ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ယခုလ ၁၂ ရက်နေ့က ချင်းပြည်သူလူထုဖက်စုံ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။
အလုပ်ရုံဆွေးနွေးပွဲကို မြို့တော် ခန်းမတွင် ကျင်းပခဲ့ကြပြီး လူထုအသင်းအဖွဲ့များ၊ ဆေးခန်းပိုင်ရှင်များ၊ ဆေးဆိုင် ပိုင်ရှင်များ၊ အစိုးရ ဌာနဆိုင်ရာအရာရှိများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ် များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ကြကြောင်း သိရ သည်။
“ ယခုလိုမျိုးကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်ဆက် ပြုလုပ်သင့်ပါတယ်၊ အင်မတန်မှ အကျိုးရှိပါတယ်” ဟု တက်ရောက်သူတဦးက ပြောသည်။
အစီအစဉ်တွင် အထူးသဖြင့် ဟားခါးမြို့ပေါ်တွင် အဖြစ်အများဆုံးရောဂါတွေကို ဖော်ထုတ် ဆွေးနွေးကြပြီး အဆိုပါ ရော ဂါများ ကာကွယ် တိုက်ဖျက််ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု သိရသည်။
ဟားခါးမြို့တွင် အဖြစ်အများဆုံးရောဂါများသည် ငှက်ဖျား၊ ဗိုက်နာ၊ သွေးတိုးရောဂါများဖြစ်ကြပြီး အဆိုပါ ရောဂါ သည် ရာသီဥတုဖောက်ပြန်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် အစားအသောက် မဆင်ခြင်မှု တို့ကြောင့် ဖြစ်ကြောင်း ဆွေးနွေးကြ သည်။
ဆရာဝန်များ အချိန်ပြည့် တာဝန်ထမ်းဆောင်ရေး၊ ဟားခါးမြို့တော်တွင် သားဖွားဆရာမ သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး၊ မြို့နယ်တိုင်းတွင် အိမ်ခြေ ၁၀၀ မှာ သားဖွား ဆရာမ တဦးကျ ထားရှိနိုင်ရေး၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများ ပြောဆို ဆက်ဆံရေးချောမွေ့စေရေးအတွက် မိမိတို့ ဒေသအလိုက် တာဝန်ချ ထားရေးတို့ကို လုပ်ငန်း စဉ်များအဖြစ် ချမှတ်ကြ ကြောင်း The Hakha post တွင် ဖော်ပြထားသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး ဗန်ကျင်က ကျေးလက်ဒေသများတွင် Mobile Clinic တိုးချဲ့ရေး တင်ပြကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များကို ချင်းပြည် နယ် ကျန်းမာရေးမှူး ဒေါက်တာ စိုးဦးက နေပြည်တော်တွင် ပြုလုပ် မည့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆက်လက် တင်ပြသွားမည်ဟု လည်း ကြားသိရသည်။