သမ္မတ ဦးသိန်းစိန်အစိုးရမှ သြဂုတ်လ ၃၀ ရက်နေ့က အမည်ပျက်စာရင်း သွင်းထားတဲ့ ၁၁၄၇ ဦးအား ပယ်ဖျက်လိုက်တဲ့ အထဲက ချင်းခေါင်းဆောင် တချို့ပါ၀င်ကြောင်း သိရသည်။
ဒေါက်တာဆလိုင်းထွန်သန်း၊ ချင်းလူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင်ဆလိုင်းဘွေလျန်းမန် နှင့် ဆလိုင်း ဇာအုပ်လိန်း၊ ဆလိုင်း ဇာကျဲအိုလျန်၊ ချင်း အမျိုးသားတပ်ဦးအဓိပတိကောင်စီဝင် ပူး ထန်းနိန်းကီး တို့အား ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ချင်းလူမျိုးများဟု ယူဆရသည့် အောက်ပါပုဂ္ဂိုလ်များလည်း ပါ၀င်ကြောင်း သိရသည်။
1/ VanThawng 2/ Raymond Thawng 3/ Duh Tial
4/ Haring Tinsung 5/ Lian Sung 6/ Parsung
7/ SuiMaung 8/ Suan Khan Taung 9/ Thawngsunmang
10/ Thangliau 11/ ThaungSu 12/ Thazul Ceu
13/ Tin Mang 14/ VanThawng 15/ Vauheli Thang
ဖော်ပြပါပုဂ္ဂိုလ်များ ခံယူထားသည့် နိုင်ငံသားအမည်ကို အစိုးရက ထည့်သွင်းဖော်ပြခြင်းမရှိပေ။
ထို့အပြင် ချင်းအမျိုးသားခေါင်းဆောင်ထဲက အထင်ကရပုဂ္ဂိုလ်တချို့ကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်မှုမရှိသေးကြောင်း လည်း သိရသည်။