အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်မှ နာမည်ကြီး ဓမ္မအဆိုတော် Vanlalsailo နှင့် Bethsy Lalrinsangi တို့နှစ်ဦး သည် လာမည့် ဒီီဇင်ဘာလတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ သွားရောက် ဖျော်ဖြေကြမည်ဟုသိရသည်။
ရန်ကုန်(ဇို) ချင်းမျိူးနွယ်လူငယ်များအဖွဲ့(Yangon Zofa Thalai Pawl(YZTP) မှ လာမည့် ဒီဇင်ဘာ ၅ ရက်မှ ရ ရက်အထိ ပြုလုပ်မည့် Sweet December Crusade တွင် ပါ၀င်ဖျောဖြေရန် ၎င်းတို့ နှစ်ဦးကိုဖိတ်ခေါ် ထားသည်ဟုမီဇိုရမ်ပြည်နယ် နေ့စဉ်ထုတ် The Zozam Times သတင်းစာတွင်ဖေါ်ပြထားသည်။ YZTP အဖွဲ့သည် ဒီဇင်ဘာလ ရောက်ရှိလာတိုင်း ပြည်တွင်းမှ ချင်းမျိူးနွယ်အဆိုတော် များကို ဖိတ်ခေါ်ကာ Sweet December Concert ကို Fashion Show နှင့်တကွ ခမ်းခမ်းနားနားဖြင့် ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင်မူ ဘာသာရေး တရားဟောပြောပွဲအနေဖြင့် ကျင်းပကြမည်ဖြစ်ပြီး ပြည်တွင်းချင်းမျိူးနွယ် အဆိုတော် များ သာမက ချင်းမျိူးနွယ်စု ဖြစ်သော မီဇိုရမ်ပြည်နယ်မှ မီဇိုးအဆိုတော် ၂ ဦးကိုလည်း ပါ၀င်ရန် ဖိတ်ခေါ်ကြခြင်းဖြစ်သည်။
Vanlalsailo သည် ယခင်က ပြည်ပတွင်ရောက်ရှိနေကြသော ချင်းမျိူးနွယ်စုများ၏ ဖိတ်ခေါ်ချက်အရ သြစတေးလျား၊ မလေးရှား၊ အမေရိကန် နိုင်ငံ များသို့ ဘာသာရေးတရာဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အလားတူ Bethsy လည်းချင်းမျိူနွယ်စုများ၏ ဖိတ်ခေါ်ချက်အရ မလေးရှားနိုင်ငံသို့ ဓမ္မသီချင်းများဖြင့် သွားရောက်ဖျော်ဖြေခဲ့ဘူးသူဖြစ်သည်။
YZTP Sweet December Crusade ကို ရန်ကုန်မြို့ Methodist English Churchတွင်ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။