ကုလားတန်ဘက်စုံစီမံကိန်းလေ့လာရန် ချင်းအမျိူးသားပါတီက ကွင်းဆင်းလေ့လာ

ကုလားတန်ဘက်စုံစီမံကိန်းလေ့လာရန် ချင်းအမျိူးသားပါတီက ကွင်းဆင်းလေ့လာ
by -
ခိုနူမ်းထုန်

အမေရိကန်ဒေါ်လာသန်း ၁၂၀ ကုန်ကျမည့် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံံကိန်းကြောင့် ဒေသခံ ပြည်သူတွေအပေါ် ဆိုး ကျိူးဖြစ်လာနိုင်မယ့် အချက်များကို လေ့လာရန် ချင်းအမျိူးသားပါတီက ဖေဖော်ဝါရီ ၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေ မြို့ကို  ထွက်ခွါသွား ကြသည်ဟုသိရသည်။

ချင်းအမျိူးသားပါတီ ဥက္ကဌ ဦးဇိုဇမ် ဦးဆောင်သော ယင်းခရီးစဉ်တွင် ဒေသခံပြည်သူလူထုများ နစ်နာနိုင် မည့် အချက်များ ကို အဓိက စုဆောင်းသွားမည်ဟု ခရီးစဉ်မှာလိုက်ပါမည့် ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်း က ပြောသည်။

“ ပြည်သူလူထုရဲ့အသံကို နားထောင်မယ်၊ သူတို့ရဲ့ခံစားချက်တွေကို ဒီကနေတဆင့် ငါတို့အော်ပေးလို့ ရတယ်၊ တကယ်လို့ နယ်မြေသိမ်းတဲ့ဟာရှိလို့ရှိရင်၊ နောက်သူတို့ရဲ့ ငါးဖမ်းတဲ့လုပ်ငန်းတွေ ပြည်သူတွေ အကျိူးစီးပွားတွက် နစ်နာမယ့်ဟာတွေ ကို စုဆောင်းမယ့်သဘောမျိူးပေါ့” သူကဆိုသည်။

ဦးဇိုဇမ်တို့သည့် ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော် နှင့် ချင်းပြည်နယ် ပလက်ဝ ၊ ရှင်းလက်ဝ အထိ သွားရောက်ကြ မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည် ဟုသိရသည်။

ကုလားတန်မြစ်စီမံကိန်းကို အိန္ဒိယ-မြန်မာအစိုးရတို့က ၂၀၀၈ ခုနှစ်ဧပြီလက သဘောတူ စာချူပ်ဆို ခဲ့ကြပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

စီမံကိန်းအရ ကုလားတန်မြစ်ကိုချဲ့ထွင်ကာ စစ်တွေမှ ပလက်ဝ ကို ပင်လယ်ကူး သင်္ဘောများဖြင့်၎င်း၊ ပလက်ဝ မှ တဆင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ဆက်သွယ်မှဖြစ် သည်။

စီမံကိန်းအကောင်ထည်ဖော်တဲ့နေရာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကားလမ်းကို Max (မြန်မာ) ကုပ္မဏီက ဖောက်လုပ်နေသည်ဟုသိရသည်။

အဆိုပါကားလမ်းဖောက်သည့်နေရာတွင် ပလက်ဝမြို့နယ် အောက်သဲမဝ ကျေးရွာ၌ ဒေသခံပြည်သူ များ၏ နေအိမ်တချိူ့ ဖျက်သိမ်းခံရမှုများ၊ ဧက ရ၀ ကျော်ရှိသော တောင်ယာစိုက်ခင်းအတွက် အဓိက အသုံး ပြုနေသော ရေလွှတ်မြောင်းကို ကားလမ်းတူးဖော်သည့် မြေစာများနှင့် ဖို့ပြီး ပြန်လည်ရှင်းလင်း ပေးခြင်းမရှိသောကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် ဒေသခံများ အခက်ကြံုနေ ကြရသည်ဟုလည်း သတင်းများဖော်ထွက်နေသည်။

ကုန်လားတန်ဘက်စုံစီမံကိန်းနဲ့ပါတ်သက်ပြီး နှစ်နိုင်ငံအစိုးရအနေဖြင့် သတင်းအမှေင်မချထားရန် နှင့် ပွင့်လင်းမြင်သာမှု ရှိရန် လုပ်ဆောင်ကြဖို့ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးရေးပါတီ (RNDP) နဲ့ ချင်းအမျိူး သားပါတီတို့က ဖေဖော်ဝါရီ ၄ ရက်နေ့ က  ပူးတွဲ ကြေငြာချက်တစ်ဆောင်ထုတ်ပြန်ခဲ့ပြီး လက်ရှိမြန်မာ အစိုးရ နဲ့ အိန္ဒိယသံရုံး ကို ပို့ခဲ့ကြသည်ဟုသိရသည်။

စီးမံကိန်းကို အိန္ဒိယ Eassar ကုပ္မဏီက တာဝန်ယူအကောင်ထည်ဖော်နေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက် ရန် လျာထားခြင်းဖြစ်သည်။