ချင်းရိုးရာကောက်သီးစားပွဲတော်သို့ CNF ခေါင်းဆောင်များအား ဖိတ်ကြား

ချင်းရိုးရာကောက်သီးစားပွဲတော်သို့ CNF ခေါင်းဆောင်များအား ဖိတ်ကြား
by -
ခိုနူမ်းထုန်

မကွေးတိုင်းကလေးခရိုင် ကြာအင်းရွာတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ အကြား  ကျင်းပမည့် ချင်းရိုးရာ ကောက်သီးစားပွဲသို့ CNF ခေါင်းဆောင်များအား ဖိတ်ကြားထားသည်ဟု သိရသည်။

အဆိုပါ ပွဲတော်ကို ကလေး – ကဘော် ဒေသနေ ချင်းလူမျိုးများက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၀ ရွေး ကောက်ပွဲကာလက ပါ၀င်ယှဉ်ပြိုင် ခဲ့သူ တသီး ပုဂ္ဂလ ကိုယ်စားလှယ်  Pu Enoch  ဦးဆောင်သည့် ချင်း ( Lai) စုစည်း ရေးအသင်းခေါ် Laimi Funtomnak Bu (LFB) မှ ကမကထပြုခြင်းဖြစ်သည်ဟု သိရသည်။

“လက်ရှိ ဗမာပြည်ရောက်နေတဲ့ ဒေါက်တာလျန်မှုန်ဆာခေါင်း၊ ထန်တလန် စီအဲန်အက်(ဖ်) ဆက်ဆံရေးရုံး တာဝန်ခံ ပူး အိပ်ချ်စီ ရာလ်နှင်း၊ ဒေါက် တာရွှေခါးတို့ကို ဖိတ်ကြားထားပါတယ်”  ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

ပွဲတော်သို့ ပတ်ဝန်းကျင်ကျေးရွာများမှ ချင်းလူထုများလည်း ပါ၀င်ဆင်နွဲကြမည်ဖြစ်ပြီး ချင်းရိုးရာ အက၊ ရိုးရာ သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ရန်ရှိပြီး ချင်းရိုးရာ နပမ်းသတ်ပွဲနှင့် ဘော်လုံးပြိုင်ပွဲ ကျင်းပရန်ရှိကြောင်းနှင့် ကျေးရွာအလိုက် ဘော်လုံး အသင်း ၁၂ သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျတော်တို့ ကလေး- ကဘော်ဒေသနေ ချင်းတွေဟာ ယခင်က ချင်းအမျိုးသားနေ့ကိုပဲ ကျင်းပလေ့ရှိတယ်၊ ယခုနှစ် မှပဲ  ချင်းဘိုးဘွားစဉ်ဆက် ကျင်းပလာတဲ့ Tho ခေါ် ကောက်သီးစားပွဲကို စတင်ကျင်းပမှာဖြစ်တယ်၊ ချင်းချစ်ကြည် ရင်းနှီးမှုကို အဓိက ရည်ရွယ်ထားတာပါ”  ဟု လည်း ဆိုသည်။

Lai စုစည်းရေး အသင်းခေါ် LFB ၏ ရည်ရွယ်ချက်မှာ ကလေးကဘော်ဒေသရှိ ချင်းလူမျိုးများ စည်းလုံးညီ ညွတ်ရေးနှင့် လူမျိုးခြားများနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေး၊ လူမှုရေးလုပ်ငန်း ဖက်စုံ တိုးတက်ရေး၊ ကိုယ်ကျင့်တရား လှပကောင်းမွန်ရေး၊ အဖွဲ့အတွင်း စည်းလုံးညီ ညွတ်မှု ဖွံ့ဖြိုးခိုင်မာစေရေး၊ ဒေသငြိမ်းချမ်း ရေး၊ သာရေးနာရေး ကိစ္စမျေား ဆာင်ရွက်ရေးတို့ဖြစ်သည်။

နိုင်ငံတကာရောက် ချင်းလူမျိုးများကလည်း မိမိတို့ ရောက်ရှိသည့် နိုင်ငံ အလိုက် ချင်းကောက်သီးစားပွဲကို သက်ဆိုင်ရာဒေသ ထုံးစံမပျက် ကျင်းပကြမည် ဟုလည်း သိရသည်။

Most read this week