မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား

မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား
by -
ခိုနူမ်းထုန်

သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူမျိုးများနှင့် ချင်းလူမျိုးဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှုဖြစ်ပွားသည်ဟု သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစားသောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှုဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေ ဆုံးကာ သုံးဦး ဆေးရုံရောက်သွားကြောင်း ချင်းဘာသာ ထုတ် one star Journal တွင်လည်းဖော်ပြထားသည်။

ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါ၀င်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန်ရိုက် နှက်ခဲ့ရာမှ မလေးရှား ရိန်းကစ် ၃၀၀၀ ဖြင့် ကျေအေးခဲ့သော်လည်း ချင်းလူငယ်တွေ ကပြန်လည်တုံ့ ပြန်ခဲ့ဘူးကြောင်း၊ ထို့ကြောင့်  ယခုကဲ့ သို့ ပြန်လည်ရိုက်နှက်မှုဖြစ်ပွားပြီး  လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။

“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ုိင်းရိုက်တာပါ၊ ဗမာတွေက မဟာစား သောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံသူတွေဟာ အဆိုပါ စားသောက်ဆိုင်ဘေးနားမှာအရက်သောက် နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ုိင်းသတ်တာဖြစ် တယ်” ဟု မျက်မြင် တဦးက ပြောသည်။

အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါအရပ်တွင် ဗမာစားသောက်ဆိုင် အနည်းဆုံး ရ ဆိုင်ရှိပြီး အရက်ကို အဓိက သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star Journal တွင် ဆက်လက်ဖော်ပြထားသည်။

Most read this week