Arakan Liberation Party ( ALP) နှင့် ရခိုင်ပြည်နယ်အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် ALP မှ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးကိုဒေသခံခူမီး ချင်းများနှင့် ချင်းခေါင်းဆောင်များ ကန့် ကွက်ကြသည်။
“ ချင်းအဖွဲ့ဆိုယင် လက်ခံတယ်၊ ရခိုင်အဖွဲ့ကိုတော့ လိုလားနိုင်စရာအကြောင်း မရှိဘူး၊ သူတို့နယ် မြေလည်း မဟုတ်ဘူး ဗျ၊ ပလက်ဝမှာ ရုံးဖွင့်ဖို့ဆိုယင် ချင်းပြည်နယ်အစိုးရကိုတော့ ညှိနှိုင်းသင့်တယ်” ဟု ပလက်ဝ မြို့ပေါ်မှ ချင်းလူမျိုး အစိုးရဝန် ထမ်း မြို့နယ်အဆင့် အရာရှိ တဦးက ပြောသည်။
ဧပြီလ ပထမပတ်အတွင်း ရခိုင်ပြည်နယ် အစိုးရနှင့် ALP တို့နှစ်ဖက် ငြိမ်းချမ်းရေး အဖွဲ့သဘောတူ ညီချက် တွင် ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့များတွင် ဆက်ဆံရေးရုံးဖွင့် လှစ်ရန် သဘော တူထားကြသည်။
“ ကျတော် ALP အဝင်အထွက်ရှိတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးပါ၊ ဒီကိစ္စက ပြည်သူတွေ ဆန္ဒကို ယူသင့် တယ်၊ ရခိုင်မှ မ ဟုတ်ပါ၊ ကိုယ့်ပြည်နယ်မှာ တခြားလူမျိုးစု လက်နက်ကိုင်တွေရှိတာ မကြိုက် ဘူး၊ အနည်းဆုံး ခူမီး ပြည်သူတွေ သဘော ထား ယူသင့်တယ်” ဟု ပြော သည်။
အစိုးရနှင့် Chin National Front ( CNF) တို့ ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးသည့်အခါ ပလက်ဝ တွင် ALP ဆက်သွယ် ရေးရုံးဖွင့်လှစ်ခြင်းကို အေဂျင်ဒါ တခုအဖြစ် တင်သွင်းဆွေးနွေးပြီး ပြန်လည် ရုတ်သိမ်းပေးခြင်းမရှိပါက CNF အနေဖြင့် အစိုး ရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကြိုးပမ်းမှု အားလုံး ကို ရုတ်သိမ်းရန် ပြည်တွင်းပြည်ပ ချင်းပြည်သူများက Chin Groups mail များတွင် ရေးသားဖော်ပြကြ သည်။
Chin National Party ရဲ့ အထွေထွေအတွင်းရေးမှူး Salai Ceu Bik Thawng က ယခုလို ပြောသွား ပါတယ်။
“ ဦးလှမောင်တင်က သူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကတည်းက ချင်းပြည်နယ် အစိုးရ ကိုတောင် အသိ မပေးပဲ ပလက်ဝကို တက်ခဲ့တယ်၊ အဲဒီကတည်းက ကျတော်တို့ သံသယ ရှိခဲ့ပြီးသား ပါ။ CNP ၏ သဘောထားကို ပါတီကိုယ်စား ပြောမယ်၊ CEC မှာလည်း အကြေအလည် ဆွေးနွေးရမှာ ပါ။ ပထမ အချက်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရက ALP ကို ပလက်ဝမြို့မှာ ဆက်သွယ်ရေး ရုံးထားရှိခွင့် ပေးတယ် ဆိုကတည်းက ဒါ Something wrong ဖြစ်နေပြီ၊ ပ လက်ဝ က သူတို့ အစုုိးရ အုပ်ချုပ်ရေး နယ်မြေ မဟုတ်ဘူး၊ တကယ်လို့ ALP အနေနဲ့ ဒီနေရာမှာမှ အခြေချချင်သပဆိုရင် ချင်း ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရကို တောင်းရမှာဖြစ်တယ်။ ”
“ ဒုတိယအချက်က လူထုအတွင်းနားလည်မှုအရင်မယူပဲနဲ့ ဒီလိုလုပ်တာ မလိုလားအပ်တဲ့ လူမျိုးရေး clash ရှိမှာစိုးရိမ်မိ တယ်။ ဒါ တကယ့် Sensitive ပဲ၊ လူမျိုးရေးပါ ထိခိုက်နိင်တဲ့ကိစ္စဖြစ်လို့ ဒီမိုကရေစီ အတွက်၊ Federal အတွက် ဆိုတာ လောက်နဲ ့ မပြီးဘူး”
ထို့အပြင် Chin Progressive Party ဥက္ကဌ၊ စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာ နိုးထန်ကပ်က “ ဒီ ကိစ္စသာအကောင်အထည်ဖော်လာယင် ကျတော်တို့ လိုချင်မှာ မဟုတ်ဘူး၊ သူတို့ က ဒီ ပလက်ဝနယ်ကို ကျတော်တို့ နယ်မြေလို့ ပြောနေတာ၊ ဘာပဲဖြစ်ဖြစ် ကျတော် ရခိုင်ပြည်နယ် အစိုးရနဲ့ Rakhine National Development Party ခေါင်း ဆောင်တွေကို ပြောမယ်” ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရနှင့် စီအဲန်အက်ဖ် တို့အကြား ဇန်နဝါရီလ ပထမပတ်အတွင်း ငြိမ်းချမ်းရေးတွေ့ ဆုံ ဆွေးနွေးချက်အရ ပလက်ဝမြို့နယ်အတွင်း ချင်းအမျိုးသားတပ်မတော်စခန်းချမည်ဟု ပြောပြောချင်း ရခိုင်ပြည်နယ် စစ်တွေ လက်အောက် ခံ အစိုးရစစ်တပ်ကစခန်းချထားသည်။