အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှု မင်းတပ်ချင်းလူငယ် အရေးဆိုမည်

အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှု မင်းတပ်ချင်းလူငယ် အရေးဆိုမည်
by -
ခိုနူမ်းထုန်

မြန်မာအစိုးရသစ်တက်လာသည့် နောက်ပိုင်းချင်းပြည်နယ်အတွင်း အတင်းအဓမ္မလုပ်အားပေး စေခိုင်း မှု လျှော့ပါး လာနေပြီဖြစ် သော်လည်း မင်းတပ်မြို့ပေါ်တွင် စည်ပင်မှူးက ရပ်ကွက်သူ ရပ်ကွက်သားများအား အတင်းအဓမ္မ လုပ် အား ပေး စေခိုင်းနေကြောင်း သိရသည်။

၂၀၁၁ နို၀င်ဘာလမှ ယနေ့အထိ ချင်းပြည်တောင်ပိုင်း မြို့နယ်စည်ပင်မှူးက ဒေသခံများအား မြို့တွင်း ကားလမ်း ပြုပြင် ခိုင်းခြင်း၊ ပျက်ကွက်သူအား ဒါဏ်ငွေ နှစ်သောင်း ဆောင်ခိုင်းခြင်းအပေါ် မင်းတပ်ချင်း လူငယ်အသင်းမှ ပြည်နယ် အစိုးရထံ အရေးဆိုမည်ဟု ကြားသိရသည်။

“စည်ပင်မှူး ဦးတင်ထွန်းက အရှေ့ပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး နိမ်နိုင်းဆီကနေ တဆင့် အပတ် စဉ် သောကြာ နဲ့ စနေနေ့တိုင်း အရှေ့ပြင်ရပ်ကွက်၊ ရဲစခန်းနားက ကားလမ်းကို ပြုပြင်ခိုင်းတယ်၊ ပျက်ကွက် သူတွေကို ဒါဏ်ငွေ ဆောင် ခိုင်းတယ်၊ မြို့စည်ပင်သာယာရေးဆိုပြီးအကြောင်းပြတယ်” ဟု လူငယ် ခေါင်း ဆောင်တဦးက ပြောသည်။

ယင်းကဲ့သို့ တပတ်အတွင်း နှစ်ရက်သည် လုပ်အားပေးနေရသောကြောင့် နေ့စား အလုပ်သမားများ အတွက် ထိခိုက်နစ် နာကြောင်း ဆက်ဆိုသည်။ မင်းတပ်မြို့ပေါ်တွင် နေ့စားလုပ်သားတဦး တနေ့ ကျပ်ငွေ ၂၀၀၀ ရရှိကြသည်။

“ကျတော်တို့ မဲပေးတဲ့ ပြည်နယ်ဝန်ကြီးတွေပဲ တိုက်ရိုက်အရေးဆိုမယ်” ဟု လူငယ်ခေါင်းဆောင်က ပြော သည်။

ယခုအစိုးရသစ်လက်ထက်တွင် ပြည်သူများသည် ပြောရေးဆိုခွင့်ပိုမိုရှိလာကြောင်း၊ ယခင် စစ်တပ်အစိုးရ သည် ၄င်းတို့ ကိုယ်တိုင် ပြည်သူအား အတင်းအဓမ္မလုပ်အားပေးစေခိုင်းနေသဖြင့် အရေးဆို မှုပြုလုပ်သော် လည်းအရာ မရောက် ကြောင်း ပြည်သူတွေပြောဆိုကြသည်။

Most read this week