CNF နဲ့ ချင်းပြည်သူတွေ့ဆုံဆွေးနွေးရေးကော်မီတီ ဖွဲ့စည်းလိုက်ပြီ

CNF နဲ့ ချင်းပြည်သူတွေ့ဆုံဆွေးနွေးရေးကော်မီတီ ဖွဲ့စည်းလိုက်ပြီ
by -
ခိုနူမ်းထုန်

စီအဲန်အက်ဖ် ဆက်ဆံရုံးစိုက်ရာ ချင်းပြည်နယ်မတူပီမြို့တွင် စီအဲန်အက်ဖ်နဲ့ ချင်းပြည်သူတွေ့ ဆုံဆွေးနွေးမှု ဖော်ဆောင်မည့် ကော်မီတီကို ဇူလိုင် ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ သည်။

အဆိုပါ ကော်မတီဖွဲ့စည်းရေး အစည်းအဝေးကို မတူပီ မြို့ပေါ် Matu Baptist Church တွင်ပြု လုပ်ကြပြီး မြို့မိမြို့ဖ၊ လူငယ်ကိုယ်စားလှယ်၊ ဘာသာ ရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

ကော်မီတီတွင် ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်မှ ကိုယ်စားလှယ် ၃ ဦး အပါအဝင် မတူပီမြို့နယ်အတွင်းရှိ မတူ၊ မရာ ၊ ဒိုင် မျိုးနွယ်စုများမှ ကိုယ် စားလှယ်၂ ဦးစီ၊ မြို့မိမြို့ဖ၊ လူငယ်အသင်းအဖွဲ့များမှ ကော်မီတီဝင်များ စုစုပေါင်း ၂၃ ဦးဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆက်ဆံရေး လက်ထောက် တာဝန်ခံ ပူး မန်လိုင်းမှ ပြောသည်။

“ လူထုတွေ့ဆုံဆွေးနွေးရေးအတွက် ဒေသအလိုက် အခြေခံပြီးဖွဲ့စည်းတာဖြစ်ပါတယ်” ဟု ပူး မန်လိုင်းက ပြောသည်။

ထို့အပြင် မတူပီ ဆက်ဆံရေးရုံးတာဝန်ရှိများသည် မတူပီမြို့ပေါ်ရှိ ယူအက်စ်ဒီပီ၊ စီပီပီ၊ အဲန်ဒီအက်ဖ် ပါတီမှ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေး၊ လူငယ် ခေါင်းဆောင်များနှင့်လည်း လူပုဂ္ဂိုလ်အလိုက် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဆက်ဆိုသည်။

စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရ အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် (၅) တွင် ချင်းအမျိုး သား တပ်ဦး၊ တပ်မတော်သားများ သည် ပြည်တွင်းပြည်ပချင်း ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခြင်း ကို ပြုလုပ်ခွင့်ပြု ရန် သဘောတူသည်ဟု ပါရှိ သည်။

မကြာခင်အတွင်း စီအဲန်အက်ဖ် ဆက်ဆံရုံးစိုက်ရာ ထန်တလန်တွင်လည်း အဆိုပါ လူထု တွေ့ဆုံဆွေးနွေး မှု ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းဖွယ်ရှိ သည်ဟု လည်း သိရသည်။

နှစ် ၂၀ကျော် ချင်းလူမျိုးများ ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ခွင့်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိနိုင်ရေး အတွက် လက်နက်ကို်င် တိုက်ပွဲဝင်နေသည့် ချင်းအမျိုးသားတပ်ဦးသည် အစိုးရနှင့်  သဘော တူညီမှုလက်မှတ်ရေး ထိုးအပြီး ပထမအဆင့် အနေဖြင့် ပြည်တွင်းရှိ ချင်းပြည်သူလူထုနှင့် အတူ တရားဝင် လုပ်ငန်းဆောင်ရွက် နိုင်သည့် အဖွဲ ့ဖြစ်သည်။

Most read this week