ချင်းပြည်နယ်အစိုးရ၏ လက်ရှိ အုပ်ချုပ်ရေး ယန္တရား၊ အစိုးရဌာနများ၏ နေ့စဉ်လုပ်ငန်း လည်ပတ်မှု အနေအထားကို ကြည့်ပါကယခင် နအဖ အစိုးရရဲ့ အမွေခံဒုံယင်းအစိုးရသာ ဖြစ် ကြောင်း ချင်းပြည်သူတွေ ထံမှ လေသံများနေ့စဉ် နဲ့ အမျှှကြားနေရသည်။
၀န်ကြီး (၉)နေရာဖြင့် ဖွဲ့စည်းထားသည့် ချင်းပြည်နယ်အစိုးရမှာ ယူအက်စ်ဒီပီမှ (၄) ဦး၊ စီပီပီမှ (၁) ဦး၊ စီအဲန်ပီမှ (၁)ဦး စုစုပေါင်း (၆) ဦးတို့သည် ပြည်သူ့မဲဆန္ဒဖြင့် အရွေးခံကြသည်ဟု ဆိုပါတော့၊ ကျန် (၃) ဦးသည် စစ် တပ်မှ စေလွတ် ထား သည့် ပုဂ္ဂိုလ်များသာဖြစ်သည်။ ပြည်သူ့မဲဆန္ဒဟု ဆိုရာတွင်ကြ့ံဖွံ့ ပါတီက နည်းအမျိုးမျိုးဖြင့် ရရှိသည့် မဲကိစ္စကိုမူ အား လုံးအသိမို့ အသေးစိပ် မပြောလိုတော့ပါ။
ဖလမ်းမြို့နယ်၊ ချင်းတိုးတက်ရေးပါတီမှ အရွေးခံ ပြည်နယ်ကိုယ်စားလှယ် ဦးနာ့ထန်းကမူ ” လူထုတွေက ကျနော်တို့ကို သူတို့ ကိုယ်စားလှယ်ဆို မှန်းတောင်မသိကြဘူး၊ အစိုးရဌာန ၀န်ထမ်းတွေကလည်းကျနော် တို့ကို ဂရုစိုက်တာ မဟုတ်ဘူး၊ ယခင် တပ်မတော်အစိုးရပုံစံအတိုင်းပဲ၊ စနစ်ကိုက တကယ့်ဒီမိုက ရေစီအပြောင်းအလဲ မဟုတ်သေးဘူး ” ဟုပြောခဲ့ပြီးပြီ။
ဟိုတနေ့က ဟားခါးမြို့ပေါ်က တက္ကသိုလ်ဘွဲ့ရလူငယ်များနှင့် စကားလက်ဆုံကျခဲ့ရာတွင်လက်ရှိပြည် နယ်အစိုးရနှင့် ယခင်တပ်မ တော် အစိုးရ ကာလ အတွင်း ဟားခါးမြို့ပေါ် တိုးတက်မှူ၊ ခြားနားချက်စသဖြင့် သူ့အမြင်ကို ပြောပြခဲ့သည်။
” ယခု အစိုးရလက်ထက်မှာက ပိုပြီး စည်ကားလာသလိုပဲ၊ ၀န်ကြီးကားတွေ လုံခြုံရေးစစ်ကား တွေ နဲ့ နေ့စဉ်နဲ့အမျှ မြို့ တွင်းမှာ တဝီဝီနဲ့ သွားသွားလာလာလုပ်နေတာကိုက အသစ်အဆန်းတခုပေါ့၊အပြောင်း အလဲဆိုလို့ အဲဒါပဲမြင်တယ်” ဟု ပြောပြခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ချင်းပြည်နယ်အစိုးရက ပြည်သူလူထုအပေါ် ဘာတွေလုပ်ပေးနေပြီလဲ၊ ဘာတွေလုပ်ခဲ့သလဲ ၊ နေ့စဉ် အုပ်ချုပ်ရေးယန္တရား ဘယ်လို လည်ပတ်နေသလဲ တင်ပြချင်သည်။
ယနေ့ ချင်းပြည်နယ်အစိုးရသစ်တွင် အစိုးရဌာနများအတွင်း ပြည်သူလူထုအားနည်းအမျိုးမျိုးဖြင့် ငွေ ကောက်ခံမှုများရှိနေ သည်။ ဖြတ်ပိုင်းမပါ ပဲလည်းကောင်း၊ ဖြတ်ပိုင်းရှိ ငွေပမာဏထက်ပိုမိုပြီးလည်း ကောင်း၊ အကောင်အထည်ဖော်ပေးမှုမရှိပဲ လည်းကောင်း ငွေကောက်ခံခြင်းများ ရှိနေ သည်ဟု သိရသည်။ ပိုမိုအသေးစိပ်သွားမည်ဆိုပါက-
(က) ဖြတ်ပိုင်းမပါပဲငွေကောက်ခံခြင်း
- အခွန်လွတ်ငြိမ်းခွင့်ပုံစံ (၁၇) ရယူလိုသူ များအပေါ် ကျပ်ငွေ (၂၀၀၀၀) ကောက်ခံခြင်း၊
- အခွန်ကိစ္စဆင့်ခေါ်ခံရာတွင် အမှုတွဲထိန်းခ ဆိုပြီး အနည်းဆုံး ကျပ်ငွေ ၂၀၀၀မှ အထက် လစဉ်ကောက်ခံခြင်း
- အိမ်ယာ မြေကွက်များ တိုင်းတာပေးရာတွင် အနည်းဆုံး ကျပ်ငွေ ၂၀၀၀၀ မှ အထက် အကန့်အသတ်မရှိကောက် ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့် ရရှိရေးအတွက် အကန့်အသတ်မဲ့ ကောက်ခံခြင်း
- အိုးအိမ်ဆောက်လုပ်ခွင့်လျှောက်နိုင်ရေးအတွက် အဆင့်ဆင့်သော ထောက်ခံစာများရယူရာတွင် အနည်းဆုံး သောင်းဂ ဏန်းအထက် အကန့် အသတ်မရှိ ကောက်ခံခြင်း၊
- မြေငှားစာချုပ်သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်းအတွက် အကန့်အသတ်မရှိ ကောက်ခံခြင်း၊
- အိမ်သုံးဖုန်းနှင့် လျှပ်စစ်မီးပြုပြင်ခအတွက် ကျပ်ငွေ နှစ်ထောင်မှ အထက် ကောက်ခံခြင်း
(ခ ) ဖြတ်ပိုင်းပါ ငွေပမာဏထက် ပိုမိုကောက်ခံခြင်း
- ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် ဖြတ်ပိုင်းပါ သင့်ငွေထက် ပိုမိုကောက်ခံခြင်း ( မော်တော်လိုင်စင် သက် တမ်းတိုးရာတွင် ဖြတ်ပိုင်းရှိသင့်ငွေ ကျပ်ငွေ ၁၇၀၀၊ အမှန်ကောက်ခံငွေ ကျပ်ငွေ ၁၉၀၀၀ မှ ၂၅၀၀၀၊)
- မြို့ပေါ် မြေငှားခွန်ကောက်ခံရာတွင် ပြေစာပါသင့်ငွေထက် အဆ ၃၀ ပိုမိုကောက်ခံခြင်း
- အိမ်သုံးဖုန်းများခများအတွက် ဘီလ်ပါ ကျသင့်ငွေထက် ကျပ်ငွေ ၅၀၀ ပိုမိုကောက်ခံခြင်း
- ယာဉ်လိုင်စင်လျှောက်ခွင့်မရှိသည့် ယဉ်ပိုင်ရှင်များ ငွေညှစ်ခံနေရခြင်း
မှတ်မှတ်ယယပြောလိုသည်မှာ ဟားခါးမြိ့ ကုန်းလမ်းညွန်ကြားရေးဌာန (ကညန) မှ ယဉ်လိုင်စင် လျှောက်ခွင့် ပိတ်ပင်ပြီးနောက်ပိုင်း ယာဉ်လိုင် စင်မရှိသည့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များသည် မော်တော်ပီကေများ၏ မတရားငွေညှစ်ခြင်းခံနေကြသည်။ သက်ဆိုင်ရာက ယဉ်လိုင်စင် လျှောက်ခွင့်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာ မှ စပြီး ပိတ်ပင်လိုက်သောကြောင့် ယဉ်လိုင် စင်မရှိသေးသည့် ဆိုင်ကယ် ပိုင်ရှင်များသည် မော်တော် ပီကေများ၏ စစ်ဆေးငွေညှစ်ခြင်းကို ခံနေကြကြောင်း သိရသည်။
” ယဉ်မောင်းလိုင်စင်တော့ လုပ်လို့ရပေမဲ့ ယာဉ်လိုင်စင်ကို နံပါတ် ၁၉/ယ အထိသာ လုပ်ပေးတယ်၊ ယဉ်လိုင်စင် မရှိသူ တွေကို တွေ့ယင် အနည်းဆုံး ကျပ်ငွေ နှစ်သောင်း တောင်းတယ်၊ ” ဟု မော်တော်ဆိုင် ကယ်ပိုင်ရှင် တဦးက ပြောသည်။ တချို့မော်တော်ပီကေတွေဟာ ထန်တလန်နှင့် ဖလမ်းမြို့အဝင်တွေမှာ နယ်က တက်လာတဲ့ ခရီးသည်တွေကို စောင့်ဖမ်း စစ်ဆေးပြီး ဒါဏ်ငွေဆောင်ခိုင်းလေ့ရှိကြောင်း နယ်မှ တက်လာသည့် မော်တော်ဆိုင်ကယ်များသည် အများအားဖြင့် လိုင် စင်မဲ့များသာဖြစ်သည်။
(ဂ) အကောင်အထည်ဖော်ပေးမှုမရှိသော ငွေကောက်ခံခြင်း
- သောက်သုံးရေ ရရှိဖူလုံရေးအတွက် ဆောင်ရွက်ပေးမှုမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၈၀၀၀ ကောက်ခံခြင်း
- မြို့ပေါ် လမ်းမီးပုံမှန်မပေးပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း
- အမှိုက်သိမ်းကျုံးပေးခြင်းမရှိပဲ တအိမ်လျှင် တနှစ် ကျပ်ငွေ ၃၀၀၀ ကောက်ခံခြင်း
အမှန်ဆိုယင် ချင်းပြည်နယ်အစိုးရဌာနများအတွင်း အခွန်စျေးနှုန်းသတ်မှတ်ပေးသင့်သည်။ပြည်နယ ်အစိုးရသည်သာ ပြည်သူအစိုးရ၊ ပြည်သူ့ကိုယ်စားလှယ်များဟု ခံယူပါက ဌာနဆိုင်ရာများ၏ လုပ်ရပ်ကို ကြပ်မတ်ရန်တာဝန်ရှိသည်။ ၀န်ကြီးတွေဟာ ပြည်သူလူထု၏ နေ့စဉ်နဲ့ အမျှ ကြုံတွေ့ နေ ရသည့် အခက်အခဲများကို ဖြေရှင်းပေး သင့်သည်။
ပြည်သူများ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရသည့် လူမှုဒုက္ခများအနက် အာဏာပိုင်တွေက ၄င်းတို့အပေါ် နည်းအမျိုးမျိုး ဖြင့် သွေးစုတ်နေခြင်းသည် အဓိကအခန်းက ပါ၀င်ကြောင်း အစိုးရဌာနတွေရဲ့ လုပ်ရပ်က သက်သေထူနေသည်။
ထို့ကြောင့် စစ်အစိုးရ အဆက်ဆက် လူမှုဒုက္ခများကို မခံစားနိုင်တော့သော ချင်းပြည်သူများသည် ပြည်ပနိုင်ငံများသို့ ဒုက္ခ သည် ဘဝဖြင့် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်။
” ဘယ်သူက ကိုယ့်နေရပ်ကို မခင်တွယ်ပဲနေမလဲ၊ ကိုယ့်နေရပ်မှာ နေချင်ကြတာချည်းပဲ၊ စားဝတ်နေရေးကျပ် တည်းလွန်း လို့သာ ကျတော်ဒေလီကို ရောက်ရှိနေရတာ” ဟု အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်တဦးက ပြောခဲ့သည်။
သို့သော် မြန်မာအစိုုးရသစ် သမ္မတ ဦးသိန်းစိန်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြည်ပြန်ရန် ခေါ်နေပြီ် ဟူသော သတင်းသည် ချင်းပြည်သူလူထုအပေါ် ဂယက်ရိုက်နေသည်။ ဂယက်ရိုက်သည် ဆိုရာတွင် ပြည်ပရောက်ချင်းပြည် သူများ သည် သက်ဆိုင်ရာနိုင်ငံတွေက တကယ့်တကယ် ပြန်ပို့ တော့မှာလည်း စိုးရိမ်နေကြခြင်းဖြစ်သည်။
” ကျတော် ဘုရားမှာ ညတိုင်းဆုတောင်းတယ်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေး နဲ့ ဒီမိုကရေစီရရှိပြီးပါက ပြည်တွင်းက ဆွေမျိုးတွေနဲ့ အတူတူ ပြန်ဆုံပြီး အတူတကွ နေထိုင်နိုင်ရေးအတွက်ပေ့ါနော်၊ ဒါပေမဲ့ အခုအုပ်ချုပ်ရေးအခြေအနေက ပြန်ဖို့ မဖြစ်သေးဘူး” ဟု ဒေလီရောက် ချင်းဘာသာရေးလူကြီး တဦးက ပြောသည်။
ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေး
စနစ် ရောင်ခြည်သန်းနေပြီဟု ကြွေးကြော်နေသည့် ယနေ့ မြန်မာအစိုးရသစ် ဒီမိုကရေစီ သည် ပြည်သူက အစိုးမရ သော ပြည်သူအုပ်ချုပ်ရေး စနစ်သာဖြစ်နေသည်ကိုမူ အားလုံး သတိချပ်ကြမှာပါ၊