လက်ရှိအစိုးရသစ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဆမီးမြို့နယ်(ခွဲ)တိုးချဲ့မှုနှင့် ပါတ်သက်ပြီး ပင်မ ပလက်ဝ မြို့ နယ်နှင့် နယ်နိမိတ်သစ် ခွဲဝေသတ်မှတ်မှုအပေါ် ၂၀၁၂ ခုနှစ် ဇူလိုင် (၉) ရက်နေ့စွဲပါဒေသခံများ ၏ ကန့်ကွက်လွှာ ပစ်ပယ်ခံရသည်ဟု သိရသည်။
ချင်းပြည်နယ်ပလက်ဝမြို့နယ်သည် ၃၁၇၆ စတုရန်းမိုင် ကျယ်ဝန်းပြီး ယခုနယ်နိမိတ်ဖွဲ့စည်းရာတွင် ဆမီးမြို့ နယ်သစ်သည် ၁၆၂၇ စတုရန်းမိုင်ကျယ် ၀န်းမှာဖြစ်ပြီး ပင်မ ပလက်ဝမြို့နယ်သည် ၁၅၀၀ စတုရန်းမိုင် ကျယ်ဝန်းမှာဖြစ်သဖြင့် ဒေသခံ များက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
ဆမီးမြို့နယ်ခွဲသစ်ဖွဲ့စည်းရေးကို ပလက်ဝမြို့နယ်အမှတ် (၁၂) မဲဆန္ဒနယ်၊ ယူအက်စ်ဒီပီ ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဆလိုင်းခွဲယန် မှ ချင်းပြည်နယ်အစိုးရ မှ တဆင့် တင်ပြပြီး ပြည်ထောင်စုအစိုးရက တိုးချဲ့လိုက်ခြင်းဖြစ် သည်။
ဆလိုင်းခွဲယန်၏ ဆမီးမြို့နယ် ( ခွဲ) တိုးချဲ့ရေး အမှုတွဲ ပယ်ဖျက်ပေးရန် ဒေသခံ မဲဆန္ဒရှင် ၂၂၅၄ ဦးမှ ကန့်ကွက် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မထံ ပေးပို့ခဲ့ကြသည်။
ဆလိုင်းခွဲယန်သည် ဆမီးမြို့နယ်ခွဲသစ် ရရှိရေးနှင့် ပါတ်သက်ပြီး မိမိသည် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည်းဆည်းပေး တာဖြစ်ကြောင်း ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၄) အတိုင်းဆောင်ရွက်ခြင်းဖြစ် ကြောင်း ခူမီးမီဒီယာ အင်တာ ဗျူးတွင်ပြောသွားခဲ့သည်။
“ ယင်းကိစ္စနှင့် ပါတ်သက်ပြီးမကန့်ကွက်လိုပါ၊ နယ်မြေ ခွဲဝေသတ်မှတ်ရေးကို ကန့်ကွက်နေတာပါ၊ ကျတော်တို့ ပလက် ၀နယ် လေးမြို့ဒေသဟာ ဆမီးမြို့နယ်ထဲပါသွားတာတောင် မသိလိုက်ဘူး၊ ဒါ ဒေသခံတွေနှင့် အရင် ညှိနှိုင်း သင့်တယ်” ဟု ဒေသခံ တဦးက ပြောသည်။
ဆက်လက်ပြီး ယခု စစ်အစိုးရလက်ထက်ကတည်းက ဆမီးမြို့နယ်ခွဲရရှိရေး အမှုတွဲကို အကောင်အထည် ဖော်ခြင်းဖြစ် သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောကြောင်း အင်တာဗျူးတွင်ဆက်လက် ဖော်ပြထားသည်။
“ လက်ရှိအစိုးရက ဒီမိုကရေစီကျင့်စဉ်ကို လေးစားယင် စစ်အစိုးရရဲ့ အမှုတွဲဟောင်းထက် လူထု ဆန္ဒကို အလေးထားသင့် တာပေါ့” ဟု ဒေသခံတွေ က ပြောကြသည်။
အစိုးရသည် ဒေသခံများ ကန့်ကွက်နေသည့် ကြားက ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ဆမီးမြို့နယ်ခွဲ သစ်ကို တရား ၀င်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။