် စု မှ ၄၀ ဦးတို ့ပါ၀င်မှာဖြစ်ပြီး ဗမာကွန်မြူနီတီမှ ၅၀၊ အိန္ဒိယ-မြန်မာ ကွန်မြူနီတီမှ ၈၀ ခန် ့နှင့် ကွန်မြူ နီတီ တွင် မပါ၀င်သည့် ပုဂ္ဂိုလ် များမှ ၃၅ဦးခန် ့အသီးသီး တက်ရောက် နိုင်ရန် စီစဉ်လျက်ရှိသည်။
“ကျတော်တို ့ မြန်မာဒုက္ခသည်များမှ လူဦးရေ ၈၀၀ ခန် ့တက်ရောက်နိုင်ဖို ့စီစဉ်တာပါ။ တခြား ဧည့်သည်တွေနဲ ့ဆိုရင် ဦးရေ ၁၀၀၀ ခန် ့ရှိဖို ့စီစဉ်တယ်” ဟုအစီအစဉ်တွင် ပါ၀င်သူ ကိုဆလောင်း ကပြောသည်။
ချင်းဒုက္ခသည် ရ၀၀ ခန် ့တက်ရောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ချင်းခရစ်ယာန် ဘုရားကျောင်း တာဝန်ရှိ သူများကို တဆင့်တာဝန်ပေးပြီး ၄င်းတို ့မှ အသေးစိပ် လုပ်ဆောင်နေ သည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ ့ဆုံပွဲတွင် တက်ရောက်မည့်သူများ၏ နာမည်၊ ဒေလီရှိ ကမ္ဘာ ့ကုလသမဂ္ဂ မဟာမင်းကြီးရုံးကနေ ထုတ်ပေးထားသည့် နံပါတ်နှင့် လက်ရှိ နေထိုင်သည့် နေရပ် လိပ်စာ အပြည့်အစုံကို သက်ဆိုင်ရာများက ပြုစုခဲ့ သည်။
“ကျတော်တို ့ ဒီမိုကရေစီကို လိုလားတယ်ဆိုတော့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို တွေ ့ချင် တယ်။ သူမပြောတာကို နားထောင်ချင်တယ်၊ ကျတော်တို့ အရေးလည်း တင်ပြချင်တယ်” ဟုချင်းခရစ်ယာန် သင်းအုပ်ဆရာ တဦးကဆိုသည်။
တဆက်တည်း ဒေါ်စုသည် Oxford University တွင် တစ်နာရီခန် ့ မြန်မာဒုက္ခသည်များနှင့်တွေ ့ ဆုံအပြီး သူကိုယ်တိုင် တည်ထောင်ထားသည့် Prospect Burma ကျောင်းရှိကျောင်းသား၊ သူများ နှင့် မိနစ် ၂၀ ခန် ့တွေ ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၇ ရက်နေ ့ တွင် နယူးဒေလီမြို ့ကနေထွက်ခွာပြီး ၁၈ ရက်နေ ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။