မေလ ၈ – ၉ တွင် စီအဲန်အက်ဖ်နှင့် အစိုးရအကြား ပြည်ထောင်စု အဆင့် ဆွေးနွေးမည်

မေလ ၈ – ၉ တွင် စီအဲန်အက်ဖ်နှင့် အစိုးရအကြား ပြည်ထောင်စု အဆင့် ဆွေးနွေးမည်
by -
ခိုနူမ်းထုန်

ဇန္နဝါရီလ ၆ ရက်နေ့ က ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သက်သေပြုသည့် စီအဲန်အက်ဖ် နှင့် ချင်းပြည်နယ်အစိုးရတို့အကြား (၉)ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အား ဆက်လက်အကောင်အထည် ဖော်ရန် စီအဲန်အက်ဖ်နှင့် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့ ပြန်လည်ဆွေးနွေး ကြမည်ဟု သိရသည်။

chin_national_flagစီအဲန်အက်ဖ်အထွေထွေအတွင်းရေးမှူးချုပ် (၂) ဒေါက်တာရွှေခါးက “ ပြည်နယ်အဆင့် ပဏာမ သဘောတူညီ ချက်ကို ဘယ်လို ဆက်လက်အကောင် အထည်ဖော်ဆောင်မယ်၊ ဘယ်လို ဆက်လက် ထိန်းသိမ်းမယ် စတာတွေ အသေးစိပ် ဆွေး နွေးဖို့ ကျတော်တို့ ပြင်ဆင် ထားပါ တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲကို ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး စီအဲန်အက်ဖ်ဖက် မှ ဒေါက်တာရွှေခါး ဦး ဆောင်သည့် ၁၇ ဦးပါ ကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြိုတင်ပြင်ဆင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး၏ ဗဟိုအလုပ် အမှုဆောင်ကော်မီတီအစည်းအဝေးကို တပ်ဦး ၏ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း က ဦး ဆောင်ပြီး ကျင်း ပခဲ့ကြောင်း ထပ်မံသိရသည်။

ဇန္နဝါရီလ ၅- ၆ ပြည်နယ်အဆင့် သဘောတူညီချက်ထဲတွင် နှစ်ဖက် ရန်လိုတိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးရုံးနှင့် တပ်နေရာချထားရေး၊ ပြည်ထောင်စုအတွင်း စီအဲန်အက်ဖ်၊ စီအဲန်အေတို့ လက်နက်မပါ လွတ်လပ်စွာသွားလာခွင့်၊ တိုင်း ရင်းသားအရေး၊ ဒီမိုကရေစီထွန်းကားရေးကို ဆွေးနွေးရေး၊ ချင်းပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးရေး၊ ချင်းလူမှုရေး အခက် အခဲများကူညီရေး၊ စီးပွားရေးဇုံနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နှင့် ချင်းပြည်နယ်အတွင်း ဘိန်းလုပ်ငန်းများ ချေမှုန်းရေးတို့ ပါ၀င် သည်။

စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီမှု မရရှိမှီ နှင့် ရရှိပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ပြောင်းလဲသွားသည်ကို အထူးအထူးနား လည်ရန်လိုအပ်ကြောင်း ယင်းအနေအထားများကို ချင်းအမျိုးသားများ၏ အကျိုး  စီးပွားအောင်မြင်နိုင်ရေး နှင့် တန်းတူညီ မျှှမှုကို အခြေခံသည့် ရေရှည်တည်တ့ံသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်အကျိုးရှိရှိ အသုံးချနိုင်ရေး သည် အထူးအရေးကြီးကြောင်း စီအဲန်အက်ဖ်က ၂၀ ဇန္နဝါရီတွင်  တိုက်တွန်းထားသည်။

ပြည်ထောင်စုအဆင့်  စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် မေလ ၈ ရက်နေ့ မတိုင်မီ ချင်းပြည်နယ် တောင် ပိုင်း မတူပီမြို့သို့ ချင်းပြည်နယ်ဝန်ကြီးများလိုက်ပါပြီး ဒေသခံ လူကြီးများ၊ ပြည်သူ များနှင့် သွားရောက် တွေ့ဆုံကြမည်ဖြစ် သည်ဟုလည်း ထပ်မံသိရသည်။