လက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ် လျှပ်စစ်မှူးသည် အလွဲသုံးစား လုပ်ထားသည့် မီတာ ဘောက်ကြေး ယနေ့အထိ အကြွေး မကျေနိုင်သေးကြောင်း သိရသည်။
လျှပ်စစ်မှူး ဦး ရွှေကုန်းသည် ၁၉၉၉ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိ ထန်တလန်မြို့တွင် တာဝန်ကျစဉ် အစိုးရမှ ခွဲတမ်း ချပေး သော လျှပ်စစ်မီတာဘောက်များကို ကိုယ်ကျိုးအတွက် ရောင်းစားပြီး အကြွေး တင်လွန်းသောကြောင့် အခြားနေရာသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။
“ ၁၉၉၆ မှာ အပြောင်းခံရတယ်၊ ဒါပေမဲ့ သူ တာဝန်ကျစဉ် မီတာဘောက် ခ အကြွေး ချေနိုင်အောင် ဆိုပြီး ၂၀၀၇ ခုနှစ်မှာ ပြန်ပြောင်းလာတာ ယနေ့အထိပဲ၊ အကြွေးမချေနိုင်သေးဘူးလို့ ကြားတယ် ”ဟု ထန်တလန်မြို့ပေါ် မှ အလယ်တန်း ကျောင်း ဆရာ တဦးက ပြောသည်။
သတင်းများအရ လျှပ်စစ်မှူး၏ အကြွေးသည် သိန်းပေါင်း ၆၀ ခန့်ရှိမည်ဖြစ်ပြီး မည်မျှ အကြွေးချေပြီ ကိုမူ မသိရပေ၊ ထန်တလန်မြို့အတွက် တနှစ်လျှင် မီတာဘောက် အလုံး ၄၀ ခန့် အထက်က ချပေး ကြောင်း ပြောကြသည်။
၂၀၀၆ ခုနှစ်တွင် မီတာဘောက်တလုံး မှောင်ခို ပေါက်စျေး ၆ သိန်းခန့်ရှိသည်ဟု သိရသော်လည်း လျှပ်စစ်မှူး သည် မီ တာဘောက်ကို ဘယ်လောက်နဲ့ ရောင်းစား ကြောင်း အသေးစိပ် မသိရပေ။
“ ပြည်နယ်မှ အရာရှိတွေ ရောက်ရှိလာတဲ့ အချိန်မျိုးမှာသာ မီးကို ပုံမှန်ရရှိနိုင်တယ်၊ အဓိက နာတာ က ကျောင်းသား၊ ကျောင်း သူတွေပေါ့၊ အဲဒီကိစ္စ မြို့နယ် အာဏာပိုင်တွေလည်း အရေးယူလို့ မရဘူးဗျ” ဟု ဆက်ပြောသည်။
လက်ရှိထန်တလန်မြို့ပေါ်တွင် တပတ်သုံးကြိမ်ခန့်သာ လျှပ်စစ်မီးရရှိနိုင်ကြောင်း၊ လျှပ်စစ်မီးကို ၀ပ် ၅၀၀ အား လိုင်ကွာ ရေအားလျှပ်စစ်မှ သွယ်ယူခြင်းဖြစ်သည်။