CNF ၏ ပထမအကြိမ် အဓိပတိကောင်စီ ထိပ်သီးအစည်းအဝေး ကျင်းပ ပြီးစီး

CNF ၏ ပထမအကြိမ် အဓိပတိကောင်စီ ထိပ်သီးအစည်းအဝေး ကျင်းပ ပြီးစီး
by -
ခိုနူမ်းထုန်

ပထမအကြိမ် ချင်းအမျိုးသားတပ်ဦး၏ ပထမဆုံးအကြိမ် အဓိပတိကောင်စီ အစည်းအဝေးကို အမေရိကန် နိုင်ငံ၊ ဝါရှင် တန်ဒီစီတွင် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ နေ့မှ ၂၄ ရက်အထိကျင်းပ ကြောင်း သိရ သည်။

အစည်းအဝေးသို့ အလှည့်ကျ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း၊ ဥက္ကဌ (၁) ပူးလျန် အုပ်၊ ဥက္ကဌ (၂) ဆလိုင်းကစ်ခိုလျန်နှင့် ဥက္ကဌ (၃) ပူး တန်နန်လျန်ထန်တို့ အပါအဝင် ကောင်စီအဖွဲ့ ၀င် စုစုပေါင်း ၁၂ ဦးတက် ရောက်ကြ ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦးနှင့် ပြည်နယ်အဆင့်အကြား ၂၀၁၂ ခု၊ ဇန်နဝါရီလ ၆ ရက်နေ့ ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်ကိစ္စနှင့် ပြည်ပအခြေစိုက် Zomi Innkuan အဖွဲ့မှ  တီးတိန်မြို့နယ် အတွင်း စီအဲန် အက်ဖ် ဆက်ဆံရေးရုံး၊ စီအဲန်အေ မထားရှိရေး ပေးပို့သည့်စာပါကိစ္စ များအပေါ် အဓိက ထားဆွေးနွေးကြကြောင်း သိရ သည်။

တီးတိန် မြို့တွင် ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စ၊ ဒေသအတွင်း စီအဲန်အေ နေရာချထားပါက ဒေသခံ များ၏ ဆန္ဒအား ဆန့်ကျင့်ပြုလုပ်မည်မဟုတ်ကြောင်းအကြောင်းကြောင်းကြောင့် စီအဲန်အေအပေါ် အမြင်မကြည် လင်မှုများအား  ကြေအေး နိုင်ရေးကြိုးပမ်းလုပ်ဆောင်သွားမည်ဟု အဓိပတိကောင်စီ ဥက္ကဌ က ၂၃ ဖေဖေါ်ဝါရီ တွင် ထုတ်ပြန်ချက်ပြုလုပ်ထားသည်။

ယင်းထုတ်ပြန်ချက်သည် ယူအက်စ် အခြေစိုက် Zomi Innkuan ဖက်မှ တာဝန်ရှိများနှင့် စီအဲန်အက်ဖ် ခေါင်းဆောင်များ ပြီးခဲ့သည့် ဇန္နဝါရီလ ၁၆ ရက်နေ့ အင်ဒီယားနားပို့လစ်စ် တွေ့ဆုံမှု ရလဒ်ဖြစ်သည်။

“ အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရနှင့် ဒုတိယအကြိမ်ငြိမ်းချမ်းရေး ဆွေးနွေးမည့် ကိစ္စ၊ အပစ်အခတ် ရပ်စဲပြီး သည့် နောက်ပိုင်း ဆက်လက်လုပ် ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အ ဆင့်ဆင့်ပါ အချက်များ ကို ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ် ” ဟု ယူအက်စ်ဆိုင်ရာ စီအဲန်အက်ဖ် ဒေသပါတီကော်မတီဝင်တဦးက ပြောသည်။

စီအဲန်အက်ဖ်နှင့် ပြည်နယ်အစိုးရ၏ ဇန္နဝါရီလ ၆ ရက်နေ့ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆက် လက်လုပ် ဆောင်ရမည့် အချက်တွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဘိန်းခင်းများ၊ဘိန်းလုပ်ငန်းများ၊ ဘိန်းကုန် ကူးခြင်းများ အမြစ်ပြုတ် တိုက်ဖျက်ရန် ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု ပါရှိ သည်။

ချင်းပြည်နယ်အတွင်း တွန်းဇံ၊ ကျီခါး၊ တီးတိန် ဒေသသည် ဘိန်းအများဆုံးထွက်ရှိသည့် ဒေသဖြစ် သည်ဟု လေ့လာ ချက်များအရ သိရသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ပြည် ထောင် စုထူ ထောင်ရေးနှင့် ဒီမိုကရေစီစနစ်ထွန်းကားရေး တို့အတွက် ၁၉၈၈ ခုနှစ်မှစပြီး ယနေ့အထိ အမျိုးသား တော်လှန်ရေးကို ဆင်နွဲနေသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပါသည်။

Most read this week