မရာလက်နက်ကိုင်၂ ဦး လက်နက်နှင့်အတူ မီဇိုရမ်ရဲကဖမ်း

မရာလက်နက်ကိုင်၂ ဦး လက်နက်နှင့်အတူ မီဇိုရမ်ရဲကဖမ်း
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် လာကီကျေးရွာနားတွင် မရာလက် နက်ကိုင်( Mara People Army) ၀င် ၂ ဦးကို မီဇိုရမ်ရဲတွေက လက်နက်နှင့် အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဆီး လိုက် သည်ဟုသိရသည်။

ဆိုင်ဟားမြို့ Deputy SP Laicha က “သူတို့ အဲဒီနေရာမှာ ရှိတယ်ဆိုတာ ကျနော်တို့သတင်းရတာနဲ့ သွားဖမ်း လိုက်တာပါ၊ အခု အချုပ်ထဲပို့လိုက်ပြီ’’ ဟုခိုနူမ်းထုန်ကိုပြောသည်။

သူတို့နှင့်အတူ အမေရိကန်လုပ် M 16 တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၁၅၆ တောင့် နဲ့ စကားပြော စက် ၂ လုံးကို လည်း ဖမ်းမိသည်ဟု ပူး Laicha ကပြောသည်။

အင်အား ၂၀ ခန့်ရှိသော Mara People Army အဖွဲ့ကို ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်ဟုသိရပြီး၊  ချင်းပြည်နယ် ဒေသအသီးသီးတွင် နေထိုင်နေကြတဲ့ မရာမျိုးနွယ်စုများ အုပ်ချုပ်နယ်ပယ်တခု အောက်မှာ နေထိုင်နိုင် ဖို့ ရည်ရွယ် ထား ခြင်းဖြစ်သည်ဟုသိရသည်။

ယင်းအဖွဲ့သည် မီဇိုရမ်နှင့် ချင်းပြည်နယ် နယ်စပ်တွင် အခြေချလှုပ်ရှားနေကြပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် ပေါင်းမိုရွာ သားတချို့ကို ပြန် ပေးဆွဲပြီး ငွေတောင်းခံမှုများလည်းပြုလုပ်ခဲ့ခြင်း ကြောင့် ဒေသခံမရာလူထုက မလိုလားကြကြောင်း ဆိုင်ဟားတွင် နေထိုင်သော မရာဒေသ ခံတဦးကပြောသည်။

“ပြည်သူလူထုတွေကို ပြန်ပေးဆွဲတဲ့နောက်ပိုင်း သူတို့ကို ပြည်သူလူထုတွေက သိပ်မထောက်ခံတာ တို့ဖြစ် လာတယ်လေ’’ ဟုသူကပြောသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် ဗျူဟာ – ၂ မှ တပ်မှူးက မူ အခု အဖမ်းခံ သူတွေဟာ အစိုးရထံ လက်နက်ချရန် စီစဉ်နေပုံရသည် ဟု ပြောသည်။

မရာလက်နက်ကိုင်အဖွဲ့သည် မကြာသေးခင်က နှစ်ခြမ်းကွဲသွားပြီး နောက်ပိုင်း MPA မှ နှုတ်ထွက်ပြီး သူတချို့ သည်  ချင်း ပြည်နယ် ဆဘောင်းသဲတပ်စခန်းသို့ လက်နက်ချသွားကြသည် ဟုသိရပြီး ယခု အဖမ်းခံရသူနှစ် ယောက်မှာ လက်ရှိ MPA အဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။

Most read this week