လိုင်ဗား ရေလှောင်တမံဆက်စပ်ဒေသနှင့် ဇိန်မှုတောင်အား ဘေးမဲ့တောသတ် မှတ်ရေး ကွင်းဆင်းမည်

လိုင်ဗား ရေလှောင်တမံဆက်စပ်ဒေသနှင့် ဇိန်မှုတောင်အား ဘေးမဲ့တောသတ် မှတ်ရေး ကွင်းဆင်းမည်
by -
ခိုနူမ်းထုန်

ယခင် စစ်အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်ကတည်းက ဇိန်မှုတောင်အပါအဝင် လိုင်ဗားရေလှောင် တမံ ဆက်စပ်ဒေသအား ဘေးမဲ့တောအဖြစ်သတ်မှတ်ရေးလုပ်ငန်းစဉ်ကို လက်ရှိ အစိုးရသစ်က ဆက်လက် အကောင်အထည်ဖော်မည်ဟု ကြားသိရ သည်။

ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးမြို့နယ်အကြားတည်ဆောက်ထားသည့် လိုင်ဗားရေလှောင် တမံဧရိယာ နှင့် ဇိန်မှုတောင် ဧရိယအတွင်း ဧက ၁၀၁၆၇ ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်၊ ကြေညာချက်အမှတ် ရ/၉၇ ဖြင့် ဘေးမဲ့တောအဖြစ် သတ်မှတ်ထားပြီးကြောင်း ရ ဇူလိုင်ထုတ် ကြေးမုံသတင်း စာတွင်ဖော်ပြ ထားသည်။

ယင်းအစီအစဉ် ရှိမရှိကို လက်ရှိကျင်းပနေသည့် နေပြည်တော် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) နယ်မြေ ချင်းတိုးတက်ရေးပါတီမှ  အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပူး ဇုန်လှေးထန်က မေးမြန်း ခဲ့ခြင်းဖြစ်သည်။

ပူး ဇုန်လှေးထန်မေးမြန်းချက်အရ အဆိုပါ ဒေသအတွင်း ဖလမ်း – ဟားခါး ကားလမ်း အထက်ပိုင်း သည် သဘာဝသစ် တော များ ပြုန်းတီးနေကြောင်း နှင့် သစ်တောပြုန်းတီးမှုကာကွယ်ဖို့ လို အပ်ကြောင်း သိရသည်။

“ စစ်အစိုးရလက်ထက်ကတည်းက စီမံကိန်းချမှတ်တာတွေ အခုထိ အကောင်အထည် မဖော်တော့ လည်း ဒီဒေသက အဖိုး တန်သစ်တော ထွက်ပစ္စည်းတွေ ကုန်သလောက်ဖြစ်နေပြီ” ဟု ဒေသခံ တဦးက ပြောသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က အဆိုပါ ဧရိယာသည် ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဘေးမဲ့တော အဖြစ် ပြင်ဆင်ဖွဲ့စည်းရေးအတွက် ကွင်း ဆင်းဆောင် ရွက်မည်ဟု ပြောကြားခဲ့ သည်ဟု ဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရသည် ၁၈ လတာ အုပ်ချုပ်ရေးတာဝန်ရယူကတည်းက ချင်းပြည်နယ်အတွက် ထင်သာမြင်သာရှိသော  လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေးကြောင်းလည်း ပြောကြသည်။

“ ၂၀၁၃ ခုနှစ်မှပဲ ဒေသဖွံ့ဖြိုးရေးတွေ၊ အခြားလုပ်ငန်းတွေကို  စပြီးအကောင်အ ထည်ဖော်နိုင် မှာဖြစ်တယ်” ဟု ချင်းပြည် နယ် ၀န်ကြီးအဖွဲ့က ပြောကြသည်။