၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပ

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပ
by -
ခိုနူမ်းထုန်

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့ သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန််မာဒီမိုကရေစီ အင်အားစုများက ယနေ ့ကျင်းပပြုလုပ်ခဲ့ကြသည်။

Chin Student Union (CSU) ကကြီးမှူး ကျင်းပသည့် အခန်းအနားတွင် CSU အတွင်းရေးမှူး Salai June Nilian Sang က မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုက မြန်မာနိုင်ငံ ဒီမိုကရေ စီ နှင့် လူ့အခွင့်အရေး အတွက် အသက်ပေးကြသည့် ကျောင်းသားလူငယ်များကို အမြဲသတိရ ဖို  ့နှင့် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆလိုင်းတင်မောင်ဦး ကျဆုံးသည့် အထိမ်းအမှတ်ကို တရားဝင် ကျင်း ပခွင့်ပြုစေရန် ရည်ရွယ်ပြီးကျင်းပခြင်း ဖြစ်ကြောင်း အခမ်းအနားအဖွင့် မိန် ့ခွန်းတွင် ပြော ကြားခဲ့ သည်။

အခန်းအနားကို ညနေ ၁းဝဝနာရီမှစတင်ခဲ့ကြပြီး ဒေလီမြို ့တွင်နေထိုင်ကြသည့် မြန်မာဒီမိုကရေစီ အင်အားစု ၁၀၀ ခန် ့တက်ရောက်ခဲ့ကြသည်။

ယခုမြန်မာနိုင်ငံတွင် အပြောင်းအလဲများရှိလာသည့်အပေါ် ကြိုဆိုရမည်ဖြစ်ပြီး အဘယ်ကြောင့် ယခုကဲ့သို ့အပြောင်းအလဲများဖြစ်လာသည်ကိုမူ နားလည်ရန်လိုအပ်ကြောင်း၊ တချို ့သုံးသပ်သူများက သမ္မတဦးသိန်းစိန် အပေါ် ကျေးဇူးတင်နေကြောင်း၊ သို ့သော် အခုလို ဆလိုင်းတင်မောင်ဦး တို ့လို မြန်မာနိုင်ငံဒီမိုကရေစီ အရေးအတွက် အသက်ပေးသွားသည့် ပုဂ္ဂိုလ် များက အသက်ပေး သွားခဲ့သည့်အတွက် ယခုကဲ့သို ့ မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်လာကြောင်း ကိုနားလည်ဖို ့ လိုကြောင်း အခန်းအနားတွင် ဒေါက်တာတင့်ဆွေက ထောက်ပြခဲ့သည်။

မိမိတို ့ရောက်ရှိနေသည့် နိုင်ငံ၊ ဒေသအသီးသီးကနေ မိမိတို ့နိုင်ငံကောင်းစားရေးအတွက် တတ် နိုင်သည့်ဘက်ကနေ လုပ်ဆောင်ကြရန်လည်း အခန်းအနားတက်ရောက်သူ များ ကို ဒေါက်တာ တင့်ဆွေက တိုက်တွန်းခဲ့သည်။

ဆလိုင်း တင်မောင်ဦးသည် ကြိုးစင်ပေါ် တက်ခါနီး ရန်သူ ့ (စစ်အစိုးရ) ရှေ ့မှောက်တွင် “မင်းတို့ စစ် ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟုသတ္တိရှိရှိပြောကြားပြီး အသတ်ခံခဲ့သည့် ပထမဦးဆုံး ကျောင်း သားခေါင်းဆောင်တဦးဖြစ်သည်။

၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလ စစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့တွင် အင်းစိန်ထောင်တွင်  ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။