တောတွင်း တဲထိုးနေထိုင်သည့် ချင်းလူမျိုးများ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ

တောတွင်း တဲထိုးနေထိုင်သည့် ချင်းလူမျိုးများ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မောင်းထုတ်ခံရ သဖြင့် တောတွင်းတွင်ခိုလှုံနေကြရသည့် ချင်းလူ မျိုးများ ကျန်းမာရေးစောင့်ရှောက်မှုများလို အပ်နေကြောင်း ချင်းဒုက္ခသည်တဦးကပြောသည်။

“ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်က လေတိုက်ပြီး မိုးသည်းထန်စွာရွာခဲ့တယ်။ အဲဒီနောက်ပိုင်း သူတို့ အကုန်လုံးနီးပါး နှာစေး ချောင်းဆိုး ဖြစ်ကုန်ကြတယ်။ အဆိုးဆုံးကတော့ ကလေးတွေ ဖျားကုန်ကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အများကြီးလိုအပ်နေပါတယ်။”

ချင်းပြည်နယ် နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်တွင် တည်ရှိသော Saikhumphai (ဆိုင်းခုံပိုင်း)  ကျေးရွာတွင် နေထိုင်သော အဆိုပါ ချင်း လူဦးရေ ရ၀ ခန့်ကို ပြီးခဲ့သည့် ဇန္နဝါရီလက  မီဇိုရမ်ပြည်နယ်၏ နိုင်ငံ သားစိစစ်ရေး ကတ် မရှိကြသောကြောင့် တရားမဝင် ခိုးဝင်လာသူများဟု သတ်မှတ်ကာ ကျေးရွာ မှ ထွက်ခွါ သွားကြရန် အာဏာပိုင်များက မောင်းထုတ်လိုက်ခြင်းဖြစ်သည်။

ယခုဆိုလျှင် ၎င်းချင်းလူမျိုးများမှာ နေစရာမရှိသည့်အတွက်ကြောင့် အိန္ဒိယ-မြန်မာ ဆိုင်းခုံပိုင်းကျေးရွာ အနီးရှိ တောတွင်းတနေရာတွင် အမိုးအကာတဲများ ဆောက်လုပ်ကာ နေထိုင်နေကြရသည်ဟု သိရသည်။

“အိပ်တာကတော့ မိသားစုလိုက် အိပ်ကြတာပေါ့၊ ဒါပေမဲ့ စားတာကြတော့ အားလုံးအတူတကွ စုစားကျ တယ်။ မိုးကာနဲ့ လုပ်တဲ့ တဲဆိုတော့ လုံလုံခြံုခြံုတော့ မရှိလှ ဘူးပေါ့ဗျာ။ လေတိုက်၊ မိုးရွာတယ်ဆိုရင် ညတောင် ကောင်းကောင်းမအိပ်ရဘူး။” ဟု ချင်းလူကြီးတဦးက ပြောသည်။

တောတွင်းတွင် ခိုအောင်းနေရသည်မှာ ၂လခန့်ရှိပြီဖြစ်ပြီး ပြောင်းရွှေ့ရမည့်နေရာမှာ မရေရာ မသေချာ ဖြစ်နေ သည်ဟု ချင်းဒုက္ခသည် ပူးထဲက ပြောသည်။

“ရှေ့ဆက်ပြီးဘာဆက်လုပ်ရမလဲဆိုတာ မပြောနိုင်သေးဘူးဗျ။ အခုလို မကြာခဏ မိုးရွာလိုက် လေတိုက် လိုက် ဖြစ်နေမယ်ဆိုရင် ရေရှည်နေဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ့်မြေကို ပြန်ဖို့ဆိုတာရယ်၊ အခြားနေရာမှာ ပြောင်းရွှေ့ဖို့ဆိုတာတွေက လက်ရှိအခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင်သေးတဲ့ အရာတခုဖြစ် ပါတယ်။”

၎င်း ချင်းဒုက္ခသည်များအား Saikhumphai မှာရှိသော NGO ဆေးခန်းတခုမှ တာဝန်ထမ်းဆောင်သူများက အခမဲ့ ဆေးလာကုပေးခြင်း၊ ဆန် ၂ အိတ်နှင့် ဟင်းသီး ဟင်းရွက်များကိုလည်း သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် လာရောက်နေထိုင်ကြသော ချင်းလူမျိုးအများစုမှာ ချင်းပြည်နယ်တွင် လုပ်ကိုင်စားသောက်ရန်အခက်အခဲများရှိသောကြောင့် မိမိနေအိမ်များကို စွန့်ခွာကာ လာရောက်နေထိုင် သူများ ဖြစ်ကြသည်။

မီဇိုရမ်ပြည်နယ်တွင် ချင်းလူဦးရေ ၁သိန်းခန့် ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

Most read this week