စီအဲန်အက်ဖ်နှင့်ချင်းပြည်နယ်အစိုးရ၏ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီ ချက်အရ စီအဲန်အေ စစ်သား များ တပ်စခန်း ချမည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ကုန်ပြင်ရွာတွင် အစိုးရ စစ်တပ်များ ပြီးခဲ့ သည့် ဖေဖေါ်ဝါရီလ မှ စပြီး တပ်စခန်း ချကြောင်း သိရ သည်။
နှစ်ဖက် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းအမျိုးသားတပ်မတော်သားများအား ချင်းပြည်နယ် ထန်တ လန်မြို့နယ် အတွင်း နေထိုင် ခွင့်ပြုရန်နှင့် တီးတိန်၊ ပလက်ဝ ( ယခုလက်ရှိ အစိုးရစစ်တပ် စခန်း ချနေသည့် ကုန်ပြင်အုပ်စု) များတွင် စခန်းချခွင့် ရရှိပြီးကြောင်း လက်မှတ်ထိုးအပြီး နှစ်ရက် အကြာတွင် ရထားပို့ဆောင် ရေးဝန်ကြီး သီရိပျံ ချီ ဦးအောင်မင်း မှ စီအဲန်အက်ဖ် ထံ တရားဝင် အကြောင်းကြား ထားသည် ဟု သိရ သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရခိုင်ပြည်နယ် ဘူးသီးတောင်တပ်ရင်းလက်အောက်ခံ၊ ချင်းပြည်နယ် တောင်ပိုင်း ပလက် ၀မြို့၊ ခလရ ၂၃၂ မှ ပလက်ဝမြို့နယ် ထရွန်အိုင်ရွာ တပ်စခန်းအား ဗျူဟာ အဆင့်ဖြင့် တိုးချဲ့မည်ဖြစ်သဖြင့် ယခုကဲ့သို့ စခန်း ချခြင်းဖြစ် သည်ဟု အစိုး ရစစ်တပ်နဲ့ နီးစပ်သူ တွေက ပြောကြ သည်။
“ အကြောင်းပြချက်ကတပိုင်းပေါ့၊ ကျတော်တို့ စီအဲန်အေ တပ်တွေ အဲဒီနေရာတွေမှာ လှုပ်ရှားမှု မပြုနိုင် အောင်တားဆီး တာ ဖြစ်မယ်၊ ကျတော်တို့ ဖေဖေါ်ဝါရီလ က စပြီး အဲဒီ နေရာတွေမှာ လှုပ်ရှားတော့ တရက် မကြာဘူး၊ သူတို့ချက်ချင်း ရောက်လာတယ်” ဟု ချင်းအမျိုးသား တပ်မတော်၊ အမှတ် (၃) ဗျူဟာမှူး က ပြောသည်။
အခု လက်ရှိတွင် အစိုးရစစ်တပ်သည်ကာရာမိတ်၊ ကုန်ပြင်ရွာများတွင် အင်အား ၂၀ စီဖြင့် နေရာ ချထား ကြောင်း၊ ဗျူဟာ စခန်းဖွင့် မည့်ကိစ္စကြောင့် ယခုကဲ့သို့ စခန်း ချကြခြင်း ဖြစ်ကြောင်း တပ်နဲ့ နီးစပ် သူတွေက ပြောကြသည်။
“ဗျူဟာ စခန်းအတွက်ဝါးအလုံး ၁၀၀၀ ကို တလုံး ကျပ် ၂၀၀ နှုန်းဖြင့် ခုတ်ပေးဘို့ စစ်တပ်က မှာထားကြ တယ်” ဟုကုန် ပြင် ရွာသားတဥိးက ပြောသည်။
အစိုးရ စစ်တပ်ဖက်ကစီအဲန်အက်ဖ် နဲ့ ပြည်နယ်အစိုးရအကြား ပဏာမ ငြိမ်းချမ်းရေးသဘောတူတာ သိရှိသော်လည်း အထက်အမိန့်မကျသေးကြောင်းထို့ကြောင့် နယ်မြေလုံခြုံရေးအတွက် စီအဲန်အေ အဝင်မခံ နိုင်ကြောင်း ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးများအား မှာကြားသည်ဟု ထပ်မံ သိရသည်။
ယင်း ကိစ္စနှင့် ပါတ်သက်ပြီး စီအဲန်အက်ဖ်နှင့် အစိုးရအကြား ပဏာမ ငြိမ်းချမ်းရေး လုပ်ငနး်စဉ်အပေါ် ဒေသခံပြည် သူများ အနေဖြင့် ယုံကြည်မှု လျော့ပါးလာကြောင်းလည်း သတင်းရရှိသည်။