မြန်မာအစိုးရ ၀န်ကြီး ၂၀ အိန္ဒိယသို ့ လည်ပတ်ခြင်းကို ကန် ့ကွတ်သည့်အနေဖြင့် ဆန္ဒပြ

မြန်မာအစိုးရ ၀န်ကြီး ၂၀ အိန္ဒိယသို ့ လည်ပတ်ခြင်းကို ကန် ့ကွတ်သည့်အနေဖြင့် ဆန္ဒပြ
by -
ခိုနူမ်းထုန် သတင်း

သူရရွှေမန်း ဦးဆောင် သည့် မြန်မာ အစိုးရဝန်ကြီး ၂၀ ဦးတို ့သည် ၄င်းတို ့ဝန်ကြီးဌာန၏ လုပ်ငန်း ဆိုင်ရာနှင့် ပတ် သက်၍ အိန္ဒိယနိုင်ငံသို ့ ယခု ရောက် လာခြင်းအပေါ် ကန် ့ကွက် သည့်အနေ ဖြင့် နယူး ဒေလီရှိ မြန်မာဒီမိုကရေစီ အင်အားစု များက မ နေ ့ကဆန္ဒပြခဲ့ကြသည်။

SANY0038-300x225Jantamanta တွင်ပြု လုပ်သော ဆန္ဒပြပွဲကို ဒေလီရှိ မြန်မာ ဒီမိုကရေစီ အင်အားစု မှ အင်အား ၆၀ ခန် ့ ပါ၀င်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ လူအခွင့်အရေး ရရှိရေး၊ နိုင်ငံရေး အကျဉ်းသား များ လွတ် မြောက်ရေးနှင့် ပြည် တွင်းငြိမ်းချမ်း မှုတည်ဆောက်ရေး တို ့ကိုကြွေးကြော်ပြီး ချီ တက် ဆန္ဒပြခဲ့ကြသည်။

ထို ့အပြင် ၂၀၀၈ခုနှစ် စစ်တပ်က ၄င်းတို ့အာဏာတည်မြဲရေးအတွက် ရေးဆွဲထားသော ဖွဲ ့စည်းပုံကို အလိုမရှိကြောင်း၊ ၂၀၁၀ခုနှစ် ရွေးကောက်ခံပွဲတွင် နည်းမျိုးစုံဖြင့် မဲများခိုး၍ တက်လာသည့် လက်ရှိ အာဏာအစိုးရကို အလိုမရှိကြောင်းလည်း ဖေါ်ထုတ်ဆန္ဒပြခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၀ခုနှစ် မြန် မာနိုင်ငံရွေးကောက်ပွဲ ကာလ၌ မြို ့နယ် ရွေးကောက်ပွဲ ကော်မီရှင် လုပ်ခဲ့ဖူးသူ လည်းဖြင့် ယခု ဆန္ဒပြပွဲတွင် ပါ၀င်သူ ဦးသန်းအောင်က”အခုသိန်းစိန်အစိုးရဟာ တရားဝင် အစိုးရလို ့ခေါ်လို ့မရပါဘူး။ ဘာဖြစ်လို ့လည်း ဆိုတော့ အဲဒီတုန်းက ကန် ့ကွတ်မဲတွေကို မီးရှို ့ပြီ ကျတော်တို ့က မဲအသစ် လိုပြီးတော့ ထောက်ခံမဲပြန် လုပ်ပေးလို ့ပါ”ဟုပြောကြားခဲ့ပါသည်။

သူကဆက်လက်ပြီး စစ်တပ်ရဲ ့မဲများကိုလည်း တပ်မတော်သားများ၏ကိုယ်စား သက်ဆိုင်ရာတိုင်းမှူး က ၄င်း၏လက်အောက်ခံ ငယ်သားများကိုယ်စား ထောက်ခံမဲလုပ်ပေးခဲ့ကြောင်း၊ ယင်းသို ့လုပ်ဆောင် ရာတွင် မိမိကိုယ်တိုင် ၃ ရက်တိုင်တိုင်ပါ၀င် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ထို ့ကြောင့် မြန်မာနိုင်ငံ ၏ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ သည်ပြည်သူလူထုက ရွေးကောက်ခြင်း မဟုတ်ကြောင်း သူကပြောကြားခဲ့သည်။

သူက”ကျတော်ကိုယ် ရွေးကောက်ပွဲမှာ ပါ၀င်ပါတယ်။ မဲမထည့်ချင်တဲ့လူတွေကို အကုန်လုံး မဲလိမ်ပြီး မှ ရွေးကောက်ပွဲ လုပ်ရပါတယ်။ အဲဒါကြောင့် အခု လွှတ်တော်အမတ်ဆို တာတွေဟာ အလကားကောင် တွေပါ၊ သူတို ့ဟာ ပြည်သူလူထုက ရွေးထား တာ တစ်ယောက်မှမပါ ပါဘူး၊ မဲလိမ်ပြီးမှ တက်လာတဲ ့ လူတွေပါ” ဟု ဦးသန်းအောင် က ဆိုသည်။

ထို ့နောက် ဆန္ဒပြပွဲ တွင် ပါ၀င်ခဲ့သူ ဒေါက်ဇော်ဝင်းအောင်က “ကျတော်တို ့ဟာ ဒီမှာ ဒုက္ခသည်အဖြင့် နေရပေမဲ့လည်း လွတ်လွတ် လပ်လပ် ဆန္ဒထုတ်ဖေါ်ခွင့်ရှိတယ်။ အဲဒါဟာ ဒီမိုကရေစီရဲ ့ အနှစ်သာရ တခုဖြစ်ပါတယ်။ အဲတော့ ဒီလိုအနှစ်သာရမျိုးကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ရှေ ့ရှုနေ ပါပြီဆိုတဲ့ ကျ တော်တို ့နိုင်ငံမှာလည်း ဒီလို ဆန္ဒပြခွင့် လွတ်လွတ် လပ်လပ်ရဖို ့လိုအပ် ပါတယ်”ဟုပြောကြားခဲ့ သည်။

သူက မိမိတို ့ဒီမှာဆန္ဒပြရခြင်း သည် မြန်မာနိုင်ငံမှ လွှတ်တော်အမတ် များဟု ဆိုကြသောပုဂ္ဂိုလ်များ၊ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ် များသည် ယခုအိန္ဒိယ သို ့ရောက်ရှိလာကြောင်းပြောကြားခဲ့သည်။

သူက” သူတို ့ကိုပြောချင်တဲ့ အချက်ရှိပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ Corruption လို ့ခေါ်တဲ့ မဲခိုးမှု၊ မဲလိမ် မှုတွေနဲ ့ နာမည်ကြီးတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်၊ အဲဒီကတက်လာတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေရဲ ့ ဂုဏ် သိက္ခာဟာ ကိုယ့်ဟာကို မေးမြန်းဖို ့လိုတယ်လို ့ ပြောကြားလိုပါတယ်” ဟုဆို သည်။

မြန်မာနိုင်ငံ လွှတ်တော်ဥက္ကဌ ဦးသူရရွေမန်း ခေါင်းဆောင်သည့် ၀န်ကြီး ၂၀ ဦးအပါအဝင် သက်ဆိုင်ရာ အရာရှိ ၂၆ဦးတို ့သည် ၁၁ ဒီဇင်ဘာလမှ ၁၇ ရက်နေ ့အတွင်း အိန္ဒိယနိုင်ငံ၏ ၀န်ကြီးဌာန ဆိုင်ရာ လုပ်ငန်းများလေ့လာရန် ရောက်ရှိလာခြင်းဖြစ်သည်။

Most read this week