ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆရာဝန်၊ ခွဲစိတ်ကိရိယာ နှင့် အခြားသော ဆေးသုံး ပစ္စည်း ကိရိယာများ လုံလောက်မှုမရှိကြောင့် လူနာများအခက်ကြံုနေကြောင်း သိရ သည်။
”လောလောဆယ် ပြည်သူ့ဆေးရုံကြီးမှာက ဆရာဝန် ၂ ဦးပဲရှိတယ်၊ တဦးက သွားဘက် ဆရာဝန် နောက်တဦးကျတော့ မြို့နယ်ဆရာဝန်ဖြစ်ပြီး ၃ လ တစ်ကြိမ်လောက်ကို အပြောင်းအရွေ့ လုပ်နေတယ်၊ အတည်တကျမရှိဘူး” ဟု ပလက်ဝဒေသခံအမျိုးသားတဦးကပြောသည်။
ပလက်ဝပြည်သူဆေးရုံကြီးမှာ ဆရာဝန်လုံလောက်မှုမရှိသလို ခွဲစိတ်ပိုင်းဆိုင်ရာ၊ ဓာတ်မှန် ရိုက်ခြင်း၊ Ultrasound လုပ်ခြင်း စသည့်အရာများမှာလည်း ပစ္စည်းလုံလောက်မှုမရှိသောကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို ့ အဓိကသွားရောက် ဆေးကုခြင်း၊ ခွဲစိတ်ခြင်းပြု လုပ်နေကြောင်း ဒေ သခံပါစတာတဦးက ခိုနှုမ်းထုန်ကို ယခုလို ပြောသည်။
“ပလက်ဝမှာက ခွဲစိတ်ပိုင်းဆိုင်ရာ ကိရိယာတွေ မစုံတဲ့အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့ ကိုသွားပြီး ခွဲစိတ်ကြတယ်။ Ultrasound လည်း ပလက်ဝမှာမရှိတော့ ဓာတ်မှန်ရိုက်လိုရင် စစ်တွေကိုပဲသွားနေရတယ်။”
ပလက်ဝပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကိရိယာ မပြည့်စုံတာကတကြောင်း ဆရာဝန်အချိန်ပြည့် မရှိတာက တကြောင့် ဒေသခံပြည်သူများ အလွန်အခက်တွေ့နေရကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ ကျေးရွာပေါင်း ၄၀၁ ရွာရှိ သည့်အနက် ကျေးရွာပေါင်း ၅၀ ခန့်ရှိ ပြည်သူများသည် ပလက်ဝပြည်သူဆေးရုံကြီးသို ့ လာရောက် ဆေးကုသခြင်းပြုလုပ်နေကြသည်။ ပလက်ဝပြည်သူ့ဆေးရုံကြီးသည် ကုတင် ၂၅ လုံးခန့် သာဆန့် သည့်ဆေးရုံဖြစ်သည်။