ကုလားတန်ဘက်စုံ စီမံကိန်းကြောင့် အိမ်ခြေ ၃၀ ခန့်ပြောင်းရွှေ့ခိုင်း

ကုလားတန်ဘက်စုံ စီမံကိန်းကြောင့် အိမ်ခြေ ၃၀ ခန့်ပြောင်းရွှေ့ခိုင်း
by -
ခိုနူမ်းထုန် သတင်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရမှ အကျိူးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် အတွင်း ကားလမ်း ဖောက်လုပ်ရာတွင် အိမ်ခြေ ၃၀ ခန့် ပြောင်းရွှေ့ခံရသည် ဟုသိရသည်။

မက်စ် မြန်မာကုမ္ပဏီက တာဝန်ယူဖောက်လုပ်နေသော အဆိုပါကားလမ်းဖောက်လုပ်မှုကြောင့် ပလက်ဝမြို့နယ်ရှိ အိမ်ခြေ ၁၀၀ ခန့်ရှိသော အောက်သဲမဝ ကျေးရွာမှ အိမ်ခြေ (၃၀) ခန့်ုသည် နစ်နာကြေးတစုံတရာပေးအပ်ခြင်းမရှိဘဲ ပြီးခဲ့သော နိုင်ဝင်ဘာလအတွင်းက ပြောင်းရွှေ့ ခံကြရသည်ဟု   ချင်းတိုးတက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး(၂) ဦးရှိန်းထွန်း ကပြောပါတယ်။

“ ကားလမ်းဖောက်မယ့် နေရာမှာ ရှိနေတဲ့ အိမ်တွေကို ဖယ်ပေးရတယ်၊ အခုကျနော်တို့ဆီမှာသတင်းဝင် လာတာက အိမ်ခြေ ၃၀ ကတော့ သေချာ တယ်’’ ဟု ဦးရှိန်းထွန်းကပြောသည်။

ထို့အပြင် အောက်သဲမဝ ကျေးရွာသားများ ယာခင်းအတွက် ရေသွယ်မြောင်းကိုလည်း မက်စ်မြန်မာ ကုမ္မဏီက မြေဖို့လိုက်တဲ့ အတွက် ယာမြေ ရ၅ ဧကခန့် ရေ မရတော့ယင် ဆက်လုပ်လို့ မရတော့ ကြောင်းဆက်ဆိုသည်။

ယင်းကိစ္စအတွက် အစိုးရ နှင့် မက်စ် မြန်မာကုမ္ပဏီက နစ်နာကြေးပေးရန် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဟုလည်း ဦးရှိန်းထွန်းက ယခုကဲ့သို့ ဆိုသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမည့် စနေနေ့မှာ ပါတီအတွင်းဆွေးနွေးသွားဖို့ရှိပါတယ်၊အစိုးရကနေဖြစ်ဖြစ်၊ ကုမ္ပဏီဘက်ကနေ ဖြစ်ဖြစ် နစ်နာကြေးပေးဖို့ ဥပဒေဘောင် အတွင်းကနေ ကျနော်တို့လုပ်ဆောင် သွားမှာပါ’’ ဟုသူကပြောသည်။

အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂၀ ကျော် ကုန်ကျမည့် ကုလားတန် စီမံကိန်းကို အိန္ဒိယနှင့် မြန်မာ အစိုးရတို့မှ ၂၀၀၈ ခုနှစ် ဧပြီလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြ သည်။

ယင်းစီမံကိန်းကို အိန္ဒိယနိုင်ငံ Essar ကုမ္ပဏီမှ အဓိက တာဝန်ယူဆောင်ရွက်နေပြီး လာမည့် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် အကောင်အထည်ဖေါ်ရန် စီစဉ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week