ဘာသာရေးခွဲခြားမှုတိုင်ကြားချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က CAG နဲ့ ဆွေးနွေး

ဘာသာရေးခွဲခြားမှုတိုင်ကြားချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က CAG နဲ့ ဆွေးနွေး
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်အတွင်း ဘာသာရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဆောင်ရွက်နေသည့် Chin Advocacy Group ( CAG) Coordinator ဖြစ်သူ Salai M Cung နဲ့ Salai Van Bawi Lian တို့အား ချင်းပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ် သာသနာဦးစီးမှူးတို့က ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုသည် CAG က ချင်းပြည်နယ်အစိုးရမှ ဟားခါးမြို့အနီး စေတီ တည်ဆောက်ရေး ဆုံးဖြတ်ချက်၊ ဟားခါးမြို့ အနီး ရုန်းတောင်ပေါ်တွင် ခရစ်ယာန် လက်ဝါးကားတိုင် ဖျက်ဆီးမှု များ အပါအဝင် ချင်းပြည်နယ် အစိုးရ၏ ဘာသာရေးခွဲခြား ဆက်ဆံသည့် လုပ်ရပ် အပေါ် အရေး ယူပေးရန် ၂၈ မေလ ၂၀၁၂ ရက်နေ့က  သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ် တော် ဥက္ကဌ သူရရွှေမန်း နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင် တို့ထံ ချင်းလူမျိုး ၁၅၂၄ ဦးမှ လက်မှတ်ရေး ထိုးသည့် တိုင်ကြားချက်ကို ပြန်လည် ရှင်းလင်းမှု ပြုလုပ်ခြင်း ဖြစ်သည်။

CAG တိုင်ကြားစာအပေါ် ၀န်ကြီးချုပ်မေးမြန်းချက်ကို  CAG coordinator ဆလိုင်း M Cung က ချင်းပြည်နယ်မှာ ဘာသာ ရေးခွဲခြားမှု ရှိနေတာ ကာလကြာပြီဖြစ်ကြောင်း အဲဒါတွေ ပပျောက်ဖို့ ရည်ရွယ်ကြောင်းဖြေကြားပြီး ၀န်ကြီးချုပ်က  ဟားခါး မြို့အနီး စေတီ တည်မည့် ကိစ္စ ပြည်နယ် လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်ဟာ ပြည်နယ်အစိုးရက လုပ်တာ မဟုတ်ကြောင်း၊ ဗုဒ္ဒဘာသာဝင်တွေ လျှောက်ထားချက်အပေါ် ခွင့်ပြုခြင်းသာဖြစ်ကြောင်း ရှင်းလင်းသည်ဟု  ဒေသခံ တဦးက ပြန် ပြောပြသည်။

ဆက်လက်ပြီး ပြည်နယ်သာသနာရေးဦးစီးမှူးက လက်ဝါးကားတိုင်ဖြိုလှဲမှု၊ ခရစ်ယာန် သာသနာပြုတွေ ကို ကိုယ်ထိလက် ရောက်ကျူးလွန်မှုတွေဟာ အချင်းချင်းအကြား မသင့်မြတ် မှုသာဖြစ်နိုင်ကြောင်း ရှင်းလင်းခဲ့ပြီး အနာဂါတ်ခေါင်း ဆောင်ဖြစ် လာမည့် လူငယ်များ အနေဖြင့် ပြသာနာ ရင်းမြစ်ကို သေချာအဖြေရှာ စီစစ်ပြီး ဥပဒေအရ လုပ်ဆောင်သင့်ကြောင်း ဆက် ပြော သည်ဟု သိရသည်။

ခရစ်ယာန်ဘုရားကျောင်းဆောက်လုပ်ခွင့်မပြုသည့် ကိစ္စမေးမြန်းချက်ကို ဦးစီးမှူးက ခရစ်ယာန် ဘာသာရေးခေါင်း ဆောင် တွေ အားနည်းချက်သာဖြစ်ကြောင်း မိမိကိုယ်တိုင်ချင်းပြည်ပြောင်း လာတာ နှစ်လသာ ရှိသေးကြောင်း သာသနာ ရေးဦးစီး ဌာန မှတ်တမ်းမှာ ခရစ်ယာန် ဘုရားကျောင်းဆောက် လုပ်ခွင့် လျှောက်လွှာ မရှိသလောက်ဖြစ်သည့် အပြင် လျှောက်လွှာမှာ လိုအပ်သည့် အချက်အလက် များပြည့်စုံပါက ခွင့်ပြုမှာဖြစ်ကြောင်း အသေးစိပ် ကို ပြပြီး ပြန် လည်ရှင်းလင်း သည် ဟု ထပ်မံသိရ သည်။

သာသနာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ခွဲဝေရာတွင် ခရစ်ယာန်ဘာသာဝင်များ ဘတ်ဂျက် မရသည့် ကိစ္စမေးမြန်းချက်ကို ဦးစီးမှူးက ဘတ်ဂျက်ကို ခရစ်ယာန်ဘာသာကို ခွဲဝေကြောင်း ၊ ဘတ်ဂျက်နည်း တာကတကြောင်း ၊ ခရစ်ယာန် ဘာသာအသင်းအဖွဲ့များလွန်းတာကြောင့် တကြောင်း၊ ထို့အပြင် ခရစ်ယာန်ဘာသာအတွက် Myanmar Baptist Church (MBC) ကနေတဆင့်ခွဲဝေကြောင်း ပြောသည်ဟု ဆက်ဆိုသည်။

CAG ဖက်မှ MBC သည် အသင်းတော် တခုသာကိုယ်စားပြုကြောင်း မေးမြန်းချက်ကို ဦးစီးမှူးက ယင်းကိစ္စအား ခရစ်ယာန် ဘာသာခေါင်းဆောင်တွေက အသေးစိပ်သိ မှာဖြစ်ကြောင်း ရှင်းလင်းသည်ဟု သိရသည်။

ထို့အပြင် ပညာရေးသင်ရိုးမြန်မာစာတွင် ဗုဒ္ဒဘာသာအကြောင်းသာ သင်ကြားပြီးတခြား ဘာသာ အကြောင်း မပြဌာန်းသည့် ကိစ္စ မေးမြန်းဆွေးနွေးချက်ကိုမူ သင်ရိုးညွှန်းတမ်းရေးဆွဲ သည့် တာဝန်ရှိသူတွေထံ တင်ပြကြဖို့ တိုက်တွန်းသည်ဟု သိရ သည်။

ဆွေးနွေးချက်များအပေါ် ဆလိုင်း အမ်ကျုံးက ခရစ်ယာန်ခေါင်းဆောင်များအနေဖြင့် သာသ နာရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ပိုမို လေ့လာသင့်ကြောင်း၊ အသင်းအဖွဲ့ တခုတည်း ကိုသာ ဦးစားပေးတာမျိုးမဟုတ်ပဲ ခရစ်ယာန် အသင်း အဖွဲ့အားလုံးကို ချစ်ခင်လေးစားသည့် ဆက်ဆံမှူမျိုးအားဖြင့် လက်တွဲလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။

Most read this week