ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစားသူများက ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေသည်ဟု သိရသည်။
ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက်လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွားရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိသားစုလည်း ပြိုကွဲသွားကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာသိမ်းဆည်းခြင်းခံရပြီး နေစရာအိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသများသို့ ပြောင်းရွေ့ကြသည်။
အလားတူ အကြွေးမပေးနိုင်သည့် ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုးအနည်းအများအလိုက် ထောင်ဒါဏ် ကျခံခြင်းများလည်းရှိသည်ဟု ထပ်မံသိသည်။
လေ့လာချက်များအရ ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးတွေက ဆင်းရဲသားမိသားစုတွေရဲ့ သားသမီးတွေ သိမ်း ဆည်း သည့် အိမ်ထောင်စု ၂၅ ခန့်ရှိပြီဖြစ်ပြီး ခြိမ်းခြောက်မှုဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွပ်သူ များလည်း ရှိသည် ဟု သိရ သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကာလတွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်အတွင်း ငွေတိုးချေးစားသူ ငွေရှင် သူဌေး အနည်းငယ် ခန့်သာ ရှိသော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ယနေ့တွင် ဦးရေ (၁၀)ဆခန် ့ တိုးပွားလာခဲ့ကြောင်း ငွေရှင် တို့သည် ကျပ် ငွေ ၁၀၀လျှင် အတိုး ၂၅ ရာခိုင်နှုန်းဖြင့် ချေးငှားကြကြောင်း သိရသည်။
“အဓိက တော့ ဆင်းရဲနွမ်းပါးမှုကြောင့်ပါ၊ ပြီးတော့ ကန်ပက်လက်နယ်ဟာ ချင်းပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး၊ နေထိုင်စားသောက်ရေးက အစ အနိမ့်ကျဆုံးဒေသဖြစ်နေတော့ မဖြစ်သင့်တာတွေ ဖြစ်နေတာ” ဟု ဒေသခံ တဦးက ဆက်လက်ပြောပြသည်။